CHAPTER 12.2

244 25 0
                                    

Dawa က Ning Tang က ဈေးတစ်ခုလုံးကို၀ယ်တော့မလို ပြုမူနေတာကို မြင်သည့်အခါ
သူက သူမကို အမြန်တားလိုက်လေသည်။
" မိထွေး၊ သားတို့၀ယ်တာလောက်နေပြီ၊ အဲ့ဒါကသားတို့စားဖို့ လောက်နေပြီ။"

Ning Tang က စိတ်ပျက်လက်ပျက်နဲ့ ဈေး၀ယ်ထွက်တာကို ရပ်လိုက်လေသည်။

အိမ်ပြန်ရောက်ချိန်မှာတော့ Ning Tang က ပင်လယ်စာတွေအားလုံးကို ပေါင်းလိုက်လေသည်။
ပင်လယ်စာတွေကို ပေါင်းတာက ရိုးရှင်းတယ်
Ning Tang လို အတွေ့အကြုံနုနယ်တဲ့ လူတောင်မှ ချက်နိုင်တယ်။ သူမက Shen အိမ်က မီးဖိုကို ဘယ်လို အသုံးပြုရမလဲဆိုတာ အမြန်ရှာတွေ့သွားပြီး နာရီ၀က်တောင်မကြာဘဲ ဟင်းသုံးမျိုး ချက်လိုက်လေသည်။

ရွှံ့ဂဏန်းပေါင်း၊ ပုစွန်ပြုတ် နဲ့ မြင်းကွန်းရှပ်ပေါင်းတို့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ Ning Tang က အဲ့ဒါတွေကို အများကြီး၀ယ်လာခဲ့လို့ပဲ ဖြစ်တယ်။ ဟင်းသုံးမျိုးက စားပွဲပေါ် တည်ခင်းလိုက်သည့်အခါ အရမ်းအထင်ကြီးစရာကောင်းနေလေသည်။

ကလေးသုံးယောက်လုံးက ဗိုက်ဆာနေကြပြီ ဖြစ်သည်။ သူတို့က ဒီကျွန်းပေါ်မှာ မွေးပြီး ကြီးပျင်းလာသည့်အတွက် ပင်လယ်စာကို ဘယ်လိုစားရမလဲဆိုတာ ပြပေးဖို့ မလိုဘူးဖြစ်သည်။

Dawa က ရွှံ့ကဏန်းကို လှမ်းယူလိုက်ပြီး  လှုပ်ရှားမှု သုံးခုနဲ့ အမြန်ဖွင့်လိုက်လေသည်။

Erniu က အရိုးနဲ့အသားများသည့် မြင်းကွန်းရှပ်ကို စိုက်ကြည့်နေလေသည်။ Ning Tang က အရိုးတွေဖယ်ထုတ်ထားပြီး Erniu အရိုးစူးမှာကို စိတ်မပူနေဘူး။ ငယ်ရွယ်ပြီး လောဘကြီးသည့်
Sawa က ပုစွန်ကို ကောက်ယူပြီးတော့ အခွံမခွာဘဲနဲ့ သူ့ပါးစပ်ထဲကို ထိုးထည့်နေလေသည်။ ပုစွန်ခေါင်းကို အကြိမ်အနည်းငယ်ကိုက်မိပြီး အသားမမိဘဲ သူ့သားရည်တွေက တစ်ခုလုံးပေါ်မှာရှိနေလေသည်။ Ning Tang က ဆက်မကြည့်နိုင်ဘဲ
သူ့ရဲ့လက်လေးထဲက ပုစွန်ကို ယူလိုက်ကာ အခွံကို ခွာပေးလိုက်ပြီး သူ့ကို နီပြီးဖြူနေသည့်အသားကို ကမ်းပေးလိုက်လေသည်။ ငယ်သေးတာကလွဲရင် Sawa မှာ ကောင်းမွန်သည့်သွားတွေရှိပြီး ပုစွန်တစ်ကောင်ကို သုံးကိုက်နဲ့ စားလိုက်လေသည်။

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now