XXVI

144 13 2
                                    


Sunghoon က Sunoo ကို သောက်ဂရုမစိုက်ချင်ယောင်ဆောက်ခြင်း ၂၅ ရက်မြောက်.
ငါးမိနစ်လောက်မျက်နှာသေနဲ့နေလိုက်.Sunooကသူ့ကို attention မပေးတာကို ပွစိပွစိရေရွတ်လိုက်.နဲ့.သူ့ကိုယ်သူတော့ အရမ်းသရုပ်ဆောင်ကောင်းတယ်ထင်နေတာဖြစ်သည်.
"မင်းကအရူးနဲ့တူနေပြီ"သူ့နည်းပြကပြောသည်.
"ဘယ်လို"
"Sunooကိုမင်းဂရုမစိုက်တဲ့ပုံလုပ်နေတာကိုပြောတာလေ.အဲဒါအကျိုးမရှိဘူးနော်.ဒီအတိုင်းသူ့ကိုတွဲမယ်ပြောလိုက်စမ်းပါ.သူကငြင်းမယ်ဆိုရင်တောင်.သူကမင်းကို​နေရခက်အောင်မလုပ်ပါဘူး.မင်းအဆင်ပြေမှာပါ"
Sunghoon မျက်နှာက ပြိုတော့မယ့်မိုးလိုဖြစ်လာသည်.
"ကျွန်တော်က လုပ်မိမှာ."
"ဘာကို"
"ကျွန်တော်က နေရခက်အောင်လုပ်မိမှာ..အစ်ကိုသိပါတယ်.ကျွန်တော်က တုံးတယ်လေ.figure skating ကလွဲ ကျန်တာဘာမှမသိတဲ့သူလေ.ကျွန်တော့က ကိစ္စတွေကိုရှုပ်အောင်လုပ်မိမှာစိုးလို့."
နည်းပြ ကဘာမှပြန်မပြောနိုင်ခင်မှာပဲ Sunghoon ကထွက်သွားသည်.သူအမြဲတမ်းလုပ်သလိုပေါ့.

