VI

149 22 0
                                    

    Cheonsa က Sunoo ကိုနောက်Mission တစ်ခုကို ချက်ချင်း သွားစေချင်သည်.
    "ချက်ချင်း!!!?ဒါပေမယ့် အခုက စိတ်အခြေအနေမကောင်းဘူးလေ."
  Sunoo စိတ်အခြေအနေမကောင်းပါ.ညအိပ်ဝတ်စုံနှင့် ရှုပ်ပွနေသောဆံပင် အိပ်ချင်မူးတူးမျက်လုံးတစ်စုံနှင့် စိတ်တိုနေသည်.
    "တောင်းပန်ပေမယ့် နားလိုက်တာက မကောင်းဘူး"
   သူတို့နှစ်ယောက်ပထမဆုံးစတွေခဲ့တဲ့နေရာကိုပြန်ရောက်သွားခြင်းဖြစ်သည်.အရင်ကအတိုင်းProjectorပေါ်မှာ ဓာတ်ပုံတစ်ခုနှင့်အကြောင်းအရာတစ်ချို့ရှိသည်.
   Yang Jungwon,17နှစ်.အထက်တန်းကျောင်းသား.အနာဂတ်မရှိ.အကြောက်တရားမရှိ.
    ဒါပဲ.ဒီလောက်အကြမ်းဖျင်းပဲလား.
    "အဲလိုလူကိုငါက ဘယ်လိုကူညီပေးရမှာလဲ"Sunoo စိတ်တိုလာသည်.
    "Yang Jungwon က သူစကားပြောလို့ရမယ့် တစ်ယောက်ယောက်ရှိချင်ရုံလေးပါ."
   Sunoo ပုံကိုသေချာပြန်ကြည့်လိုက်သည်.Jungwon က ၁၇နှစ်ထက်ငယ်မယ့်ပုံ.သူ့မျက်လုံးတွေကစူးရှပြီ မျက်နှာကအပြုံးမရှိ.မြင်လိုက်တာနဲ့ ဝေးဝေးနေစမ်း ဆိုတဲ့ vibeမျိုး.Sunoo တွေးလိုက်သည်.အော်..Heeseung ထက်ပိုခက်မယ်ထင်တယ်.ဘာလို့လဲဆိုတော့ Cheonsa ကလည်းပြောသည်လေ."သူက ပြဿနာကောင်နော်.ပြီးရင် မင်းပုံစံကိုလည်းသူမကြိုက်လောက်ဘူး"
   Sunoo အသက်တောင်ဝအောင်မရှူရသေးခင် ချာချာလည်သွားပြီး နေရာတစ်ခုကိုရောက်သွားသည်.
    Sunoo ကျောင်းတစ်ခုရှေ့ကိုရောက်နေသည်.ကျောင်းသားတွေဟိုတစ်စုဒီတစ်စုတွေ့ရပြီး သူကိုယ့်သူချွေးစေးတွေထွက်လာတာကိုခံစားမိလာသည်.သူ အသက်ဝအောင်ရှူလိုက်ရင်း Cheonsa ကိုလိုက်ရှာသည်.မတွေ့.ဘာလုပ်ရမှန်းမသိတာကြောင့် ကျောင်းထဲဝင်လိုက်သည်.သူကိုယ်ပေါ်မှာကျောင်းဝတ်စုံဝတ်ထားသည်လေ.အညိုရင့်ရောင်ဘောင်းဘီ.အဖြူရောင်ရှပ်အကျီ.ကြက်သွေးရောင် necktie.စိတ်ရှုပ်ရှုပ်နှင့်လမ်းလျှောက်ရင် မျက်လုံးကိုသေချာအလုပ်ပေးထားသည်.Cheonsa ဒါမှမဝုတ် Ryujin ကိုတွေ့မလားလို့လေ.အဲဒါကြောင့်ပဲ သူလူတစ်ယောက်နဲ့ဝင်တိုက်မိသည်.ဘယ်သူဖြစ်ရမလဲ.သေချာပေါက် Yang Jungwon ပေါ့.Sunoo တွေးလိုက်သည်.နောက်လူတွေလည်းဒီလိုပဲဝင်တိုက်မိရင်း တွေ့မှာလားလို့လေ.
