VII

215 27 0
                                    

Jungwon သည် စကားစပြောတတ်သောသူတစ်ယောက်မဟုတ်သလို သူများကစကားလာစပြောရင်လည်းပြန်ပြောတတ်သူမဟုတ်.တခြားသူများကိုယောင်လို့ပင် မကြည့်ပါ.အင်အားအပြည့်အဝနဲ့တက်ကြွပြီးပျော်ပျော်နေတတ်သောသူများကိုလည်းသူတွေ့ဖူးပါသည်.ဒီအတိုင်း စိတ်မဝင်စားရုံ.
Sunoo လည်းအဲလိုလူတွေထဲကတစ်ယောက်ဖြစ်သည်.မျက်နှာလှလှလေးနဲ့ ဖော်ရွေတတ်သောစရိုက်ရှိသည်.Jungwon ပြောနိုင်တာက Sunoo အပြုံးတွေက အတုတွေဖြစ်ပြီး စကားချိုချိုလေးတွေက ဒီအတိုင်းခံစားချက်အစစ်ကိုဖုံးထားဖို့အသုံးပြုထားတာဖြသ်သည်.
အဲဒါကြောင့်လည်း Jungwon စိတ်ဝင်စားမိသွားတာဖြစ်ရမည်.ဘာလို့ Sunoo လိုလူတစ်ယောက်က သူ့ကိုစကားပြောရတာလဲ.ပျော်ချင်ယောင်ဆောင်ပြီး စကားလာစရတာလဲ.ပြီးတော့ ဘာအဓိပ္ပါမရှိ.သူ့ကိုသဘောကျတယ်ဆိုပဲ.
သူရင့်ရင့်သီးသီးပြောခဲ့လို့ Sunoo ကသူ့ကို လျစ်လျူရှုလိုက်လို့ရပါသည်.ဒါပေမယ့် သူမလုပ်ခဲ့ပဲ.သူ့အနားမှာပဲ ပျော်ရွှင်နေပုံနဲ့ဆက်နေနေသည်.သူသဘောကျတယ်ဆိုတာတကယ်ပဲလားလို့ Jungwon စတင်တွေးမိလာသည်.
နေပါဦး..ဘာ..
Jungwon သူ့ပါးကိုသူရိုက်ပစ်လိုက်ချင်မိသည်.ရင်တွေခုန်မိနေတာလား.သူကလေ.Sunooကို..
ဟိုနေ့က ကမန်းကတန်း ဝန်ခံပြီးတဲ့အချိန်ကစပြီး Sunoo က အဲအကြောင်းနဲ့ပက်သက်ပြီး စကားတစ်ခွန်းမှမစ.အဲဒါက Jungwon ကို စိတ်မရှည်ဖြစ်စေသည်.
ဒါက ဘယ်လိုလုပ်ရတာလဲ.Sunoo ကသူ့ကိုကြိုက်တယ်ဆို.အဲဒါဆိုကြိုက်တဲ့သူက သူ့ကိုလိုက်ရမှာမဟုတ်ဘူးလား.ငါ့ကို date လုပ်ဖို့ ခေါ်ရမှာလေ.ငါ့ကို ကြူနေရမှာလေ.
Jungwon အနေနဲ့ crush ခံရတာနဲ့ နေသားမကျသေးတာလည်းဖြစ်မှာပါ
Sunoo မတ်တပ်ရပ်လိုက်သည်ကိုကြည့်ပြီး Jungwon စိတ်ရှုပ်သွားသည်.
"နေ့လည်စားစားချိန်လေ.မင်း မစားဘူးလား"
"အမ်..အာ.ဒါပေါ့"
မနေ့ကအတိုင်းပဲ သူတို့နေ့လည်စာစားကြသည်.နောက်ထပ်ကျောင်းသားသစ်ရောအတူပေါ့.Sunoo က ပုံမှန်အတိုင်းစကားပြောသည်.စားသည်.ထွေရာလေးပါးလျှောက်မေးသည်.ဒါပဲ.
