CHAPTER 15.1

199 27 1
                                    

" အရင်ကတော့ မသိဘူး၊ အခုတော့ သားသိပြီ"
Dawa က ညည်းညူလိုက်သည်။

Ning Tang က တစ်ခဏလောက် တွေးလိုက်ပြီးတော့
" ဒီလိုဆိုရင်ရော ဒီနေ့ မင်း ငါ့ကို ပန်းကန်ဆေးတာ ကူညီပေး ပြီးရင် ငါမင်းကို တရုတ်ဆီးသီး တစ်ခုပေးမယ်။ မနက်ဖြန် မင်းငါ့ကို ပန်းကန်ဆေးတာကူညီပေးရင် တရုတ်ဆီးသီး နှစ်ခုပေးမယ်။ သဘောတူလား?"

Erniu က Dawa ကိုကြည့်လိုက်ပြီး သူ့ရဲ့ အမြင်ကိုစောင့်နေလေသည်။ သူကတွန့်ဆုတ်နေပြီး သူ့ရဲ့စိတ်ကို မဆုံးဖြတ်နိုင်ဘူး ဖြစ်နေလေသည်။

ထိုအရာကို တွေ့သည့်အခါ Ning Tang က ထပ်ပြောလိုက်သည်။
" စဉ်းစားကြည့်လိုက် မင်းတို့က သုံးယောက်ရှိတယ်။ ဒီနေ့ ငါက တရုတ်ဆီးသီး သုံးခုပေးဖို့ လိုတယ်။ မနက်ဖြန်ကျရင် ငါက တရုတ်ဆီးသီး ခြောက်ခုပေးဖို့ လိုတယ်။ ဒီနေရာမှာ ငါက ရှုံးနေတာပါနော်။ ဟုတ်တယ်မလား?"

Dawa က မနက်ဖြန်မှာ စားဖို့ တရုတ်ဆီးသီး ခြောက်ခုရှိမှာကို ကြိုတွေးပြီး သဘောတူလိုက်သည်။
" ကောင်းပြီ"
Ning Tang က ပြုံးလိုက်ပြီး
" ကောင်းပြီ၊ ဒါဆိုရင် သွားပြီး စားပွဲရှင်းတော့"

Dawa က ဆူပုတ်လိုက်ပြီး ပန်းကန်တွေကိုဆေးဖို့
Erniu ကို ဆွဲခေါ်လိုက်လေသည်။ ကလေးသုံးယောက် အတူတူလုပ်သည့်အခါ ပန်းကန်အားလုံးကို
ဆေးဖို့ နာရီ၀က်တောင် မကြာလိုက်ဘူး။

သူမရဲ့စကားအတိုင်းပဲ Ning Tang က ဗီရိုပေါ်က တရုတ်ဆီးသီး တွေကို ယူချလိုက်ပြီး တစ်ယောက်တစ်ခုပေးလိုက်လေသည်။

Dawa က ချက်ချင်း တရုတ်ဆီးသီး ကို သူရဲ့ ပါးစပ်ထဲထိုးထည့်လိုက်ပြီး ချိမြိန် ရင်းနှီးတဲ့အရသာကို အလွန်အူမြူးပြီး တစ်စိမ့်စိမ့် အရသာခံနေလေသည်။

Erniu က red dates ကို လက်ထဲမှာ ကိုင်ထားပြီး တစ်ခါတည်းစားဖို့ ၀န်လေးနေလေသည်။ သူမက တရုတ်ဆီးသီး ရဲ့အသားကို သေး‌ငယ်တဲ့အကိုက်လေးတွေနဲ့ တစ်တိတိ ကိုက်ဝါးနေလေသည်၊ လုံး၀ မပျော့မသွားမချင်း မမြိုချပဲ နေလေ၏။

Sawa က သားရည် တများများကျနေပြီး တရုတ်ဆီးသီး ကို သူ့ ပါးစပ်ထဲ ထိုးထည့်လိုက်လေသည်။

ဒီ တရုတ်ဆီးသီး တွေက သူတို့ လုပ်အားနဲ့ ရလာတာဖြစ်လို့ Ning Tang အရင်က စားဖို့ပေးတာထက် ပိုချိုတယ်လို့ ကလေးတွေအားလုံးက ခံစားလိုက်ရလေသည်။ သူတို့ အားလုံးက စားဖို့ ၀န်လေးနေပြီး Dawa တောင် အကိုက်‌တိုင်းကို အရသာခံစားဖို့ အချိန်ယူနေလေသည်။

Ning Tang က သူမရဲ့ ပုံမှန် တစ်ရေးအိမ်နေကျအတိုင်း ကုလားထိုင်မှာ ပြန်မအိပ်ခင် ပျင်းရိစွာ အကြောဆန့်လိုက်ပြီး သမ်း လိုက်လေသည်။

အိမ်အလုပ်တွေကို တစ်ယောက်ယောက်က ကူညီပေးခဲ့တာကြောင့်လား ဒါမှမဟုတ် တစ်ခုခုကြောင့်လား မသိဘဲ Ning Tang က အထူးသဖြင့် သူမရဲ့ နေ့လယ်ခင်း တစ်ရေးအိပ်သည့်အချိန်မှာ အိပ်ကောင်းနေလေသည်။

ညနေခင်း မိသားစုတစ်စုလုံးက ညစာစားပြီးသည့်အချိန်မှာ Shen Lie က ပုံမှန်အတိုင်း ပန်းကန်တွေဆေးတော့မည့် အချိန် Dawa ၊ Erniu နဲ့ Sawa တို့က သူ့ဆီကို စိတ်လှုပ်ရှားစွာ ချဉ်းကပ်လာလေသည်။

Shen Lie က သူ့ရဲ့ လမ်းကြောင်းကို ရပ်လိုက်ပြီး
" ဘာဖြစ်လို့လဲ?"

Dawa က Shen Lie လက်ထဲက ပန်းကန်တွေကို တစ်ချက်ကြည့်လိုက်ပြီးတော့ သူ့ရဲ့ မျက်လုံးတွေက ကျယ်သွားပြီး‌ သူ့ကို စိတ်အားထက်သန်စွာ ကြည့်နေလေသည်။
" ဖေဖေ၊ ဖေဖေ ပန်းကန်ဆေးတာကို သားကူညီပေးလို့ရမလား?"

Erniu က သူမရဲ့ လက်တွေ ကို မြောက်လိုက်ပြီး
" သမီးလည်း ဖေဖေ ပန်းကန်ဆေးတာ ကူညီပေးချင်တယ်"

Sawa က Shen Lie ရဲ့ ခြေထောက်ကို ဖက်လိုက်ပြီး ပြောလိုက်သည်။
" သားလည်း ကူညီပေးချင်တယ်"

Shen Lie .......
" မဟုတ်ဘူး၊ ဒီနေ့ အနောက်ဘက်က နေထွက်လာတာလား?"

ရုတ်တရက် Shen Lie က စိတ်၀င်စားလာပြီး
မေးလိုက်သည်။
" ဘာကြောင့် ငါ့ကို ပန်းကန်ဆေးဖို့ ကူညီချင်နေတာလဲ?"

Dawa က ဧည့်ခန်းထဲက ဗီရိုပေါ်က တရုတ်ဆီးသီးတွေကို တောက်ပသည့် မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး ပြောလိုက်သည်။
" အဖေ သားတို့စားဖို့ တရုတ်ဆီးသီး တွေပေးမယ်ဆိုရင် သားတို့ ပန်းကန်ဆေးဖို့ ကူညီပေးမယ်"

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now