    Jungwon စကားတစ်ခွန်းမှမပြောသော်လည်းဓာတ်ပုံထဲကလိုမျိုး စိတ်တိုနေတဲ့မျက်နှာနှင့် ခံစားချက်မရှိတဲ့မျက်လုံးတွေနှသ့် Sunoo ကိုကြည့်နေသည်.ပြီးတော့လမ်းဆက်လျှောက်သွားသည်.Jungwon ထွက်သွားတာကိုကြည့်နေရင်း Sunoo တွေးလိုက်သည်.ငါတစ်ခုခုပြောလိုက်ရင်ကောင်းမလား.
     "မင်းကကျောင်းသားသစ်လေ"
.   "Cheonsa.မင်းဘယ်များရောက်.."Sunoo လှည့်ကြည့်လိုက်တော့ ကောင်လေးတစ်ယောက်ကိုတွေ့လိုက်သည်.
    "အိုး.တောင်းပန်ပါတယ် "
   "ဟုတ်တယ်.ငါကCheonsaလေ"
   "မင်းကကြောင်မဟုတ်ဘူးလား"
    "ဘယ်ပုံမဆိုပြောင်းနိုင်တယ်လေ.ဒီuniverseမှာင ကကောင်လေး.ပြီးရင်မင်းကိုကူညီပေးမယ်"
    "စောနကဘယ်ရောက်သွားတာလဲ"
   Cheonsa ကမဖြေ.ပြီးတော့ Sunooလက်ကောက်ဝတ်ကိုကိုင်ပြီးပြောလိုက်သည်.
     "ငါ့နောက်လိုက်ခဲ့.မင်းအတန်းကိုလိုက်ပို့မယ်"
    "ငါ့အတန်း?"
     Cheonsa ကသူ့ကိုဆွဲခေါ်သွားရင်းမှရှင်းပြသည်.ငါတို့ကဒီမှာကျောင်းသားသစ်တွေလေ.ငါတို့တက်ရမယ့်အတန်းတွေက ဘာသာစကား.English.သခ်ျာ.လူမှုဆက်ဆံရေး ပြီးတော့နိုင်ငံရေး.
     "အားားားားား"
   Cheonsa ကဆက်ပြောသည်."ေအာ် အဲဒါ Jungwon တက်တဲ့အတန်းတွေလေ"
    Sunoo နှုတ်ခမ်းစူလိုက်သည်.Heeseung နဲ့လိုမျိုးခံစားချက် သူ့မှာမရှိဘူး.Jungwon ကခက်တာလို့မပြောချင်ပေမယ့် Heeseung ရဲ့ အပြုံးတွေနဲ့မျက်နှာက သူ့ကိုပိုပျော်ရွှင်စေတယ်လေ.
  အခန်းတစ်ခုထဲကိုဝင်လိုက်တော့ အထဲကကျောင်းသားအားလုံးက Sunoo နဲ့ Cheonsaကိုဝိုင်းကြည့်ကြသည်.
    "အဲ့ခုံမှာထိုင်"Cheonsa က ခုံတစ်လုံးကိုလက်ညှိုးထိုပြသည်.Sunoo ဝင်ထိုင်လိုက်သည်.Cheonsaကိုသူ့ဘေးမှာထိုင်မယ်ထင်ပေမယ့် မထိုင်.အဲဒီအစား သူ့ရှေ့ကခုံမှာဝင်ထိုင်သည်.
     "ဘာလဲ.ဘာလို့ ငါ့ဘေးမှာမထိုင်တာလဲ"
  "အဲဒ Jungwon ခုံလေ."ပြီးတော့ဘယ်ကထွက်လာမှန်းမသိတဲ့ကျော်ပိုးအိတ်ကိုဖွင့်ပြီးစာအုပ်တွေထုတ်လိုက်သည်.
     "အမ်.နေပါဦး.ငါ့မှဘာစာအုပ်မှမပါဘူးလေ"
   "အေး.အဲဒါပဲလေ."Cheonsa က နှုတ်ခမ်းတွန့်ရင်းပြောလိုက်သည်.
    Sunoo အောက်နှုတ်ခမ်းကိုကိုက်လိုက်သည်.မယုံနိုင်ဘူး.အရင်Heeseung နဲ့တုန်းကအကွက်ပြန်သုံးရလိမ့်မယ်လို့.
