XVII

86 16 0
                                    

သူ့အနေနဲ့ သူဟာ Jaeyun ကိုချစ်နေပါတယ်ဆိုတာကို Jaeyun ယုံအောင်လုပ်ဖို့သာကျန်တော့သည်. ချစ်တယ်ဆိုတဲ့စကားပြောလိုက်တာနဲ့ mission ပြီးသွားမှာဖြစ်သည်.
    "အိမ်ပြန်လိုက်ပို့ပေးလို့ ကျေးဇူးပါ"Sunoo သည် နေကြာပန်းစည်းကို ကျစ်ကျစ်ပါအောင်ကိုင်ထားရင်းပြောလိုက်သည်.
    "ရပါတယ် မနက်ဖြန်တွေ့ကြတာပေါ့.ဒီနားလေးမှာ ကိုယ်တို့မသွားရသေးတဲ့ ကိတ်မုန့်ဆိုင်တသ်ခုရှိသေးတယ်သိလား.တကယ်ကိုပဲ.ဒီနားမှာကော်ဖီဆိုင်တွေဘယ်လောက်များလိုက်သလဲ."   Jaeyun က ရယ်ရင်းပြောသည်.
   "ဒါပေါ့.မနက်ဖြန်သွားကြမယ်လေ"
    ."okay..Bye"
   Jaeyun ထွက်သွားသည်ကို Sunoo ကြည့်နေမိသည်.Jaeyun ခေါင်းပေါ်က heart ဆယ်ခုကိုကြည့်နေရင်း သူခံစားချက်တွေကိုဘယ်လိုဝန်ခံရမလဲတွေးမိနေသည်.(တကယ်မရှိတဲ့ခံစားချက်များကိုဆိုလိုပါသည်)
   သူလုပ်လုနီးပါးပါပဲ.သူJaeyun ကိုခေါ်မိတော့မလိုပါပဲ.
    ကျွန်တော် ခင်ဗျားကိုချစ်တယ်.......
   သို့သော် Sunoo မလုပ်နိုင်ပါ.သူအဲလောက် အသည်းမမာပါ.
    မနက်ဖြန်.ဟုတ်ပြီ မနက်ဖြန်ရောက်ရင် Jaeyunနဲ့တွေ့မယ် တွေ့ပြီးခါတိုင်းလိုပဲဟန်ဆောင်လိုက်မည်.Jaeyun က သူ့အိပ်မက်တွေသူ့အနာဂတ်တွေအကြောင်းပြောရင် လိုက်နားထောင်လိုက်မည်.ပြီးရင်သူတို့ အိမ်ပြန်ကြမည်.ပြီးရင် နောက်ရက်တွေမှာ Jaeyun နှင့်ထပ်တွေ့မည်​.ဒီလိုပဲ ထပ်ခါထပ်ခါ လုပ်မည်.နောင်ကျရင် Jaeyun ကို Sunoo ပြန်တွေ့နိုင်တော့မည်မှမဟုတ်တာ.အဲဒီတော့ အချိန်ကောင်းကောင်းယူရမည်ဖြစ်သည်.

    သူတို့အားလုံး Hikaru ရဲ့ ပထမဆုံး mission အောင်မြင်သွားလို့ပွဲလုပ်ပေးကြသည်.Sunoo တုန်းကတော့မလုက်ခဲ့ပေ.ဘာလို့လဲဆိုတော့ Sunoo က ပျော်ရသည့်အမှတ်တရဟုမထင်မိသောကြောင့်ဖြစ်သည်.သို့သော် Hikaru ကိုကြည့်ရတာ ပျော်နေပုံပင်.သူမသည် Yunaရဲ့ စကားတွေကိုရယ်မောနေသလို Yeji ရဲ့မလိုပဲပေးတဲ့အကြံတွေကိုလည်းနားထောင်နေသည်လေ.ဘာပဲပြောပြော ပထမဆုံး mission ကို အချိန်ခဏလေးနှင့်ပြီးသည့်အတွက် သူမအတော်တော်သည်ကိုတော့လက်ခံရမည်ဖြစ်သည်.
