XX

133 23 0
                                    

    "ဒါကြီးကအရမ်းဆိုးတာပဲ"
  Sunoo အရင်ရောက်နေကျနေရာကိုပြန်ရောက်သွားခြင်းဖြစ်သည်.မြင်ကွင်းတစ်ဆုံးမြက်ခင်းပြင်ဖြစ်ပြီး မိုးကုတ်စက်ဝိုင်းတစ်ခုကိုလည်းတွေ့ရသည်.ပြီးတော့ ကောင်းကင်ပေါ်မှာ universeလေးတွေကိုမြင်နေရသည်.သူသွားခဲ့တဲ့ universeတွေဖြစ်သည်.တကယ်လို့သာ သူသာ တခြားuniverseတစ်ခုကိုသွားခဲ့မယ်ဆိုရင် အဲဒီ universeက Jaeyun ကိုကယ်တင်နိုင်ခဲ့မှာလား.
    Cheonsa ကအရင်ပုံစံပြန်ဖြစ်နေပြီး လေထဲတွင်လွင့်နေသည်.ဒီအခြေအနေကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သူမသိပါ.
    "အဲလိုလည်းမဟုတ်ဘူး.Shim Jaeyun ကို ကံကြမ္မာက ကယ်တင်ဖို့မရွေးချယ်ခဲ့တာ"
   သောက်ကံကြမ္မာ..သောက်ကံကြမ္မာ.. ဒါတွေအားလုံး သောက်ရေးမပါတာ.ဘာလို့ Jaehyun လိုမျိုး လူကောင်းတစ်ယောက်.အရမ်းကြင်နာတတ်ပြီး စိတ်ကောင်းရှိတဲ့သူတစ်ယောက်က ဒီလိုမျိုး အဆုံးသတ်ရတာလဲ.
   Sunoo သည် လုံးဝမငိုမိသည့်သူ့ကိုယ်သူ အံ့ဩမိသည်.သူဘာလို့မငိုရတာလဲ.နောက်ဆုံးသူ့စိတ်ကိုလျှော့ချလိုက်သည့်အချိန်တွင် သူ့မျက်ရည်တွေ စီးကျလာသည်.
   "လောကကြီးကအဲလိုပဲ မင်းဘာသာမင်းဘာကြီးပဲဖြစ်ဖြစ် လူဖြသ်ရတဲ့အတွက် ဒုက္ခတွေကရှိနေမှာပဲ"
   "Jungwon လိုမျိုးလား"
   "အဲလိုပါပဲ"
   အဲဒါဆိုရင် Sunoo သည် ဘာလုပ်ရအောင် universeတစ်ခုပြီးတစ်ခုပြောင်းနေရပါသလဲ.သူသည် Heeseung နှင့်အဆင်ပြေခဲ့သည်.အဲဒါဆိုရင် Jungwon သည်ဘာအတွက်ကြောင့်သေရပါသလဲ.Jongseong သည် အသက်ဆက်ရှင်ပြီး Jaeyun သည် အသက်မရှင်ခဲ့ပါ.သူသည် လူတိုင်းကိုမကယ်တင်နိုင်ခဲ့ပါ.
    "Heeseung ကရော ဘာဖြစ်သွားလဲ.ပြီးတော့ Jongseong ရော.ကျွန်တော်ထွက်သွားတော့ သူတို့ အဆင်ပြေရဲ့လား.Jungwon လိုမျိုးသေသွားကြလား"
   "Heeseung က ကောင်းကောင်းရှင်သန်နေပါတယ်.သူက ဂီတပစ္စည်းဆိုင်လေးဖွင့်ထားပြီး သီချင်းတွေဆက်ရေးတယ်.Jongseong ကတော့ စာအုပ်တစ်အုပ်ထုပ်ပြီးနောက်ပိုင်း စာတွေဆက်ရေးနေတယ်.ပြီးတော့သူစာကြည့်တိုက်မှာအလုပ်ဆက်လုပ်နေတုန်းပဲ"
    "တကယ်လား"
   "အင်း"
