Part 5

129 7 0
                                    

မွန်းနွေတိုက်ခန်းသို့ပြန်ရောက်လာသောအခါ မောင်မင်းကြီးသားမှာပင် ပြန်မရောက်သေးပေ။
မီးဖိုချောင်ဝင်ကာ သူ့တစ်ယောက်စာသာချက်ပြုတ်၍ညစာပြင်ပီး အခန်းထဲတစ်ပါတည်းယူခဲ့လေတော့သည်။

...................

Class ထဲတွင်...
မာန် တစ်ယောက်ခုံအားမှီ၍ ဘယ်ဘက်ဒူးပေါ် ညာဘက်ခြေထောက်တင်ကာ လက်တစ်ဖက်
ဖြင့်phoneသုံးနေလေသည်။
အခန်းတံခါးမှ တစ်ယောက်ဝင်လာတိုင်းလည်း မျက်စိထောင့်မှကြည့်ဖို့မမေ့ခဲ့။ ဘေးမှ ရာဇ်ဇ မှာတော့ ပျင်းတိပျင်းတွဲဖြင့် စာရေးခုံပေါ်လက်တစ်ဖက်တင်၍မေးထောက်ကာ မှိန်သေသေမျက်နှာဖြင့် အခန်းတံခါးအားကြည့်နေလေတော့သည်။
ထိုအချိန်တွင်...

''Hi ... ကိုကိုတို့ ဒီ ....uniကိုတက်ဖြစ်မယ်လို့
ဟန့် ကိုတောင်အကြောင်းမကြားဘူးနော်''

မိတ်ကပ်ရောင် crop top လက်ရှည်လေးနှင့်
စကပ်အတိုလေးကိုတွဲဖက်ဝတ်ဆင်ထားသော ချစ်စရာကောင်မလေးတစ်ယောက်။ဆံပင်ဂုတ်ဝဲ မဟော်ဂနီရောင် အကြေကောက်လေးနှင့် မျက်လုံးလေးများ တောက်ပစွာပြုံးပြကာနှုတ်ဆတ်လာလေသည်။ထို့နောက်သူ့ဘေးနားမှ သူငယ်ချင်းမလေးအား အရင်သွားထိုင်ရန်ပြောလိုက်လေသည်။

မာန်မှာတော့ချက်ခြင်းပင်မျက်မှောင်ကြုတ်လိုက်လေသည်။ 'သူ့ကိုတောင်အကြောင်းမကြားဘူးဆိုရအောင်သူကဘာကောင်မကြီးမလို့လည်း'ဟုပင်။လက်တွေ့တွင်တော့ မျက်ခုံးတစ်ဖက်သာပင့်ကာ ဘာလဲ/ဘယ်သူလဲ ပုံစံမျိုး
နှင့်သာ။ထိုချစ်စရာကောင်းသည့်ကောင်မလေးမှ

''ကိုကိုမာန်...ဟန်က ဗေဇလီဟန်လေ ကိုကိုမာန်မမှတ်မိဘူးလား...အန်တီရေနာနဲ့ကိုကို shopping ထွက်ရင်း ဟန်တို့သားအမိနဲ့တွေ့လို့မိတ်ဆတ်ပေးခဲ့တာလေ''

''အော်''

'အော်'ဟုသာခွန်းတုံ့ပြန်၍ ခေါင်းတစ်ချက်ငြိမ့်ကာ ဖုန်းscreenသို့သာ အကြည့်ပြန်ပို့လိုက်ပြီးဘာမှဆက်မပြောလာတော့ပေ။သူ့ကိုယ်သူ ဟန်ဟုခိုင်းနှိုင်းပြောနေသော ကောင်မလေးမှာတော့ မတ်တပ်ကြီးနှင့် စက္ကန့်အနည်းငယ်လောက်ကြောင်အမ်းအမ်းဖြစ်သွားလေသည်။ပြီးတော့မှ ရာဇ်ဇအားပြုံးကာနှုတ်ဆတ်ပြန်လေသည်။

Tie the knot ☕🌿 (On going)Where stories live. Discover now