Jungwon လည်း ရှည်ရှည်ဝေးဝေးလျှောက်မတွေးတော့ပဲ အိမ်ကိုတစ်ယောက်တည်းပြန်လာခဲ့လိုက်သည်.Headphone ကနေသီချင်းကိုနားထောင်ရင်း(ကံဆိုးစွာနဲ့ တစ်ဖက်ကမကောင်းပါ) သူ့ရဲ့ အရင်က ပုံစံကိုပြန်ရအောင်ကြိုးစားနေသည်
အဲလိုနဲ့ပဲ တစ်ပတ် ပြည့်သွားသည်.Jungwon သူ့ကိုယ်သူ Sunoo ဆီကနေ ဘာကိုမျှော်လင့်နေမိမှန်းမသိပါ.
Sunoo ကိုသူခိုးကြည့်နေတာ မိသွားတဲ့အချိန် Jungwon သေလောက်အောင်ရှက်သွားသည်.
"မင်းကြားလိုက်လား"
"အမ်.ဘာ"
Sunoo ကမြင်နေကျအတိုင်းပြုံးနေသည်.သူ့ကိုကြည့်ရတာ pinterest ထဲကပုံထဲကိုရောက်သွားသလိုမျိုး.
"အခု assignmentမတွက် ငါတို့ကpartnerတွေလေ."
"အဓိပ္ပါယ်မရှိတာ"Jungwon ဆဲလိုက်သည်.
အနုပညာ assignmentဖြစ်ပြီး muse ဆိုတာဘာလဲဆိုတာကို ကိုယ်နားလည်သလိုတင်ပြရမှာဖြစ်သည်.
"နေ့စဥ်ဘဝဆိုရင်ရော"Sunoo က ပြောသည်.
"ငါနားမလည်ဘူး"Jungwon ကရိုးသားစွာပြောသည်.
"ဒီလိုလေ နေ့စဥ်ဘဝက နေ ဘယ်လိုအပြောင်းအလဲလေးတွေလုပ်လို့ရလဲဆိုတာမျိုး.သိတယ်မလား.ညနေပိုင်းစျေးဝယ်ထွက်တာမျိုး.ဒါမှမဟုတ် အလုပ်အကြာကြီးလုပ်ပြီး ညဘက်မှာကားထွက်မောင်းတာမျိုး"
"အာ..အိုကေ"
"ငါတို့လည်း ငါတို့ museကို အဲလိုလိုက်ရှာသင့်တယ်.ငါတို့အပြင်ထွက်ရအောင်လေ"(He uses go out together)
"ဟေး.."
"အဲဒါက pinterest ထဲက date လိုမျိုးလေ.asthetic vibeပေါ့."Sunoo က ဘယ်တော့မှ ေမှးမှိန်မှာမဟုတ်တဲ့ အပြုံးတစ်ခုကို Jungwon ကိုပေးလိုက်သည်.
Jungwon သည်Sunooကို ငေးကြည့်ရုံသာတတ်နိုင်ခဲ့ပါသည်.သိုသော် စိတ်ထဲကနေ သူကြိတ်ပြီးကျေနပ်သွားသည်.နောက်ဆုံးတော့ Sunoo ကသူ့ကို dateဖို့ခေါ်ခဲ့လေပြီ.ကျောင်းက assignmentဘာညာ သူစိတ်မဝင်စား.အဓိက ကသူတို့နှစ်ယောက်တူတူရှိနိုင်ပြီလေ.
Jungwon စိတ်မဝင်စားသလိုနှာခေါင်းရှုံ့ရင်းပြောလိုက်သည်.
"မင်းဘာသာကြည့်လုပ်လိုက်.ငါကတော့စိတ်မဝင်စားဘူး"
သူတို့နှစ်ယောက်ဖုံးနံပါတ်တွေ အချင်းချင်းပေးလိုက်ပြီး Sunoo က သူဆက်သွယ်လိုက်မည်ဟုပြောသည်.Jungwon အိပ်ယာပေါ်မှာတောင့်တောင့်ကြီးထိုင်နေရင်း ဖုန်းထဲကို message ရောက်လာဖို့စောင့်နေလိုက်သည်.
messageတော့မရောက်ပဲ ဖုန်း call တစ်ခုသာရောက်လာသည်.
Jungwon အရမ်းလန့်သွားပြီး ဖုန်းကိုအိပ်ယာပေါ်ကိုပစ်တင်လိုက်ပြီး ဖုန်းသံရပ်သွားတာကိုစောင့်နေလိုက်သည်.ဒါပေမယ့် Sunoo ကခေါင်းပိုမာသည်လေ.သူက Jungwon စိတ်လှုပ်ရှားတာကနေတည်ငြိမ်လာပြီး ဖုန်းလာကိုင်သည့်အချိန်အထိ တောက်လျှောက်ဖုန်းခေါ်ခဲ့သည်.
