IV

253 28 0
                                    

"အိမ်ကိုပြန်လာတာ ကြိုဆိုပါတယ်." အမေက အပြုံးနဲ့ နှုတ်ဆက်တယ်.
"သား ကြည့်ရတာ အဆင်ပြေတဲ့ပုံပဲ" အဖေကလည်း ပျော်​နေပုံပဲ.
Heeseung တွေးမိတယ်.အပြင်လူတွေက သူ့မိဘတွေကိုကောင်းတယ်လို့ထင်မှာပဲ.ကောင်းတာတော့ကောင်းပါတယ် သူတို့နည်းလမ်းအတိုင်း လုပ်မယ်ဆိုရင်ပေါ့.
စာမေးပွဲ ပြီးလို့ တစ်ပတ်အားနေတော့ အိမ်ကိုပြန်ခဲ့လိုက်တယ်.မပြန်ချင်ပေမယ့်လည်း မိဘတွေကစကားနာထိုးမှာစိုးလို့
အခန်းထဲကိုဝင်လိုက်တဲ့အချိန်မှာပဲ သူနံရံမှာချိတ်ထားတဲ့ သူကြိုက်တဲ့ ဂီတအဖွဲ့တွေရဲ့ posterတွေဟာ အကုန်ဖြုတ်ချခံထားရတယ်.သူသိမ်းထားတဲ့ ပစ္စည်းတွေ လည်းမရှိတော့ဘူး.သူ့အိပ်ယာကိုလည်း အဖြူရောင်အိပ်ယာခင်းခင်းထားတော့ မသိရင် ဆေးရုံကအခန်းထဲ ရောက်နေသလိုပဲ.
သူသက်ပြင်းချလိုက်တယ်.ဒေါသတောင်မထွက်ချင်တော့ပါဘူး.
ပစ္စည်း တွေနေရာချပြီး ရေချိုးပြီးတာနဲ့ Sunoo ဆီ message ပို့လိုက်တယ်.
Heeseung... အိမ်မပြန်ချင်ဘူး.
Sunoo...အိမ်မပြန်ချင်ပေမယ့် ပြန်ရတာဆိုးလိုက်တာ.ဘယ်လောက်ကြာအောင်နေမှာလဲ.
Message ပို့ရတာ စိတ်မရှည်လို​ ့Heeseung ဖုန်းပဲခေါ်လိုက်တယ်.
"အခုမှအိပ်ယာထတာမို့လို့ အသံက နည်းနည်းအက်နေတယ်" Sunoo နှုတ်ခမ်းစူလိုက်ပြီး စောဒကတက်လိုက်တယ်.
Sunoo စိတ်ဆိုးတာလေးကချစ်ဖို့ကောင်းတယ်လို့ Heeseung ကတွေးလိုက်တယ်.
"စိတ်မပူပါနဲ့.ကိုယ်သဘောကျပါတယ်"
"အား...အူယားလိုက်တာ"
စကားတွေဆက်ပြေနေရင်းမှ Heeseung ကမိဘတွေကိုစိတ်ကုန်တဲ့အကြောင်း ဒီအတိုင်းသေလိုက်ချင်တဲ့ အကြောင်းတွေရောက်လာတော့ Sunoo ရင်တွေတုန်လာတယ်.
"ကိုယ် မလိုအပ်ပဲ စကားတွေအများကြီးပြောမိပြီထင်တယ်"
"ရပါတယ်..Heeseung နဲ့ စကားပြောရတာကိုသဘောကျတယ်.Heeseung က စကားလုံးတွေကိုကောင်းကောင်းလေး ရွေးသုံးတတ်တယ်.တကယ့်ကို သီချင်းရေးဆရာလိုပဲ"
"အဲဒီတော့ မင်းက ကိုယ့်ကို သီချင်းရေးစေချင်တာလား "
"ဖြစ်နိုင်ပါတယ် "
Heeseung က Sunoo ကိုအဲဒါတွေသဘောကျတာပါပဲ.သူ့ရဲ့ဝါသနာတွေကို အားပေးလို့လေ.
သူ့ရဲ့အပျော်တွေက ညစာစားချိန်မှာ ပျောက်သွားတာပဲ.မိဘတွေရဲ့ မေးခွန်းတွေက ပြန်ဖြေချင်စရာကို ကောင်းမနေဘူး. ကျောင်းမှာ စာသင်ရတာ ဘယ်လိုနေလဲ. ပျော်ရဲ့လား.ကောင်မလေးတွေ့နေပြီလား. မိဘတွေကိုဂုဏ်ယူရအောင်လုပ်စမ်းပါ.