    "မကောင်းဘူးလို့မခံစားရဘူးလား"Sunoo က Hikaru ကိုမေးသည်.သူတို့ပြင်ဆင်ထားသည့်အဆင်အပြင်တွေကို Sunoo ကြည့်လိုက်သည်.ပူဖောင်းတွေ လက်လက်ထနေတဲ့ဖဲကြိုးတွေ က Ryujin ရဲ့လက်ဖက်ရည်စားပွဲကိုတောင်ရောက်နေသည်.
    "ဘာလို့လဲ"Hikaru က ဘာမှန်းမသိထူးဆန်းတဲ့ ခွက်တစ်ခွက်ကိုသောက်ရင်းမေးလိုက်သည်.
   "မင်းရဲ့ mission ကလူတွေကိုလေ.သူတို့ကိုမင်းပြန်တွေ့ရမှာမဟုတ်တော့ဘူးလေ.မင်းက သူတို့နဲ့အတိုင်းအတာတစ်ခုအထိရင်းနှီးခဲ့ပြ​ီးမှလေ"
    "အော်.အဲဒါကိုပြောတာလား.အဲလိုဆိုရင်တော့ မကောင်းဘူးလို့မခံစားရဘူး"
   "ဘာလို့လဲ"
   Hikaru က သူမပုခုံးကိုတွန့်လိုက်သည်.
   "ဘာလို့လဲဆိုတော့ ညီမကမ္ဘာမှာ ညီမကိုစောင့်နေတဲ့သူရှိတယ်လေ.အဲဒီလူနဲ့ပြန်တွေ့ချင်ရင် ဒီ mission ကလူတွေကို တွယ်ငြိနေလို့မဖြစ်ဘူးလေ"
   Sunoo က Yuna နဲ့ Yejiကိုကြည့်လိုက်သည်.
   "မင်းတို့ကရော."
  Yuna ကပြုံးရင်းပြန်ပြောသည်.
    "နည်းနည်း တော့ဆိုးတယ်ထင်မိတာပေါ့.ဒါပေမယ့် အရမ်းမတွေးမိဖို့ကြိုးစားရတယိလေ.နို့မို့ ငါမပြန်နိုင်ပဲနေမှာပေါ့"
    "ငါကတော့ ငါက ရုပ်ရှင်ထဲရောက်နေတယ်လို့ပဲတွေးလိုက်တယ်လေ.ငါကမင်းသမီးပေါ့.သူတို့က မင်းသား တွေမင်းသမီးတွေပေါ့.ပြီး တော့သရုပ်ဆောင်လိုက်တာပဲ"
  Yeji ရဲ့ pro ဆန်သောစကားများဖြစ်သည်.Sunoo သူတို့လိုဖြစ်ချင်ပါသည်. သူသည် mission ထဲကလူတွေကိုလူအစစ်မဟုတ်ဘူးဟု ခံစားမိချင်ပါသည်.
    ကောင်းတာတစ်ခုကတော့ဒါတွေအားလုံးပြီးရင် သူအားလုံးကိုမေ့ဖို့ရွေးနိုင်သည်လေ.Heeseung ရဲ့အသံ.Jungwon ရဲ့ ပန်းချီဆေးပေနေတဲ့လက်တွေ.Jongseong ဆီကရတတ်တဲ့ စာအုပ်တွေရဲ့အနံ့. ပြီးတော​့ Jaeyun ရဲ့နွေးထွေးမှု..သူဘယ်လောက်ပဲ နှလုံးသားထဲထိသိမ်းထားချင်မိပါစေ.သူမသိမ်းထားနိုင်ပေ.အရမ်းနာကျင်ခံစားရသောကြောင့်ဖြစ်သည်.
   သူ ကုတ်အကျီအရှည်တစ်ထည်ကိုဝတ်လိုက်ပြ​ီး အပြင်ထွက်ဖို့ ပြင်လိုက်သည်.ရာသီဥတုက ပိုအေးလာပြီဖြစ်သည်.Jaeyun ပေးထားတဲ့ နေကြာပန်းတွေကို သူပန်းအိုးထဲထည့်ထားသည်.အဲဒီနေကြာပန်းတွေကို resin လောင်းပြီးသိမ်းထားဖို့ သူစဥ်းစားထားသည်.(Jaeyun ဆီက အမှတ်တရအနေနှင့်)
   သူအပြင်မထွက်ခင် Ryujin ကပြောသည်.