"အော်.ဟော်.နောက်ဆုံးတော့ဖုန်းကိုင်ခဲ့ပြီပေါ့.ဘယ်တွေရောက်နေတာလဲ."ဖုန်းထဲကနေတောင် Sunoo လေသံကအတူတူပင်.တက်ကြွပြီး ပေါ့ပါးနေသည်.Jungwon တွေးမိသည်.ခုချိန်Sunoo မျက်နှာထားကဘယ်လိုဖြစ်နေမလဲ.ပြုံးနေမလားဒါမှမဟုတ် စိတ်ရှုပ်နေတဲ့ပုံဖြစ်နေမလား.
"ကျောင်းနားက မြစ်ကမ်းဘေးနားမှာတွေ့ရအောင်.အဲနေရာကလူရှင်းတယ်.ပြီးတော့ဖုန်းဖြစ်ဖြစ် cameraဖြစ်ဖြစ်ယူခဲ့"
"ကောင်းပြီ"Jungwon အားတင်းပြီးပြောလိုက်တဲ့စကားကတော့အဲဒီနှစ်လုံးသာဖြစ်သည်.
Sunoo ကဒီလိုအပြင်ထွက်တာကို Date လို့ပြောခဲ့တာကိုသူမှတ်မိသည်.Jungwon သူ့ကိုယ်သူ အရမ်းမျှော်လင့်မိမှာလည်းစိုးသည်.ဒါကြောင့်သူ သမားရိုးကျသာဝတ်ဆင်လိုက်သည်.ခေါင်းပေါ်ကဆံပင်ကိုလက်နဲ့တစ်ချက်နှစ်ချက်သပ်ချလိုက်ရင်း အပြင်ထွက်ခဲ့လိုက်သည်.
Sunoo ပြောသလိုပင်.မြစ်ကမ်းဘေးမှာ လူသိပ်မရှိ.မြက်ခင်းပြင်ကစိမ်းနေပြီး စိုနေသည်.နေဝင်ခါနီးအလင်းရောင်က မြစ်ပေါ်ကိုရောင်ပြန်ဟပ်နေသဖြင့် ကောင်းကင်အရောင်က လိမ်မော်ရောင်တောက်ပနေသည်.
"ကောင်းတယ်မလား."Sunoo ကမေးသည်.
"မင်းဘာတွေယူလာတာလဲ"Jungwon ကမေးသည်.
"Oh.ပန်းချီဆွဲတဲ့ ဟာလေးတွေရယ်.စားဖို့သောက်ဖို့လေးတွေရယ်လေ.picnic dateလေ"
Sunoo က ကော်ဇောတစ်ခုကိုထုတ်ခင်းလိုက်သည်.သူတို့နှစ်ယောက်လုံး ထိုင်လိုက်ကြသည်.Jungwon သူ့ကိုယ်သူ အမှားမလုပ်မိအောင်ထိန်းသိမ်းနေသည်.သူပျော်သည်.Sunoo သည် ခရမ်းရောင် crop top ကို ဂျင်းဘောင်းဘီနဲ့တွဲဖက်ဝတ်ဆင်ထားသည်.သူကအရမ်းကြည့်လို့ကောင်းတာပဲ.
ညနေဘက်လေအေးတွေတိုက်လာသည်.Jungwon က နဖူးပေါ်ကဆံပင်ကိုအပေါ်ကိုသပ်တင်လိုက်တဲ့အချိန်မှာ ကလစ် ဆိုတဲ့အသံကိုကြားလိုက်ရသည်.
"ဘာလုပ်တာလဲ"
Sunoo က polaroid cameraကိုကိုင်ရင်း ထွက်လာတဲ့ဓာတ်ပုံကို ခါလိုက်ရင်းJungwon ကိုပြုံးပြလိုက်သည်.
"ချစ်ဖို့ကောင်းလို့"
Jungwon မျက်မှောင်ကြုံ့လိုက်ရင်း လျှာကိုအသံထွက်အောင်လုပ်လိုက်သည်.စိတ်ဆိုးပုံဆောင်နေသော်လည်းသူ့ပါးတွေရဲတက်လာပြီဖြစ်သည်.သူငြိမိငြိမ်လေးထိုင်ရင်း Sunoo သူ့ကိုပေးတဲ့ လိမ်မော်ဖျော်ရည်ဘူးကိုသောက်နေလိုက်သည်.
