Part 8

43 7 0
                                    

playground သို့ရောက်သောအခါ ခွင်းမှာ gameအကြောင်းကိုအသေးစိတ်ရှင်းပြလေသည်။အချိန်တစ်နာရီအတွင်းဂိမ်းအားလုံးကို ပြီးအောင်ကစားရမည်ဖြစ်သည်။ ပထမဆုံးအနေ
နှင့် အရုပ်ကောက်စက်တွင်အရုပ်ကောက်ကြမည်ဖြစ်သည်။ နှစ်ယောက်တစ်ဖွဲ့ဖြစသဖြင့် တစ်ဖွဲ့နှစ်ရုပ် တစ်ယောက်တစ်ရုပ်ရအောင်ကောက်ရမည်ပင်။ အချိန်မှာ တစ်ယောက်ငါးမိနစ်သာဖြစ်သည်။ဂိမ်းအားလုံးကိုတစ်နာရီအတွင်းအရင်ပြီးတဲ့အဖွဲ့က အနိုင်ရမည်ဟုပါပြောလာလေသည်။

''အခုကစပြီး အနိုင်လိုချင်တယ်ဆိုရင်တော့...puppy သေချာကြိုးစားမှရမယ်နော်...ကိုယ်ကဒီဂိမ်းတွေလောက်ကအပျော့ဆိုတော့လေ...haha''

''အဟက်! ထမင်းကိုကုန်အောင်စား စကားကိုကုန်အောင်မပြောနဲ့တဲ့ အပြောမကြီးနဲ့
မင်းခရာရာဇ်ဇရေ...''

ရာဇ်ဇသူ့အားခပ်ပြုံးပြုံးဖြင့်ပြောလာသော စကားကိုဘာမထီမျက်နှာပေးနှင့် ခွင်းတစ်ယောက်ခပ်ရိရိပြန်ပြောလေသည်။

''ကဲပါ..စကားတွေရှည်မနေတော့ဘဲ သွားဆော့ကြမယ်လေ'' မွန်းနွေမှာတက်တက်ကြွကြွနှင့်ပြောလာလေသည်။

ဘေးမှလှုပ်ရွရွနှင့် တက်ကြွနေသောအကောင်ပေါက်အား မာန်ကြည့်ကာတွေးမိလိုက်သည်မှာ *သူ့မှာအမြီးလေးများပါရင်ခွေးလေးတွေလို ဟိုဘက်ဒီဘက်ခါရမ်းနေလောက်တယ်* ဟုပင်။
ပြီးနောက် ခွင်းနှင့်ရာဇ်ဇမှာအရုပ်ကောက်စက်ရှိရာသို့သွားပြီးအရုပ်ကောက်လေတော့သည်။
ရာဇ်ဇမှာ စက္ကန့်ဝက်ပင်မကြာလိုက် အဖြူနှင့်အမည်းကွက်လေးစပ်ထားသော ခွေးရုပ်လေးအားကောက်၍ရလေတော့သည်။ ခွင်းမှာတော့ အချိန်ငါးမိနစ်လောက်ယူပြီး ကြောင်ရုပ်လေးတစ်ရုပ်ရလေသည်။ ​မွန်းနွေတစ်ယောက်ရာဇ်ဇအားကြည့်ကာ *ဒီလူတမင်တကာများခွေးရုပ်လေးကိုကောက်တာလား* ဟုသာတွေးလိုက်မိသည်။ ပြီးနောက် ကောက်ပြီးသွားသော နှစ်ယောက်မှာဖယ်ပေးပြီး သူတို့အဖွဲ့ဝင်အားနေရာပေးလေသည်။
မာန်မှာလည်း စက္ကန့်ပိုင်းအတွင်း ရေဘဝဲရုပ်လေးတစ်ရုပ်ကောက်ရပြီး မွန်းနွေမှာတော့ ခေင်းပေါ်တွင်ပန်းပင်လေးပါသော ဝက်ရုပ်လေးကောက်လို့ရလေသည်။
မာန်ကောက်လို့ရသည်နှင့်ခွင်းမှာ နောက်တစ်နေရာအားသွားနှင့်ပြီဆိုသောအပြုံးနှင့် ရာဇ်ဇအားကြည့်ကာလှောင်ပြသွားသေးသည်။ရာဇ်ဇအတွက်တော့ခွင်း၏အပြုအမူမှာအသဲယားစရာပါပင်။မွန်းနွေမှာလည်းသိပ်မကြာသည့်အတွက်သူတို့လည်း အမြန်လိုက်သွားလေသည်။

Tie the knot ☕🌿 (On going)Where stories live. Discover now