    နောက်ဆုံးတော့ Jungwon စာသင်ခန်းထဲကိုဝင်လာသည်.Sunoo ဆီကိုချက်ချင်းအကြည့်ရောက်လာပြီး အသက်ကိုရှိုက်ရှူလိုက်သည်.ပြီးတော့ Sunoo ဘေးနားကိုဝင်ထိုင်လိုက်ပြီး ကျောပိုးအိတ်ကို ခုံပေါ်ပစ်တင်လိုက်ပြီး စာအုပ်တစ်အုပ်ကိုဆွဲထုတ်လိုက်သည်.
    ခဏကြာတော့ ဆရာမဝင်လာသည်.ကျောင်းသားသစ်တွေကို မိတ်ဆက်ခိုင်းပြီး သင်ခန်းစာစဖို့ပြင်ဆင်သည်.Sunoo အသက်ကိုဝဝရှူလိုက်ပြီး Jungwon ဘက်ကိုမျက်နှာလှည့်လိုက်သည်.မျက်နှာကိုအတတ်နိုင်ဆုံးပြုံးထားပြီးပြောလိုက်သည်.
    "ဟိုလေ."
   Jungwon လှည့်ပင်မကြည့်ပဲ အသံတစ်ခုပြုလိုက်သည်.
    "ငါ့မှာ စာအုပ်မပါလို့ပါ"
   ဒီတစ်ခါတော့ Jungwon ကလှည့်ကြည့်လိုက်သည်.မျက်မှောက်ကိုကြုံ့ထားပြီး နှုတ်ခမ်းကိုတင်းနေအောင်စေ့ထားသည်
    "အဲဒါကြောင့် စာအုပ်လေးတူတူကြည့်လို့ရမလား...လို့ပါ"
   "ရတာပေါ့" Jungwon က ခံစားချက်မရှိ monotone နှင့်ပြောလိုက်သည်.ရုတ်တရက် အရှေ့ကိုတိုးလိုက်ပြီး Sunoo ဘက်ကို မှီချလိုက်သည်.Sunoo ထိုင်နေသည့်ခုံကို Jungwon ကသူ့ဘက်ကိုဆွဲလိုက်ပြီး အနားတိုးလိုက်သည်.Sunoo ရင်တွေခုန်သွားသည်.
    ကိုးရီးယားကားထဲကလိုပါပဲလား.
   Jungwon ကစာအုပ်ကို အလည်မှာထားလိုက်သည်.ပြီးတော့ Sunoo ကို တစ်ချက်ကြည့်ပြီးပြောလိုက်သည်.
    "အာရုံစိုက်"
    Sunoo ခေါင်းညိတ်ပြလိုက်သည်.
    စိတ်ညစ်ညူးစရာသင်ခန်းစာတွေပြောပြပြီးသည့်နောက်အတန်းချိန်ပြီးသွားသည်.Jungwon က နောက်သင်မယ့်ဘာသာအတွက်စာအုပ်တွေပြင်နေရင်း Sunoo ကိုကြည့်လိုက်သည်.Sunoo ကတုတ်တုတ်မျှမလှုပ်.
    "မင်း ဘာစာအုပ်မှမပါဘူးလား"
   "ဟို.ဟိုလေ..အခုမှ ကျောင်းပြောင်းလာလို့ပါ"
    Jungwon က လျှာကိုအသံထွက်အောင်လုပ်လိုက်သည် (စိတ်တိုသွားလို့ပါ).ပြီးတော့ရှေ့ခုံမှာထိုင်နေတဲ့ Cheonsa ကို လက်ညိုးထိုးပြသည်.
   "သူဆို အကုန်ပါတယ်"
  Sunoo သက်ပြင်းချလိုက်သည်.
    "ငါမေ့သွားလို့ပါ"
   Jungwon ကိုကြည့်ရတာအတော်စိတ်ရှုပ်နေသည့်ပုံပင်.သူSunoo ကို စိတ်အနှောင့်ဖြစ်စရာတစ်ခုလိုကြည့်လိုက်သည်.အဲဒါကြောင့် Sunoo လည်း သူ့ခုံကို ခပ်ဝေးဝေးကိုပြန်ဆွဲဖို့ကြိုးစားလိုက်သည်.
     "မနက်ဖြန် စာအုပ်မပါရင် တွေ့မယ်"
Jungwon က စာအုပ်တစ်အုပ်ကိုခုံပေါ်ဆွဲထုတ်တင်ရင်းပြောလိုက်သည်.

ခိမဲရာ💛Where stories live. Discover now