ဖျော်ရည်က သူ့လည်ချောင်းထဲကို ချောချောမွေ့မွေ့ရောက်သွားပေမယ့် အရသာကလျှာပေါ်မှာ ကျန်ခဲ့သည်.Sunoo လည်းသူနဲ့တူတူလိမ်မော်ဖျော်ရည်ကိုသောက်နေတာကို ကြည့်လိုက်သည်.Sunoo က လိမ်မော်ကိုကြိုက်တာလား.မကြိုက်ပဲနဲ့ကြိုက်ချင်ယောင်ဆောင်ပြီးသောက်နေတာလား.
"ငါ့ကိုလည်း ဓာတ်ပုံရိုက်ပေး.assignmentအတွက်ပုံတွေအများကြီးလိုတယ်"Sunooကပြောသည်.
Jungwon နည်းနည်းတွန့်သွားသော်လည်း သူဖုန်းကိုထုတ်လိုက်ပြီး Sunoo ကို ဓာတ်ပုံရိုက်ပေးလိုက်သည်.Sunoo ကြည့်ရတာအရမ်းသက်တောင့်သက်သာဖြစ်နေသည့်ပုံမျိုး.မျက်လုံးတွေကိုမှိတ်ထားပြီး နှုတ်ခမ်းပေါ်မှာ အပြုံးဖျော့ဖျော့လေးရှိသည်.နဖူးပေါ်ကဆံပင်တွေကို လက်တစ်ဖက်နဲ့သပ်တင်လိုက်သည်.Jungwon သူတတ်နိုင်သမျှ အကောင်းဆုံး ရှုထောင့်တွေကနေ ဓာတ်ပုံတွေရိုက်ပေးလိုက်သည်.
သူတို့ပန်းချီနည်းနည်းဆွဲကြသည်.တဖြည်းဖြည်းနဲ့နေဝင်သွားပြီဖြစ်သောကြောင့် ပြန်ဖို့အချိန်ရောက်ပြီဖြစ်သည်.Sunoo ချမ်းလို့ ကိုယ်လုံးလေးကိုကျုံ့ထားလိုက်သည်.
"မင်းကအရူးပဲ.ဒီလိုအချိန်အေးတတ်တာမသိဘူးလား."
Jungwon က သူ့ကုတ်အကျီကိုချွတ်လိုက်ပြီး Sunoo ကိုကမ်းပေးရင်းဆူလိုက်သည်.
"မင်းရော မအေးဘူးလား"
"ငါကဘာမှမဖြစ်ဘူး.မင်းကသာ.ဗိုက်ပေါ်နေပြီ."Jungwon လေသံကဒေါသသံပါနေသော်လည်းသူ့နားရွက်ဖျားတွေရဲနေသည်.
"ဟုတ်ပါ့နော်"
သူတို့နည်းနည်းလျှောက်ပြီးသည့်နောက်မှာ Jungwon ရပ်လိုက်သည်.
"ငါက ဒီကနေ ပြန်မှာ"
"အာ..အိုကေ Jungwonie. မနက်ဖြန်တွေ့ကြတာပေါ့.bye bye" Sunoo က ကုတ်အကျီကိုပြန်ပေးမယ်လုပ်သော်လည်း Jungwon က Sunoo လက်ကောက်ဝတ်ကို ကိုင်လိုက်ရင်း တားလိုက်သည်.
"အာ..သိမ်းထားလိုက်.မဟုတ်ဘူး ငါပြောချင်တာက ဝတ်ထားပါ"
Sunoo ပြုံးပြရင်း
"ကျေးဇူး"ဆိုပြီး ထွက်လာလိုက်သည်.Jungwon က ရပ်နေဆဲပင်ဖြစ်သည်.
"မင်း.မင်း မင်းကို အိမ်အထိလမ်းလျှောက်ပြီး လိုက်ပို့ပေးရမလား"Jungwon က Sunoo ကိုမကြည့်နေပါ.သူအရမ်းစိတ်လှုပ်ရှားနေတာဖြစ်သည်.ထိုစကားတွေကလည်း သူအကောင်းဆုံးကြိုးစားပြီးပြောနေတာဖြစ်သည်.
