''Ok...Let start the lesson''
ခွင်းတစ်ယောက်မွန်းနွေဘေးပြေးပီးဝင်ထိုင်လိုက်သည်နှင့် Teachel ကြီးဆီမှ သင်ခန်းစာစရန်အသံထွက်လာခြင်းဖြစ်သည်။
Teachelကြီးမှရှေ့တွင်စာသင်နေချိန် ခွင်းမှာမွန်းနွေအားလေသံလေးနှင့်တွတ်တွတ်ထိုး၍ပြောလေတော့သည်။
''ဟျောင့်ရေ..မင်းငါ့ကိုထိုင်ဖို့ခုံပြလို့ကျေးဇူးတော့တင်ပါရဲ့ ဒါမဲ့လေ ငါ့ကိုခေါ်ရင်ပီအောင်ခေါ်ပါလို့ အကြီးရီးကိုဂွမ်းတာပဲကျောင်းစတက်တဲ့နေ့မှာတင်ငါ့နာမည်လေးကတော့သွားပါပီကွာ...မင်းငါ့ကိုလှမ်းခေါ်တုန်းကလေ မင်းဘေးတစ်ဝိုက်ကလူတွေ ငါ့ကိုပြုံးတုံးတုံးရီးတေနဲ့
ကြည့်နေကြတာ မင်းသိလား''''အာ sorryကွာ..ငါကမင်းအဆူခံရမှာစိုးလို့ ခပ်မြန်မြန်လှမ်းခေါ်လိုက်တာ..အဲ့လိုဖြစ်သွားတာပဲ..အဟီး''
'အဟီး'ဟုဆိုကာမျက်နှာချိုသွေး၍ပြောလိုက်သူကိုကြည့်ကာ
''ကျေးဇူး မွန်းနွေ''
ကျေးဇူးမွန်းနွေဟု အပြုံးတောင့်တောင့်ရီးနှင့်ပြောလာသော ခွင်းအားကြည့်၍ မွန်းနွေကြောင်အနေစဥ်...
''If you two are not interested in my teaching, leave the room right now!!''
(အကယ်၍မင်းတို့နှစ်ယောက် ငါ့စာသင်ချိန်မာစိတ်မဝင်စားဖူးဆိုရင် အခန်းထဲကခုချက်ချင်းထွက်သွားကြ!!)Teachelကြီးမှာသူတို့အားကြည့်ကာပြောလာသောကြောင့် တစ်ခန်းလုံးမှ မျက်လုံးအစုံတိုင်းသည် သူတို့ရှိရာခုံတွင်သာ။မွန်းနွေမှာခေါင်းကိုအောက်ငုံ့၍ မျက်လုံးအားဖိမှိတ်ထားလိုက်မိသည်။ ပေါင်ပေါ်မှလက်သည်လည်းဘောင်းဘီအားခပ်ကျစ်ကျစ်ဆုပ်ကိုင်ကာ ကိုယ်မှာလည်းခပ်မတ်မတ်ပင်ထိုင်နေမိသည်။
မွန်းနွေရှက်ပါသည်။သူ့ဘဝမှာစာသင်ခန်းထဲတွင်ထိုကဲ့သို့မည်သောအခါမှာမှ အပြောမခံခဲ့ရဖူးပေ။မွန်းနွေခေါင်းအနဲငယ်စောင်းကာမျက်စိထောင့်မှဘေးက ငနဲကိုကြည့်လိုက်သောအခါ
ဒူးမနာသားလေးမှာတော့ခပ်တည်တည်
ပင်,Teachelကြီးအား မျက်လုံးအဝိုင်းသားနှင့်ကြည့်နေလေသည်။''Do you hear me?''
(ငါပြောနေတာကြားလား)'ဒုတ်!!'
'' အာ့...Ye..yes teachel!''