Part 3

138 7 0
                                    

''ဟင်း...''

မှန်ထဲမှကိုယ့်ကိုကိုယ်ပြန်ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ထို့နောက်ခေါင်းကိုခါရမ်းကာ ဘောင်​ပေါ်မှဖြူစွတ်စွတ်သဘက်လေးကို ဖြူဖြူသွယ်သွယ် လက်လေးတို့ဖြင့်လှမ်းယူကာ မျက်နှာကိုသုတ်ချလိုက်သည်။

မွန်းနွေတစ်ယောက်ရေချိုးခန်းထဲမှထွက်လာ၍ အိပ်ရာပေါ်ပစ်လှဲပစ်လိုက်သည်။

..............

( Don't you know how to walk)
ထိုစကားကိုသာ ကြားယောင်နေမိရင်း အိပ်ရာပေါ်လူးလိမ့်နေမိသည်။အတန်းဆင်း၍ အခန်းထဲမှထွက်လာသောအချိန်တွင် တိုက်ခဲ့မိသောလူတစ်ယောက်။ထိုလူရဲ့အသွင်သဏ္ဍာန်မှာ မွန်းနွေကိုစွဲမက်သွားစေသည်။မော့ကြည့်မိသောအခါ အကြည့်ချင်းဆုံ၍ အဆမတန်လှုပ်ခါလာသောနှလုံးခုန်နှုန်း၏ ပြင်းအားကြောင့် ထိုနေရာမှပြေးထွက်ခဲ့ခြင်းဖြစ်သည်။ထိုသူ၏အရပ်မှာ 5'9''ရှိသောမွန်းနွေတောင်ပုခုံးမှီရုံသာ။

အလွန်တစ်ရာပင် ရူးသွပ်စေနိုင်သော အသွင်အပြင်နှင့် ထိုလူဟာပြစ်ချက်မရှိသောမင်းသားတစ်ပါးအလား။မွန်းနွေ၏စိတ်အာရုံသည် ထိုလူ့ဆီ၌ကပ်ပါသွားခဲ့ပီ။မွန်းနွေ၏နှလုံးသားကို ထိုလူဟာခိုးယူသွားခဲ့ပီ။သေချာပါသည် ထိုလူသားသည် ဒရာမွန်းနွေဆိုသောကျွန်တော့်ကို ပြုစားလိုက်​လေပီ။အကြည့်ချင်းဆုံခဲ့မိသော စက္ကန့်ပိုင်းလေးအတွင်းမှာ ထိုလူသားဟာ ကျွန်တော့်ကိုအချစ်နွယ်များနှင့်ထိန်းချုပ်ရစ်ပတ်လိုက်လေပီ။

ယောက်ကျားဆန်သည်ထက်ပိုသောသွင်ပြင်နှင့် အရပ်အမောင်းမှာအချို့အနောက်တိုင်းသားများထက်ပင်ရှည်ထွက်နေသည်။မျက်နှာကျမှာ မေးရိုးကား၍အရမ်းကြီးကားထွက်နေခြင်းမဟုတ်သူ့မျက်နှာတွင်အချိုးအစားကျ၍ perfect ဖြစ်ကာအလွန်လိုက်ဖက်နေသည်။နှာတံမှာ ဖြောင့်ဆင်းနေ၍ နှာခေါင်းထိပ်လေးချွန်နေသည်မှာ နှစ်သက်ဖွယ်အတိ။
ပိရိသေသပ်၍ မထူမပါးသောနှုတ်ခမ်းတစ်စုံမှာလည်း လူတိုင်း၏စိတ်ကူးအိပ်မက်ဖြစ်ရသည်မှာ မလွဲဧကန်။

ထူထဲနေ၍ ဆွဲဆောင်မှုအလွန်ကောင်းသောမျက်ခုံးတစ်စုံမှာလည်း တစ်စုံတစ်ခုကပံ့ပိုးထားပီး တစ်စုံတစ်ခုကိုလည်းပံ့ပိုးထားသယောင် ထင်ပေါ်လှသည်။ထိုမျက်ခုံးတစ်စုံအားပံ့ပိုးထားသည်မှာ ညာဖက်မျက်ခုံး၏အစွန်းသတ်အနဲငယ်အကွာတွင်ရှိသော မှဲ့လေးတစ်လုံးဖြစ်သည်။ထိုမှဲ့လေးမှာ သူ၏အရှင်သခင်နှင့်စကားပြောသူတိုင်းကို မှိန်းမောသွားစေပြီး သူ၏သခင်ခိုင်းစေရာကိုသာလုပ်ဟုဆွဲဆောင်နေသယောင်။ထိုမှဲ့လေးမှာထိုလူသား၏မျက်ခုံးကို ဆွဲဆောင်မှုမြှင့်တင်ပေးနေသောအဓိကအရင်းအမြစ်ဖြစ်သည်။အရာအားလုံးနှင့်အလုံးစုံခြားနားနေသည်မှာထိုသူ၏မျက်လုံးအရောင်ဖြစ်သည်ယ
တမူထူးခြား၍ ( GreyBlack ) မီးခိုးရောင် (ခဲရောင်)ဖြစ်ပြီး မီးခိုးရောင်ရှိသောမျက်ဆံ၏အလယ်တွင်အနက်ရောင်ဖောက်ထား၍ အနားများကိုလည်းအနက်ရောင်ဖြင့်ကွပ်ထားသည်မှာ အသေအချာပင်ရေးဆွဲထားသော အနုပညာလက်ရာတစ်ခုအလား။

Tie the knot ☕🌿 (On going)Wo Geschichten leben. Entdecke jetzt