Heeseung စာသင်ရတာအဆင်မပြေဘူး.ပျော်လည်းမပျော်ဘူး.ပြီးတော့သူက မိန်းမတွေကိုလည်းစိတ်မဝင်စားဘူး.ပြီးတော့ သူမလုပ်ချင်တာတွေလုပ်ပြီး မိဘတွေကိုလည်းဂုဏ်ယူရအောင်မလုပ်ချင်ဘူး.
လျှာကိုကိုက်ပြီး သူပြန်ဖြေလိုက်ပါတယ်.
'အဆင်ပြေပါတယ် '
'ဒါပေါ့.ပျော်တာပေါ့ '
'ကောင်မလေးမတွေ့သေးပါဘူး.အလုပ်များနေလို့ပါ'
အိမ်ကိုဘာလို့များပြန်လာမိတာပါလိမ့်.ဒါပေမယ့် သူမိသားစုကိုလည်းမစွန့်လွှတ်နိုင်ဘူး.သူတို့က သူ့အတွက်အများကြီး စွန့်လွှတ်ပေးထားတာလေ အချိန်တွေ.ငွေတွေ.ခွန်အားတွေ.
နောက်တစ်ရက်မှာ သူမိဘတွေဟာ တော်တော်ကို စည်းကျော်လာပါပြီ.
"Oh. .Heeseung. ဒီကိုလာ"
ဧည့်ခန်းထဲမှာ ဧည့်သည်တွေတွေ့တယ်.ပြီးတော့ သူနဲ့သက်တူရွယ်တူ အမျိုးသမီးတစ်ယောက်ရော.
"ဒါ ကျွန်မသားလေ.သူက ခွဲစိတ်ဆရာဝန်ဖြစ်ဖို့ ေကျာင်းတက်နေတာ"
"မဂ်လာပါ "Heeseung ကအသက်မပါသလိုနှုတ်ဆက်တာကိုလည်း ဧည့်သည်တွေဂရုမစိုက်အားဘူး.
သူ့အဖေက သူ့အကြောင်းကို ပြောနေရင် သူ သူ့သားအတွက် ဘယ်လောက်ဂုဏ်ယူရကြောင်းပြောနေတဲ့အချိန်မှာ Heeseung ပျော်ရမလား ဝမ်းနည်းရမလား မသိတော့ဘူး.ခဏကြာတော့ သူသိလိုက်တာက အဲဒီ အမျိုးသမီးက သူနဲ့ စေ့စပ်ပေးဖို့လုပ်ထားတယ်ဆိုတာပါပဲ.နာမည်က Kim Yubin.
သူမကချစ်ဖို့ကောင်းပုံပါပဲ.အာဟာရပညာရပ်ကို လေ့လာနေပြီး သူမက အစားအသောက်တွေကို ဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်းတွေကို တက်တက်ကြွကြွ ပြောပြနေတယ်.
ခဏနေတော့ မိဘတွေကရှောင်ပေးတယ်.သူတို့နှစ်ယောက်ကို အဆင်ပြေစေချင်တဲ့ပုံမျိုးနဲ့.Heeseung အသက်ရှူမဝသလိုပုံမျိုးနဲ့ သက်ပြင်းချလိုက်တော့ Yubin က စိုးရိမ်တဲ့ပုံမျိုးနဲ့ ကြည့်တယ်.သူမက ဖော်ရွေတဲ့ပုံစံမျိုးရှိပါတယ်.စကားပြောတတ်တယ်.စိတ်ဝင်တစားရှိပေးတယ်.ဒါပေမယ့် Heeseung ဆက်မလုပ်နိုင်တော့ဘူး.
"Okay. ပြောရမှာအားနာပေမယ့် ကျွန်တော့မှာ သဘောကျနေတဲ့သူရှိပါတယ်"
"Oh. .h. "
"ဟုတ်ကဲ့.အားနာပါတယ် " တကယ်တော့ အားမနာပါဘူး.
Yubin ကအနေခက်သလို ရယ်လိုက်တယ်.တစ်မျိုးကြီးပဲ.
"ကျွန်မကို သူတို့ကပြောတော့ရှင်က Singleတဲ့ "
"မဟုတ်ပါဘူး ကျွန်တော့မှာ ချစ်ရတဲ့သူရှိပါတယ်"
"ကျွန်မမှာလည်း ရှိခဲ့ပါတယ်.ဒါပေမယ့် အိမ်ကသဘောမတူလို့ လမ်းခွဲလိုက်တယ်"
Heeseung သူများအကြောင်းတွေမကြားချင်ဘူး.ဒါပေမယ့် အားနာလို့ အားလုံးကိုနားထောင်ပေးလိုက်ပါတယ်.သူမတို့မိသားစုမြန်မြန်ပြန်ပါစေလို့ဆုတောင်းပေမယ့် ညစာစားချိန်ထိကို ရှိနေသေးတယ်. Heeseung သေချင်လာပြီ.
