Part 10

54 5 0
                                    

ဒရာတစ်ယောက်သူ၏နေ့စဥ်အလုပ်တစ်ခုလိုဖြစ်နေသည့်ခွင်းအားအိပ်ယာမှနှိုးပြီး ပြင်ဆင်ကာ uniသို့ထွက်ခဲ့လေသည်။

uniထဲသို့ဝင်လာခါစတွင်

''Hey... Look! Burmese kitties...ha ha''

''........''

''Ha..ha hey...come on dwarf''

ဒရာနှင့်ခွင်းမှာဘာမှပြန်မပြောနိုင်ပါ။မြန်မာနိုင်ငံသားအား အနောက်တိုင်းသားများမှာလှောင်ရီနေသည်မှာ သိပ်တော့မဆန်းပါပေ။ ဒရာနှင့်ခွင်းမှာ အရပ်ပုသည့်ထဲတွင်မပါပါသော်လည်း 6'အရပ်အမြင့် ​ရှိသည့်ထိုမျက်နှာဖြူသားများ
နှင့်ယှဥ်ရင်တော့ ပုနေသည်မှာအမှန်ပါပင်။

uni၏အဝင်အဝမှာအလွန်ကျယ်ပေသည်။တစ်ဖက်တွင်ခြေလျင်လျှောက်ဝင်ကြသောသူများရှိသကဲ့သို့ ဘေးဘက်တစ်ဝက်မှာ ကားနှင့်လာကြသူများဝင်ရန်အတွက်လမ်းဖြစ်ပေသည်။
uni၏ရှေ့ရင်ပြင်မှာ ဥယျာဥ်ပုံစံပြုလုပ်ထား
သည့်အတွက် အလယ်တွင်ဆောင့်ကျောင့်ထိုင်နေသောခြ​သေ့်ပုံစံရုပ်ထု၏ပါးစပ်မှရေပန်းများဖြာထွက်နေလေသည်။ထိုရုပ်ထု၏ဘေးတွင်ဘောင်ဖြင့်ကာရံထားပြီး အဆောက်အဦးများဆီသို့သွားသည့်လမ်း၏အလယ်တည့်တည့်တွင်ရှိလေသည်။uniအတွင်းသို့ဝင်လာသူတိုင်းသည်ထိုဘောင်၏ ဘေးမှဝိုက်ကာအတွင်းသို့သွားကြရလေသည်။ထိုဥယျာဥ်နားတွင်ထိုင်ခုံများစွာရှိပြီး ထိုင်ခုံပေါ်တွင်ထိုင်နေ​သောအုပ်စုမှာတော့ သူတို့နှစ်ယောက်အားလှောင်ရီနေသော အမေရိကန်အုပ်စုပါပင်။ကြည့်ရပုံမှာတော့ ခရိုနီသားသမီးတွေသာဖြစ်မည်ထင်သည်။ဒရာနှင့်ခွင်းလည်းသူတို့အားလှောင်ရီနေသောအုပ်စုအား ဂရုမထားတော့ပါပဲခပ်မြန်မြန်ပင်အဆောက်အဦးဆီသို့သာသွားလိုက်တော့သည်။

အတန်းထဲသို့ဝင်လာကာ ဒရာနှင့်ခွင်းဝင်ထိုင်လိုက်လေသည်။သူတို့အတန်းထဲဝင်ထိုင်လိုက်သည်နှင့် ကောင်မလေးတစ်ယောက်မှာသူတို့အားစကားလာပြောလေသည်။

''Hello...''

''အာ...ဟုတ်ကဲ့ဘယ်သူလဲမသိဘူး''

''တို့က ဗေဇလီဟန်ပါ''
ဒရာ၏အမေးအားပြန်ဖြေမှာထိုကောင်မလေးမှာနှစ်လိုဖွယ်ကောင်းစွာပင်ပြုံးပြလာလေသည်။

Tie the knot ☕🌿 (On going)Where stories live. Discover now