XIX

119 17 0
                                    


Sunoo သည် ဒီတစ်ခါတော့ ကြယ်ကြွေတာကိုမီလိုက်သည်.သူစောင့်နေခဲ့သည်လေ.အပြင်းအထန်ဆုတောင်းဖို့ကို.
   Jaeyun ကသူ့ကိုအထင်ကြီးသွားသည်.
    "wow.မင်းကြည့်ရတာ ကြယ်ကြွေတော့မယ်ဆိုတာ သိနေသလိုပဲ"
   Sunoo မငိုမိအောင်ကြိုးစားလိုက်သည်.
    "ဟုတ်တယ်.သိတယ်မလား.ကျွန်တော့မှာ အစွမ်းရှိတယ်လေ"
    "မင်းဆုတောင်းကဘာလဲ"
   Sunoo က ကြယ်တွေပြည့်နေတဲ့ကောင်းကင်ကြီးကိုကြည့်ရင်း ခေါင်းယမ်းသည်.
    "လျှို့ဝှက်ချက်လေ.ဆုတောင်းတွေက ပြောလိုက်ရင် ဖြစ်မလာဘူး"
    browinesတွေသည် စားရတာ ခါး လာသည်.Sunoo သည် အရင်တစ်ခေါက်က ဒါတွေအများကြီးစားခဲ့လို့သူ ခါးလာသည်ဟု ထင်မိခြင်းဖြစ်မည်ဟုတွေးမိသည်.
    မနက်ဖြန်သည်လည်း အရင်တစ်ခါကလိုဖြး်သည်.Dayeon က ဝင်လာပြီး မနက်စာလုပ်ပေးဖို့ကြိုးစားသည်.Sunoo က ဝင်ပြောသည်.Jaeyun ကသူ့ကိုမနက်စာ ဘာစားချင်လဲမေးသည်.
    Sunoo သည်အရင်တစ်ခေါက်က Jaeyun နှင့်လိုမျိုးသူ စကားအကြီးအကျယ်များသင့်သည်ဟုထင်လိုက်သည်.သူလုပ်သင့်သည်လေ.အခု Jaeyun က အရင်တစ်ခေါက်က Jaeyun လိုမျိုး အသိတရားမရသေးဘူးဖြစ်သည်.Sunoo ပြောမလို့ ပါးစပ်ဟလိုက်သော်လည်း သူမပြောနိုင်.
    "မင်းသိလား.မင်းကလေ ကိုယ့်ကိုစိတ်မဆိုးတဲ့ ပထမဆုံးလူပဲ"
    "ဟမ်"
   Jaeyun ကအနေရခက်သလို ရယ်သည်.
   "ဒီလိုပြောရတာ ရုတ်တရက်ဆန်ပေမယ့် ကိုယ်က လူတိုင်းအပေါ်ကောင်းပေးတယ်လေ.ဖော်ရွေတယ် ကူညီတတ်တယ်.ဒါပေမယ့် လူတွေကငြီးငွေ့လာပြီး ပိုခက်ခဲတာတွေကို တောင်းဆိုလာကြတယ်လေ"
   Sunoo ငြိမ်ငြိမ်လေး နားထောင်လိုက်သည်.အဲဒီတော့ အရင်တစ်ခေါက်လိုပဲ သူမပြောရင်တောင် ဒီစကားတွေက ပြန်ပြောဖြစ်နေဦးမှာပေါ့.
    "မင်းက ကိုယ့်ကို နားလည်တယ်"
   အဲဒါမဟုတ်ပါဘူး...
    "မင်းက ကိုယ်တွေ့ခဲ့သမျှတွေထဲမှာ အကောင်းဆုံးလူပဲ"
    အဲဒါ မဖြစ်နိုင်ပါဘူး.
    "ကိုယ်နဲ့အတူရှိနေပေးလို့ ကျေးဇူးပါ"
   Sunoo လုပ်နိုင်ပါသည်.သူသည် Jaeyun ကိုလိမ်ရင်းကယ်လိုက်နိုင်သည်.မင်းချစ်တဲ့သူတွေကိုကယ်နိုင်မယ်ဆိုရင် လိမ်ရလည်းဘာဖြစ်လဲ.
     " ရော့..ဒါသောက်"Jaeyun က သူ့ကို မနက်စာပြင်ဆင်ပေးသည်.နေရာင္ျခည္က Jaeyun ဆံပင္ေပၚကိုကျနေသည်.သူ့ဆံပင်အညိုရောင်က ပိုအရောင်တောက်နေသည်ဟုထင်ရသည်.
    "ကျေးဇူးပါ" Sunoo ကပြောရင်း လိမ်မော်ရည်ကိုသောက်လိုက်သည်.
  

ခိမဲရာ💛Where stories live. Discover now