ဧည့်သည်တွေပြန်သွားတော့ မိဘတွေက သူ့ကိုမေးတယ်.ညစာစားချိန်မှာ Yubin မိဘတွေက သူ့ကိုမေးတယ်.သူအတတ်နိုင်ဆုံး ရိုင်းတယ်ဆိုတဲ့ပုံမပေါက်အောင် ကြိုးစားဖြေပါတယ် Yubin ကတော့ ဘာမှဝင်မဖြေဘူး.စကားမပြောပဲ အစာစားနေတယ်.
မိဘတွေက မေးတယ်.
"အဲဒီမိန်းကလေးကို သဘောကျလား"
"မကျဘူး"
"ဘာလို့လဲ. သူကချစ်ဖို့ကောင်းပြီးတော်တယ်လေ"
Heeseung အော်ပစ်ချင်လာပြီ.ဒါပေမယ့် သူတည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြောဖြစ်ပါတယ်.
"ကျွန်တော်က Gay ပါ"
သူ့မိဘတွေရဲ့ မျက်နှာအပြောင်းအလဲကိုမြင်ရတာ တော်တော်ကျေနပ်စရာပါပဲ.ခဏနေတော့သူ့အမေက dramaတွေထဲကလို ငိုတယ်.
"ပြီးတော့ ကျွန်တော့မှာ ကောင်လေးချစ်သူရှိပါတယ် "တကယ်တော့မရှိသေးပါဘူး.ဒါပေမယ့် သူ့မိဘတွေကို ပိုပြီးစိတ်ပျက်အောင်လုပ်သင့်တယ်လို့တွေးလိုက်တယ်.
သူ့မိဘတွေဘာမှမပြောနိုင်သေးခင်မှာပဲ အခန်းထဲကို ပြန်လာတယ်.တံခါးပိတ်တယ်.ဒါတောင် သူအော်သံတွေကြားမိနေတုန်းပဲ.
Sunoo ကို ခေါ်လိုက်ရင် စိတ်သက်သာရာများရမလားလို့တွေးမိတယ်.
"အိုး..ဘာတွေဖြစ်နေတာလဲ.အော်သံတွေကြားမိသလိုမျိုးပဲ"
"အင်း..အဖေနဲ့အမေရဲ့အိပ်မက်တွေကိုဖျက်စီးလိုက်လို့လေ."
"ဘာလုပ်လိုက်တာလဲ "
Heeseung ရှင်းပြလိုက်တော့ Sunoo ကရယ်တယ်.ပြီးတော့ သိချင်သလိုမျိုးမေးတယ်.
"ချစ်သူက ဘယ်သူလဲ "
Heeseung ဘုရားကိုမယုံဘူး.ဒါပေမယ့် ဟိုဘက်ကသူက သူဝန်ခံတာကို လက်ခံပါစေလို့ဆုတောင်းမိတယ်.
"ကိုယ်ကမင်းကိုဖြစ်စေချင်တာ"
ဖုန်းဟိုဘက်ခြမ်းက Sunoo အံ့ဩ သွားတာကို သူသိလိုက်တယ်.Heeseung ပြုံးမိတယ်.
"ခဏလေး ခဏလေး အခုလေးတင် ကျွန်တော့ကို ဝန်ခံလိုက်တာလား"
"ဟုတ်တယ်..မြန်မြန်ဖြေနော်..နို့မို့ ကိုယ်ရုတ်သိမ်းလိုက်မှာ"
"Fuck you. သေချာပြောလေ"
"ကောင်းပြီလေ Kim Sunoo. .ကိုယ့်ရဲ့ကောင်လေး လုပ်ပေးမလား"
"မလုပ်ပါဘူး"
"ဘာရယ်"
Sunoo ရယ်လိုက်တယ်.
"စတာပါ..လုပ်မယ်ဆိုတာ အသိသာကြီးလေ.အရူးရဲ့"
Heeseung ရင်ခုန်သံတွေကို တော်တော်ထိန်းနေရတာကို Sunoo က မီးလောင်ရာ ဆီလောင်းတယ်.
"ပြန်ရောက်တာနဲ့ ချက်ချင်းနမ်းရမယ်နော်.ကိုယ့်ကောင်လေး"
Heeseung ရှော့ခ်ရတော့မှာပဲ.




ခိမဲရာ💛Where stories live. Discover now