Part 6

108 8 0
                                    


မွန်းနွေနှင့်ခွင်း
...uni ရောက်တော့အနည်းငယ်စောနေသေးသဖြင့် classroom ထဲတွင် လူသိပ်မရှိသေးပေ။
သူတို့နှစ်ယောက်လဲ ရောက်တတ်ရာရာသာလျှောက်ပြောနေလိုက်ကြသည်။ဒီရက်တောအတွင်း အခန်းဖော်လဲတစ်ဖြစ် အတန်းဖော်လဲဖစ်သောခွင်းနှင့် မွန်းနွေအတော်ကို ရင်းနှီးနေလေပြီ။အချိန်အနဲငယ်ကြာသော...ရာဇ်ဇတို့လဲအတန်းထဲဝင်လာလေသည်။ ရာဇ်ဇမှာတော့ ဝတ္တရားတစ်ခုလို ဝင်လာထဲကခွင်းကိုစလေတော့သည်။

''Hey, puppy how do you do?''

''non of your business !''

''ဟား...ဟားး''

မင်းအကြောင်းမဟုတ်ဘူးဟု လှည့်ပြောလာသောခွင်း၏ရန်လိုပုံလေးကိုကြည့်ကာ ရာဇ်ဇတစ်ယောက်သဘောတကျ ရယ်လိုက်မိသည်။
သူ့ကို အဲ့လိုရန်လိုပီး ဘုကလန့်ပြောတတ်တာလေးကို အရေးတယူလုပ်ကာ သဘောကျနေမိသည်ကို တော့ရာဇ်ဇသူ့ကိုယ်သူပင်အံ့သြရသည်။

မာန်ကတော့ ဒရာမွန်းနွေကိုကြည့်လိုက်ပြီး ခေါင်းတစ်ချက်သာငြိမ့်ပြလိုက်ကာ နှုတ်ဆတ်သည်။ထို့နောက် မွန်းနွေ၏နောက်တွင်ဝင်ထိုင်လိုက်လေသည်။ရာဇ်ဇမှာတော့ ပြောစရာပင်မလိုအောင်ခွင်း၏အနောက်တွင်ဝင်ထိုင်လေတော့သည်။
မာန်တစ်ယောက် ဒရာမွန်းနွေ၏နောက်ကျောကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေမိသည်။တစ်ဆက်တည်း ဒရာမွန်းနွေမှာ ရုပ်တည်တည်​လေးနှင့် သူ့ကိုလှည့်ကြည့်လာလေသည်။
ထိုအကောင်ပေါက်လေးနှင့် သူနအကြည့်ချင်းဆုံလိုက်မိတဲ့အခါ သူ့အားကြည့်ကာ မျက်မှန်တစ်ချက်ပင့်တင်ပီး ခေါင်းငြိမ့်ကာအရှေ့ပြန်လှည့်သွားလေသည်။ ဘာရယ်မဟုတ် ထိုအပြုအမူလေးကြောင့် မာန်ပြုံးလိုက်မိသည်။အဲ့အကောင်ပေါက်က တစ်ခုခုကိုဖုံးကွယ်ထားမှန်း မာန်ခံစားမိပါသည်။ဒါပေမဲ့ သူ့လိုအသေးလေးက ဘာတေများလုပ်နိုင်မှာမို့လို့လဲ ဟုသာတွေးကာ စိတ်ထဲတွင်ခေါ်လိုက်သောနာမည်မှာ ဘဲရုပ်ဆိုးလေးဟုပင်။

ရှေ့မှဒရာမွန်းနွေ၏ စိတ်ထဲမှာတော့ ကဆုန်ပေါက်နေလေသည်။ ဆင်တေများအကောင်တစ်ရာလောက်ဖြတ်ပြေးနေသလိုပင် ဒုန်းဒိုင်းဒုန်းဒိုင်းနှင့် ဂနာမငြိမ်ဖြစ်နေလေသည်။ ဘယ်ဘက်ရင်အုံအတွင်းမှ အကောင်ပေါက်မှာလဲတဒုတ်ဒုတ်နှင့် ယားကျိယားကျိလဲဖစ်နေသည်။
'မောင်ကငါ့ကိုကြည့်နေတယ်.....မောင့်အကြည့်တေအခုထိရုတ်သိမ်းမသွားဘူးဆိုတာ ငါခံစား
မိနေတယ်....မောင်ဘာလို့ငါ့ကိုကြည့်နေတာပါ
လိမ့်....ငါ့ပုံစံကထူးဆန်းနေလို့လား' အတွေးတွေယောက်ယက်ခတ်ကာ တစ်ယောက်ထဲပြောနေမိသည်။
'မောင်တကယ်ကြီးငါ့ကိုကြည့်နေတာလား...ဒါမှမဟုတ်...တကယ်ကြီးငါ့ကိုကြည့်နေတာလား...မောင်ကလေ..မောင်ကလေ..'ဟုတ်သား 'မောင်'ဆိုတဲ့နာမ်စားလေးကို ငါဘယ်အချိန်ကမှန်းမသိ ရင်းနှီးနေတာပဲ... မွန်းနွေတစ်ယောက်ထဲတွေးကာရှက်လာလေသည်။ဒီလိုပါပဲ ထိုလူသားရဲ့အကြည့်တစ်ချက်ဟာ သူ့ကိုအတွေးပေါင်းစုံနဲ့ ချာချာလည်သွားစေပါတယ်။

Tie the knot ☕🌿 (On going)Where stories live. Discover now