နှင်းတွေကျလာပြီး လူတွေက ခရစ်စမတ်အတွက် လက်ဆောင်တွေ အချိုပွဲတွေ ပြင်ဆင်နေကြတဲ့အချိန်တွင် Sunoo လည်း လူတစ်ယောက်ယောက်နဲ့တူတူရှိချင်မိသည်.ညရှစ်နာရီပတ်ဝန်းကျင်ဖြစ်ပြီး သူကအပြင်မှာရောက်နေပြီး ဗိုက်ဆာနေသည်.ပေါင်မုန့်ဆိုင်ရှေ့ကဖြတ်လျှောက်လိုက်သည့်အချိန်မှာ လတ်လတ်ဆတ်ဆတ် ဒိုးနတ်မုန့်တွေရဲ့အနံ့က သူ့ကိုဆွဲဆောင်နေတာကြောင့် သူစားနိုင်တာထက်အများကြီးပိုဝယ်လိုက်သည်.
ဒိုးနတ်မုန့်ကအနီရောင် အစိမ်းရောင်တွေနဲ့ ပြင်ဆင်ထားပြီး တစ်ချို့ ဒိုးနတ်တွေက Santa Clausမျက်နှာပုံစံမျိုးဖြစ်သည်.သူကြည့်ရင်းပြုံးလိုက်သည်.ခရစ်စမတ်သည် သူ့ကိုစိတ်သက်သာရရစေသည်.ပျော်ရွှင်စေသည်.
သူသည် Sunghoon တိုက်ခန်းကိုလမ်းလျှောက်လာသည်.အေးလွန်းလို့ သူ့ပါးတွေထူပြီးထုံလာသည်.ချမ်းလို့သူ့ကိုယ်လုံးကိုနည်းနည်းကျုံ့လိုက်သည်.
Sunghoon ကိုကြည့်ရတာ အခုမှအိပ်ယာက ထလာသလိုပုံစံဖြစ်သည်.
"အစောကြီးအိပ်နေတာလား"
"အင်း..ဘာလို့လာတာလဲ.အခုကပိတ်ရက်မဟုတ်ဘူးလား"
"ဒိုးနတ်တွေတွေ့လို့.တစ်ယောက်တည်းမစားချင်လို့လေ"
Sunghoon သည် sunoo လေသံထဲက ဝမ်းနည်းမှုကို ခံစားမိလိုက်သည်.
   "ငါကချိုတာတွေမကြိုက်ဘူး"Sunghoon ကပြောသည်.ဒီနေ့တစ်နေကုန်သူဘာမှမစားရသေးပဲနဲ့လေ.
   "ဒါတွေ ဘယ်လောက်စျေးကြီးလဲ သိလား..ပြီးတော့လတ်လတ်ဆတ်ဆတ်ဝယ်လာတာနော်.ထိုင်ပြီးစား.မစားရင် ပါးစပ်ထဲအတင်းထိုးထည့်မှာ"Sunoo ကသူ့ အပေါ်အကျီကိုချွတ်ရင်းပြောလိုက်သည်.
   Sunghoon ကစိတ်ဆိုးချင်ယောင်ဆောင်လိုက်သည်.တကယ်တော့သူကျိတ်ကျေနပ်နေတာဖြစ်သည်.
   ဒိုးနတ်တွေကတော့ ဒိုးနတ်အရသာဖြစ်သည်.ချိုသည်.နူးညံ့သည်.
  Sunooက TV ကိုဖွင့်သည်.ပြီးတော့ရုပ်ရှင်ကားဟောင်းတစ်ခုကိုကြည့်နေသည်.အခန်းမီးတွေကိုပိတ်ထားပြီး ဝရန်တာမှာရှိတဲ့ ခရစ်စမတ်သစ်ပင်က အလင်းတွေက အခန်းထဲကိုရောင်ပြန်ဟပ်နေသည်.(ထိုသစ်ပင်မှာ Sunooဝယ်ထားပြီး ပြင်ဆင်ထားခြင်းဖြစ်သည်)
   ရုပ်ရှင်ကိုသူတို့တိတ်တိတ်ဆိတ်ဆိတ်ကြည့်နေကြသည်.Sunooက Sunghoon အနားကိုတိုးရင်း Sunghoon ပုခုံးကိုမှီထားသည်.Sunghoon သည် ရူးတော့မည်ဖြစ်သည်.
   okay..okay..okay..ဒါပဲ..ဒီလိုအခြေအနေပဲ..ငါတစ်ခုခုပြောသင့်လား..Sunghoon ကစဥ်းစားနေသည်.
  Sunghoon သည် ဖွင့်ပြောဖို့ကြိုးစားနေတာဖြစ်သည်.သူ့နည်းပြက သူ့ကို လှောင်နေသည်ဟုခံစားရသည်လေ.
   "S...Sunooooo"
  "Hmmmm"
"မင်းမှာ အခုတွဲနေတဲ့သူမရှိဘူးမလား..ဟုတ်တယ်မလား"Sunghoon ကသူ့လျှာကိုသူပြန်ကိုက်လိုက်သည်.လခွမ်း..သူအရမ်းစိတ်လှုပ်ရှားနေတာဖြစ်သည်.
   "မရှိပါဘူး"Sunghoon သည်အဖြေကိုသိပြီးသားဖြစ်သည်..သို့သော်.သူအခုမှ intro စဝင်နေတ.ဖြစ်သည်လေ.
  "မင်းမှာ စိတ်ဝင်စားနေတဲ့သူရှိလား"fuck..ငါအတော်ဆိုးတာပါလားဟု Sunghoon တွေးမိသည်.
   Sunooကရယ်သည်.
   "ဘယ်သူ့ကိုလဲ"
   "ဟို..ဟို..ငါတွေးနေတာကလေ..ဟို.တကယ်လို့..မင်းငါနဲ့Date ချင်လား"
   Sunghoon သည်အရမ်းရှက်နေသည်.သူ့တစ်ကိုယ်လုံး တောင့်တင်းနေပြီး သူလှုပ်ရှားဖို့တောင်ခက်နေသည်.Sunoo က သူနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီး သူ့ကိုတည့်တည့်ကြည့်သည်.
"အခုကရော..dateမဟုတ်ဘူးလား"
  "အာ...."
  "okay..ကျွန်တော်တို့Dateကြတာပေါ့"


You've reached the end of published parts.

⏰ Last updated: Apr 30 ⏰

Add this story to your Library to get notified about new parts!

ခိမဲရာ💛Where stories live. Discover now