   Cheonsa လိမ်နေတာလည်းဖြစ်နိုင်သလို အမှန်တွေလည်းဖြစ်နိုင်ပါသည်.ယခုအချိန်တွင်Sunoo သည်ပင်ပန်းနေသောကြောင့် အမှန်တွေပြောနေသည်ဟုသာသူတွေးလိုက်သည်.
   ဒီတစ်ခါ Cheonsa က mission အကြောင်းပြောတော့ Sunoo ကောင်းကောင်းနားမထောင်ပါ.ရင်းနှီးနေသော အလင်းစူးစူးက Sunoo ကို စာသင်ခန်းတစ်ခုထဲကိုခေါ်သွားသည်.အပြင်ဘက်တွင်မိုးတွေရွာနေပြီး မိုးချုန်းသံများကိုအကျယ်ကြီးကြားရသည်.Sunoo သည်ပြတင်းပေါက်အပြင်ဘက်ကိုကြည့်လိုက်တော့ Jongseong နှင့်တုန်းက Cheonsa ကိုတွေ့ရသည်.မိန်းကလေးပုံနှင့်ဖြစ်ပြီးစာသင်ခန်းထဲတွင်ထိုင်နေသည်.
   Sunoo နှာမှုတ်လိုက်ပြီး စားပွဲခေါ်ပေါ်မေးထောက်နေလိုက်သည်.ရှေ့တွင်ဆရာက ပန်းပွင့်တွေမျိုးပွားသည့်အကြောင်းသင်နေသည်.ပျင်းစရာ ကောင်းလိုက်တာ.ကျောင်ူသားတွေက notesကူးတဲ့သူကကူး အိပ်တဲ့သူကအိပ်နေကြသည်.စာသင်ခန်းထဲကို Sunoo မျက်လုံးဝေ့ကြည့်လိုက်သည်.mission ကဘယ်သူလဲ.
   သူ့ခုံနောက်ကထိုင်နေတဲ့သူက ရုတ်တရက်လေချွန်လိုက်သည်.Sunoo လှည့်ကြည့်လိုက်တော့ ဆံပင်ရှုပ်ရှုပ်ပွပွနှင့် မျက်နှာပေါ်မှာ အညိုအမည်းစွဲတေတဲ့ ကောင်လေးတစ်ယောကိုတွေ့လိုက်သည်.သူ့ကြည့်ရတာ အသက်ရှူမဝနေသလိုမျိုး အသက်ရှူနေသည်.
   ကောင်လေးက သူ့ကိုဂျိုကြည့်ပြန်ကြည့်သည်.
   "ဘာကြည့်တာလဲ..Kim"
   အဲဒီအချိန်မှာ Sunoo သိလိုက်တာကတော့ သူအရင်ကလိုမျိုး ကိုးရီးယားမှာရှိနေတာမဟုတ်ပေ.သူသည်ဂျပန်ရောက်နေတာဖြစ်ပြီး သူသည်ဂျပန်စကားကိုပြောတတ်နေသည်.Cheonsa ကအစွမ်းထည့်ပေးထားတာဖြစ်မည်.
    "မင်းအဆင်ပြေလား"
   "ဒါအဆင်ပြေနေတဲ့ရုပ်လား.ဝေးဝေးနေစမ်းပါ."ကောင်လေးက စိမ်းစိမ်းကားကားရိုင်းရိုင်းစိုင်းစိုင်းပြောနေသော်လည်း Sunoo သူ့ကိုလျစ်လျူမရှုနိုင်ပါ
    "သူနေမကောင်းလို့ကျွနိတော်ကျောင်းဆေးခန်းကိုခေါ်သွားလို့ရလား"Sunoo က ဆရာ့ကိုမတ်တပ်ရပ်ရင်းပြောလိုက်သည်.ထိုကောင်လေးက သူ့ကိုပါးစပ်အဟောင်းသားနှင့်ကြည့်နေသည်.ဆရာကခေါင်းညိတ်လိုက်သည်နှင့်Sunoo ထိုကောင်လေးကိုလက်ဆွဲပြီးခေါ်လိုက်သည်.
      "ငါနဲ့လိုက်ခဲ့..လာ"

ခိမဲရာ💛Where stories live. Discover now