Part 7

57 8 2
                                    

uni သို့ရောက်သည်နှင့်မွန်းနွေ၏ ပျော်ရွှင်မှုနှင့်တက်ကြွမှုတို့မှာ တစ်စစီကွဲကြေသွားလေသည်။

''ဘာ!! မာန်အတ္တမောင်မလာဘူးဟုတ်လား''

''အေး မလာဘူးလို့...မင်းအဖေငါပြောနေတာယုံလိုက်''
ခွင်း မွန်းနွေ၏ပုခုံးကိုပုတ်ကာပြောလိုက်ခြင်းဖြစ်သည်။

''မင်းကဘယ်လိုလုပ်သိတာလဲ''

''ဟိုမျက်နှာရူးကောင်ပြောတာ...သူလဲမလာဘူး''

''အော်..''

ခွင်းပြောသည့်မျက်နှာရူးကောင်မှာ ရာဇ်ဇဖြစ်သည်ကိုမွန်း​နွေသိလိုက်ပါသည်။*ညကတည်းကအားမွေးလာပါတယ်ဆိုမောင်ကမလာဘူး တဂယ်ပါပဲ။ ကဲပါ...မလာတော့လဲမလာဘူးပေါ့...ဘာပဲဖြစ်ဖြစ် စာသေချောလိုက်ကြည့်ရမယ်...မောင့်ကိုပြန်ပြောပြနိုင်အောင်လို့..ဟိဟိ*

ခွင်းမှာတော့မွန်းနွေအားကြည့်ကာ ဟိုအသေကောင်မျက်နှာနဲ့လူမလာဘူးဆိုလို့ အကြီးအကျယ်စိတ်ပျက်သွားတဲ့မျက်နှာနဲ့ အခုကျတော့စိတ်အားတက်ကြွနေပုံကိုကြည့်ပြီး ဒီကချင်စိတ်မှမှန်သေးရဲ့လားဟုသာ တွေးမိလိုက်သည်။ ခဏအကြာတွင်ပင် bellသံကြားရတော့သည်။

~~~~time skip~~~~

''ခွင်း...ထမင်းသွားစားကြမယ်လေ''
အတန်းပြီးသွား၍ ထမင်းသွားစားရန် မွန်းနွေ ခွင်းအားခေါ်လိုက်လေသည်။

ခွင်းတစ်ယောက်မွန်းနွေကိုကြည့်လာကာ *အင်း...နောက်ဆုံးတော့ဒီတစ်ကောင့်သား ငါ့နာမည်ကို တော်တော်လေးပီလာပြီပေါ့...ခွေးလို့မခေါ်လို့သူခွင့်လွှတ်ထားပါသော်လည်း တစ်ခါတစ်ခါ ထိုတစ်ကောင်သားလေးမှာ ခွေးဆိုပီး ထွက်ဖြစ်အောင်ထွက်လာတတ်ပါသေးသည်။*
မွန်းနွေအားကြည့်ကာ သူတွေးနေသည်ကိုရပ်လိုက်ကာ စကားပြန်ပြောလိုက်သည်။

''အင်း...သွားကြမယ်လေ''

ခွင်းဆီမှတုန့်ပြန်သံရသည်နှင့် မွန်းနွေလည်းထထွက်လာခဲ့ပြီး ခွင်းလည်းအနောက်မှလိုက်သွားလေသည်။သူတို့သတိမထားမိခဲ့သည်မှာ အပြင်သို့ထွက်ခွာရန်သွားနေသော သူတို့နောက်ကျောအားကြည့်ကာ ချစ်စရာကောင်းလှသောမျက်နှာလေးနှင့် သွေဖယ်စွာဘဲ ကောက်ကျစ်သောအပြုံးတစ်ပွင့်အားဆင်မြန်းထားသော မိန်းကလေးတစ်ယောက်ကိုပါပင်။

Tie the knot ☕🌿 (On going)Where stories live. Discover now