XXII

112 15 0
                                    

  Asahi သည် အတော်ဆိုးသော ကလေးဖြစ်သည်.Riki အနေနဲ့ သူသည် မွေးကတည်းကဆိုးခဲ့မည်ဟုထင်ပါသည်.Asahi သည်သူ့ကိုရိုင်းရိုင်းစိုင်းစိုင်းပြောသည်.တံတွေးနဲ့ထွေးသည်.တွန်းသည် တိုက်သည် ထိုးသည် ပြီးတော့ရိုက်နှက်သည်.ဘာအကြောင်းမှမရှိပဲလုပ်နေခြင်းကိုRiki နားမလည်ပါ.ပြီးတော့ Asahi တွင်အဖွဲ့တောင့်သည်.သူပေးကျွေးထားသောကောင်တွေကလည်း Riki ကို မျက်နှာလိုမျက်နှာရ အလကားနေ လာရိုက်သည်လေ.
   "ဘာလို့ ငါလဲ" နှစ်နှစ်နီးပါး အနိုင်ကျင့်ခံရပြီးနောက် မိုးသည်းထန်စွာရွာသည့်နေ့တွင် Riki ကမေးသည်.
   "မင်း ကမင်းမို့လို့ပေါ..ပြီးတော့ငါပျင်းလို့လေ."
  Riki သည် အဲနောက်ပိုင်း ဘာမှ မပြောတော့ပါ.သူဆရာတွေကိုတိုငါသည်.ကျောင်းအုပ်ကိုတိုင်သည်.မိဘတွေကိုပြောပြသည်.သူ့လုပ်ရပ်တွေက Asahi ကိုပိုဒေါသထွက်စေပြီး သူသူ ပိုအရိုက်ခံရသည်.
   သူ့မိဘတွေက အမြဲတိတ်ဆိတ်နေပြီး သူတို့က ပိုကိဆံရှိလူတန်းစားကိုကြောက်ကြသည်.သူတို့က Riki ကို သည်းခံဖို့သာပြောကြသည်.ကျောင်းကဆရာတွေကလည်း Riki ကိုတစ်ချက်သာကြည့်ပြီး ဘာမှမပြောသလိုဘာမှလုပ်မပေး.
   တစ်ခုကံကောင်းတာက သူနဲ့Asahi ကအတန်းမတူသဖြင့် သူရှောင်ထွက်ရတာလွယ်သည်.ကျန်တဲ့ကျောင်းသားတွေကလည်း သဘာဝကျစွာ Riki ကိုရှောင်ကြသည်.ဘယ်သူကမှ Asahi ရဲ့။ နောက် target မဖြစ်ချင်ပေ.အဲဒီအချိန်မှာ Sunoo က သူနဲ့သူငယ်ချင်း ဖြစ်လာခြင်းဖြစ်သည်လေ.
   Riki သည် ဒီကိုးရီးယားကျောင်းသားကို ဘယ်တုန်းကမှ အာရုံမစိုက်ဘူးပါ.ဒါပေမယ့် အခုအချိန်တွင် သူသည် တော်တော်များများကို သတိပြုမိနေပြီဖြစ်သည်.Sunoo သည် drama king ဖြစ်သည်.သူ့မှာ ပိုက်ဆံအမြဲရှိသည်.သူက Rikiပေါက်ကရပြောတဲ့အပေါစားဟာသတွေကိုလှိုက်လှိုက်လဲလဲရယ်မောသည်.ပြီးတော့ သူသည် Asahi ကို ရှောင်တဲ့နေရာမှာလည်းတော်သည်.
   ပြီးတော့ Sunoo သည် သူနဲ့နီးစပ်အောင် ကြိုးစားနေတာကို သူသတိထားမိသည်.သူတို့ပထမဆုံးကျောင်းဆေးခန်းကတည်းကနေ ခုချိန်ထိ.သူကတော့Sunoo ကိုချစ်မိနေပြီဖြစ်ပြီး Sunooငရော ဒါကိုသိရဲ့လားဆိုတာ သူသိချင်ပါသည်.

    "Final အတွက်စာကတကယ်လုပ်ရမှာလား..ကျွန်တော်ဘာမှမသိဘူးနော်"Sunoo က ryujin ရဲ့ လက်ဖက်ရည်စားပွဲကိုရိုက်ရင်းပြောသည်.လက်ဖက်ရည်အိုးက ခလွမ်ခနဲအသံမြည်သွားပြီး မဂ္ဂဇင်းစာအုပ်တွေက လွင့်ကုန်သည်.
    "စိတ်မပူပါနဲ့ .မင်းပုံတွေဆွဲခဲ့ရင်တောင်အောင်မှာပါ..Nishimura Riki လည်းအောင်မှာသေချာတယ်."
   သူတို့စာအတူလေ့လာကြသည်လေ.တကယ်တော့ Heart တွေတိုးလာဖို့အတူရှိခြင်းသာဖြစ်သည်.Sunoo သည်စာအုပ်ကိုလှန်ရင်းနှာခေါင်းရှုံ့သည်.သူသည်ကျောင်းဝတ်စုံဝတ်ထားပြီးကျောင်းသွားဖို့အဆင်သင့်ဖြစ်နေပြီဖြစ်သည်.
    "ချစ်ဖို့ကောင်းတယ်"Cheonsaက Sunooကိုပြောသည်.
    "Heart ကိုးခုတောင်ရနေပြီ.တော်တယ်"
   "အင်း"
    "ဒီနေ့က Rikiသေမယ့်နေ့လေ"
   sunoo သည် Riki ဘယ်လိုသေမည်ဆိုတကိုတော့မသိပါ.Cheonsa ကပြောသည်.
     "Asahi က သူ့ကိုသတ်လိုက်တာ"
အိုး...ဒါပေါ့ Riki ဇာတ်လမ်းမှာ Asahi က လူဆိုးဖြစ်သည်လေ.
    "အိုး..."Sunoo က ဒါပဲ Cheonsaကိုပြောခဲ့သည်.

ခိမဲရာ💛Tempat cerita menjadi hidup. Temukan sekarang