Part 11

39 5 1
                                    

မာန်၏အမေမှာအမေရိကန်သူတစ်ယောက်ဖြစ်သည်။အမေရိကန်၏မျိုးနွယ်ကြီးတစ်ခုဖြစ်သည့် စမစ်(smid)မျိုးရိုးဖြစ်သည်။
နာမည်မှာတော့ ရေနာစမစ်(Rayna Smid)ဖြစ်လေသည်။ မာန်သူ၏မိခင်အားငါးဆယ်နားကပ်နေပြီဟုပြောလိုက်သော်ငြား အမှန်တော့ လွန်ခဲ့တဲ့လအနည်းငယ်ကမှ44နှစ်ပြည့်ပြီးတာဖြစ်သည်။20ကျော်ကျော်လောက်သာထင်ရလောက်အောင် ခေတ်မှီကာနုပျိုပြီး ယခုထိတိုင်တစ်သွေးတစ်မွေးနှင့်လှနေဆဲဖြစ်သည်။ထို့ကြောင့်မာန်နှင့်ယှဥ်သွားလျှင်ပင် သားအမိလို့မည်သူမှမထင် သူငယ်ချင်း သို့မဟုတ် သမီးရည်းစားလို့သာထင်ကြလေသည်။ထိုကိစ္စ
နှင့်ပြဿနာတက်ပေါင်းလဲမနည်းတော့ပြီ။အဆိုးဆုံးမှာတော့ မာန်၏အဖေဦးမာန်ဥက္ကာအား မာန်groupရဲ့ဥက္ကဋ္ဌကတော်မှာ အသစ်လေးနှင့်လန်းနေပါသည်ဟုဆိုကာ စီးပွားရေးပါတနာတစ်ဦးမှလာပြောသွားခဲ့ခြင်းဖြစ်သည်။ မာန်အား ဦးမာန်ဥက္ကာ၏သားဟုသိသူမှာ လက်တစ်ဆုပ်စာလောက်သာရှိသည်။မာန်ကိုယ်တိုင်ကလဲအေးအေးဆေးဆေးနေတတ်ပြီးအပြင်လည်းသိပ်မထွက်တတ်ပါပေ။တခြားRKများကိုမြှောက်ကြွမြှောက်ကြွနှင့် attention လည်းမရှာတတ်သူမို့ရူပကာအရ သူဋ္ဌေးသားမှန်းသိသော်လည်းမာန်group၏ သခင်လေးမှန်းသိသူမှာရှားလေသည်။

..................

ဒရာmain classပြီးကာနေ့ခင်းဘယ်အတန်းဆက်တက်မလဲဟုစဥ်းစားနေစဥ် ခွင်းမှခေါ်သောကြောင့် music classသို့ပါလာလေသည်။သို့သော်လည်းဆိုချင်တီးချင်စိတ်မရှိ ချစ်ရသူမှာမလာသောကြောင့်အနည်းငယ်မှိုင်ထွေနေလေသည်။

''ဟျောင့် music classရောက်နေတာနော် အသုဘအိမ်မဟုတ်ဘူး မျက်နှာကလင်သေသွားတဲ့ရုပ်နဲ့''

''ဖက် ဖက် ဖက် လွဲပါစေချော်ပါစေ...''

''ဟွန့်''

''ခွင်း...သီချင်းဆိုပြပါလား..''

''ဘာဆိုရမှာလဲ....အော်..သိပြီ အဟမ်း.. အဟမ်း...''

'အို...လူသား ဗုဒ္ဓမြတ်ဘုရားဟောကြားခဲ့တဲ့အနိစ္စဆိုတဲ့တရား ဒုက္ခဆိုတဲ့တရား...အို..လူ'🎼

''မင်းလင်သေမှအဲ့တာဆို ကြောင်တောင်တောင်နဲ့ဘာတေဆိုမှန်းမသိဘူး''

Tie the knot ☕🌿 (On going)Where stories live. Discover now