"အိုး.ရပါတယ်.အိမ်ကဒီနားလေးတင်.ကျေးဇူး.Jungwonie. "
Jungwon သူ့စိတ်လှုပ်ရှားမှုကိုအတတ်နိုင်ဆုံးမျက်နှာမှာမပေါ်အောင်ထိန်းသိမ်းရင်း နှုတ်ဆက်စကားဆိုပြီး ထွက်သွားသည်.သူလှည့်ထွက်လိုက်သည့် အချိန်မှာပဲ သူ့ခေါင်းပေါ်မှာ နောက်ထပ် Heart လေးတစ်ခု ထပ်ပေါ်လာသည်.

🧡🧡

ကော်ဖီဆိုင်မှာ Sunoo တခြားမိန်းကလေးတွေနဲ့သိပ်မဆုံဖြစ်ပါ.timelineမတူတာရော.အလုပ်လုပ်နေကြတာရောကြောက့်ဖြစ်သည်.သို့သော် ဒီနေ့ သူ Juliaကလွဲ အားလုံးကိုတွေ့ရသည်.
"Juliaက mission တွေအားလုံးပြီးသွားပြီ.အဲဒီတော့ သူ့ universe ကိုပြန်တော့မှာ."
Yunaက Sunoo ကိုပြောပြသည်.
Caheyoung က ရုတ်တရက်ထရပ်လိုက်သဖြင့် သူ့ခုံက ကြမ်းပြင်ပေါ်လဲကျသွားသည်.စကားတစ်ခွန်းမှ မပြောပဲ သူမ ထွက်သွားသည်.
"စိတ်မပူပါနဲ့.သူကJuliaကသူ့ကိုမပြောပဲထားထားလို့လေ"
Sunoo garlic bread ကို ကိုက်လိုက်ရင်းခေါင်းညိတ်လိုက်သည်.
"မင်းကအခု ဒုတိယတစ်ယောက်မို့လား.အဆင်ပြေလား.ဘယ်လိုနေလဲ "
"မဆိုးပါဘူး "
"ဒုတိယ တစ်ယောက်က သိပ်တော့မခက်သေးပါဘူး.တစ်ဖြည်းဖြည်းနဲ့ပိုခက်လာလိမ့်မယ်.ခြောက်ယောက်မြောက်က အခက်ဆုံးပဲ.Juliaဆို ငါးနှစ်တောင်ကြာတယ်"
Yeji သူ့ကိုဘာလို့ဒါတွေလာပြောနေမှန်း Sunoo နားမလည်ပါ.ဒါပေမယ့် သူပိုပြီးခက်လာမယ်ဆိုတာသိလိုက်ရသည်လေ.
အခန်းထဲကိုဝင်လိုက်တော့ Cheonsa ကိုတွေ့လိုက်သည်.
"oh.hello."
"ပေးစရာရှိလို့"
"ဟုတ်လား.ဘာလဲ"
Cheonsa က Sunoo ကိူအနားကပ်လာဖို့လက်ဟန်ပြလိုက်သည်.ပြီးတော့ Sunoo လက်ထဲကိုအစိမ်းရောင် guitar pick ေလးထည့်ပေးလိုက်သည်.
"ဒါက"
"mission တွေက အမှတ်တရပစ္စည်းတွေကို သိမ်းထားဖို့ခွင့်မပြုဘူး"
Sunoo guitar pick လေးကိုဂရုတစိုက်ကိုင်လိုက်သည်.ဒါက Heeseung ဆီကဖြစ်သည်လေ.
"အဲဒါဆို ဘာလို့ပေးတာလဲ"
"ငါguideလုပ်ပေးရတာမင်းတစ်ယောက်တည်းမဟုတ်ပါဘူး.ဒါပေမယ့် မင်းနဲ့ အလုပ်လုပ်ရတာပျော်တယ်.အဲဒါကြောင့် ပျော်လို့လက်ဆောင်ပေးတာလို့ပဲ တွေးလိုက်ပေါ့"
Sunoo လက်ထဲက guitar pick လေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်သည် အဲဒီအချိန် သူ့မျက်လုံးတွေ ဝါးလာသည်.သူ တော်တော်လွယ်လွယ် ငိုတတ်တာပဲ..

19.3.2024

ခိမဲရာ💛Where stories live. Discover now