   "သတိထားနော်Sunny.အရာအားလုံးက ဒီနေ့အဆုံးသတ်လိမ့်မယ်"
   Ryujin ဘာကိုဆိုလိုချင်မှန်းသူမသိ.
   Busမှတ်တိုင်မှာ သူJaeyun ကိုစောင့်နေလိုက်သည်.အဲဒါကသူတို့ဆုံနေကြနေရာဖြစ်သည် များသောအားဖြင့် Jaeyun က အရင်ရောက်နေတတ်သည်.တကယ်လို့နောက်ကျရင်တောင်ငါးမိနစ်ဆယ်မိနစ်သာဖြစ်သည်.
    မိနစ်သုံး်ဆယ်ကျော်နေပြီဖြစ်သည်.Jaeyun ခုထိမလာသေးသောကြောင်​့ Sunoo ဖုန်းခေါ်လိုက်သည်.messageပို့သည်.Jaeyun ဖုန်းမကိုင်သလို messageလည်းပြန်မပို့ပါ
   တစ်နာရီကျော်သွားတဲ့အချိန်မှာ Sunoo စိတ်တွေလှုပ်ရှားလွန်းလို့တုန်ယင်နေတဲ့လက်တွေနဲ့ Jaeyun ကိုအဆက်မပြတ်ဖုန်းခေါ်နေပြီဖြစ်သည်.ပထမဆုံး နှင်းကျလာပြီဖြစ်သည်.နှင်းမှုန်လေးတွေက Sunoo ဆံပင်နှင့် ကုတ်အကျီပေါ်ကို တအိအိကျလာသည်.
    "ကျေးဇူးပြုပြီး ဖုန်းကိုင်ပါ ဖုန်းကိုင်ပါ "
  "ကလစ်"
    "အိုး..ဘယ်လိုတောင်လား တစ်နာရီတောင်ကျော်နေပြီလေ."Sunoo စကားပြောနေရင်း ပလက်ဖောင်းပေါ်ကို လဲကျတော့မတတ်ခံစားရသည်.
   "......"
     "Jake"
    "သူမရှိဘူး"
  အမျိုးသမီး အသံဖြစ်သည်.
    "Dayeon? ?"
    သူမက ဖုန်းကိုချလိုက်သည်.စိတ်လှုပ်ရှားလွန်းစိတ်ဖိစီးလွန်းလို့ Sunoo မျက်ရည်တွေကျလာသည်.သူနဲ့ jaeyun ပြောထားသည့်messageတွေထဲကနေ Jaeyun လိပ်စာကို သူအလောတကြီးလိုက်ရှာသည်. တွေ့တာနဲ့ သူပြေးသည်.သူလုပ်နိုင်ပါ့မလားဆိုတာသူမသေချာပါ.သူ့ခြေထောက်အောက်က နှင်းတွေကတော့အရည်ပျော်ကုန်သည်.
   သူပြေးနေတုန်း လူနာတင်ကားအသံကြားသည်.Jaeyun မဟုတ်ပါစေနဲ့လို့ဆုတောင်းမိသည်.မဟုတ်နိုင်ဘူးလေနော်.သူ အသက်ရှုရခက်လာသည်.
   မဟုတ်ဘူး မဟုတ်ဘူး..ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး.. ကျေးဇူးပြုပြီး.. နောက်တစ်ခါမဖြစ်ပါနဲ့..
   သူလက်ခုံနှင့်မျက်ရည်တွေကိုသုတ်လိုက်သည်.သူ Jaeyun တိုက်ခန်းနားကိုရောက်လာပြီဖြစ်သည်.
   တိုက်ခန်းကိုသူရောက်တော့ လူနာတင်ကားလည်းရောက်နေပြီဖြစ်သည်.ရဲတွေလည်းရှိသည်.ရဲအရာရှိနှစ်ယောက်က Dayeon နှင့်စကားပြောနေကြသည်.နှင်းတွေတဖွဲဖွဲ ကျလာပြီး နေရောင်ကိုမမြင်ရတော့.
    လူနာထမ်းစင်တစ်ခု ထွက်လာပြီး ထမ်းစင်ပေါ်ကလူကို Sunoo သိလိုက်ပြီဖြစ်သည်.

ခိမဲရာ💛Where stories live. Discover now