CHAPTER 11

284 26 1
                                    

Hailang ကျွန်းရဲ့ နေရောင်ခြည်က ဒဏ္ဍာရီပဲ မဟုတ်ဘူး။ တစ်နေ့ခင်းလုံး အပြင်မှာ ကုန်ဆုံးပြီးနောက် Ning Xue က ချွေးတွေစိုနေကာ သူမရဲ့ပါးတွေက နေရောင်ကြောင့် အနီရောင် ပြောင်းသွားပြီး သူမရဲ့ဆံပင်တွေက နဖူးပေါ်မှာ စိုထိုင်းပြီးကပ်နေလေကာ သူမကို ဖိုသီဖတ်သီ ပုံစံ ဖြစ်စေသည်။

နောက်ဆုံးတော့ ခြံတစ်ခြံလုံးက မြက်တွေရှင်းပြီးနောက် Ning Tang က Shen မိသားစုအိမ်ကနေ သူမရဲ့အနောက်မှာ ကလေးသုံးယောက်ကိုနောက်မြီးတန်းပြီး ထွက်လာတဲ့အချိန် သူမက အနားယူမလို့လုပ်နေတဲ့အချိန်ဖြစ်သည်။ ဒါကြောင့် သူမက Ning Tang ကို အမြန်ခေါ်လိုက်သည်။
" Ning Tang  ဘယ်ကိုသွားမလို့လဲ။"

Ning Xue က သူမဘာသာ တွေးလိုက်သည်။
Ning Tang က သူမလိုပဲ ဒီကျွန်းကို မရင်းနှီးသေးဘူး ပြီးတော့ ဂရုစိုက်သင့်တယ် လျှောက်ပတ်သွားပြီး  ဒုက္ခမဖြစ်စေဖို့ကို အထူးသဖြင့် ဒီလို နေရာမျိုးမှာ လုံခြုံရေးက တင်းကျပ်တယ်။ နောက်ဆုံးတော့ သူမနဲ့ Ning Tang က ၀မ်းကွဲတွေဖြစ်ပြီးတော့ ဒီကျွန်းပေါ်မှာ တူညီတဲ့ မိသားစုတစ်စိတ်တစ်ပိုင်းဖြစ်တယ်။

သူမက ပင်လယ်ဘက်ကို သွားနေတာလို့ အမှန်ကို ပြောချင်ခဲ့တယ် ဒါပေမယ့် Ning Xue ရဲ့ သဘောမတူသည့် အမူအရာကိုတွေ့ပြီးတော့
သူမက သူမရဲ့ ‌အဖြေကို ပြောင်းလိုက်သည်။
" ဒီတိုင်း လမ်းထွက်လျှောက်တာပါ၊ ငါမကြာခင်
ပြန်လာမှာပါ။"

အဲ့အခါကြမှ Ning Xue က စိတ်ကျေနပ်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
" ကောင်းပြီ နင် သွားဖို့မလိုအပ်တဲ့နေရာ‌တွေကို လျှောက်ပတ်မသွားနဲ့။"

Ning Xue က သန့်ရှင်းလတ်ဆတ်နေပြီး တစ်နေ့ခင်းလုံး အထဲမှာနေ‌‌ နေသည့် Ning Tang ကိုတစ်ချက်ကြည့်လိုက်သည်။ အဲ့အချိန်မှာ Ning Xue က တစ်နေ့ခင်းလုံး ခြံထဲမှာအလုပ်လုပ်နေခဲ့ပြီးချွေးဖြိုင်ဖြိုင်ကျပြီး ဖိုသီဖတ်သီပုံ ပေါ်နေသည်။

နည်းနည်းတော့ နာကြည်းသွားသလို ခံစားရပြီး
Ning Xue က မနေနိုင်ဘဲ ပြောလိုက်သည်။
" Ning Tang ၊ ငါပြောမယ် နင်တို့မိသားစု ခြံ၀င်းက အရမ်း ရှုပ်ပွနေတယ်။အပြင်ထွက်မယ့်အစား ဘာဖြစ်လို့ ငါ့လို ခြံမရှင်းတာလဲ?"

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now