XVI

108 19 2
                                    

Sunoo အနေနဲ့ ဇာတ်သိမ်းမကောင်းတဲ့ရုပ်ရှင်ကားကို spoil ခံထားမိတဲ့သူလိုမျိုးခံစားရသည်.အဆုံးသတ်မကောင်းတာကိုသိနေရက်နဲ့တောင် သူဒီရုပ်ရှင်ကိုပျော်ပျော်ကြီးကြည့်နေမိတဲ့သူလိုမျိုး.
    Jaeyun က နမော်နမဲ့နိုင်သည်. တော်တော်ကို ပစ်စလက်ခတ်နိုင်သည်ပြောရမည်.Sunoo စိတ်ဝင်စားမည့် အကြောင်းအရာကို သူရှာဖွေပြောနေသည့်ပုံကလည်းချစ်ဖို့ကောင်းပါသည်.ပြီးတော့သူက ေကာင်းကောင်းနားထောင်တတ်သည်.Sunoo စိတ်ဓာတိကျနေချိန်မှာလည်း စကားကောင်းကောင်းပြောပေးတတ်သည်.
     "အချစ်ဦးလား"
    "ဟမ်.ဘာ"
    "မင်းကြည့်ရတာ အချစ်ဦးကိုဆုံးရှုံးထားသလိုပဲ.အချစ်ဦးလား အချစ်ဆုံးလား"
   Jaeyun ကစကားအဆုံးမှာ နေရခက်သလိုမျိုးပုံစံနဲ့ရယ်လိုက်သည်.
     "ဘာလို့အဲလိုထင်ရတာလဲ"Sunoo စိတ်တိုတဲ့လေသံမပေါ်အောင်ထိန်းပြီးမေးလိုက်သည်.သူဘာကိုစိတ်တိုမိနေတာလဲ.သူ့ရဲ့ အရင်mission ကလူတွေကြောင့်လား.ဒါမှမဟုတ် သူ့ကိုယ်သူလား.Sunoo မသိတော့ပါ.
    သူနှင့် Jaeyun သည် ​ေပါင်မုန့်ဆိုင်တစ်ဆိုင်တွင်ရှိနေကြခြင်းဖြစ်သည်.Jaeyun က သူအလုပ်ရှာနေသည်ကိုအကြောင်းပြပြီး Sunoo ကို ကော်ဖီဆိုင်တကာလှည့်ခေါ်နေခြင်းဖြစ်သည်.
     "မင်းပြောသလောက်ပဲ ကိုယ်သိတာပါ.အတိတ်အကြောင်းပြောရင်မင်းကြည့်ရတာ လွမ်းဆွတ်နေသလိုမျိုးမို့လို့လေ.လူတစ်ယောက်ယောက်ကို သတိရနေတာလား"
    Sunoo နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး စားပွဲပေါ်ကသူမှာထားတဲ့ pancakesတွေကိုကြည့်လိုက်သည်.သူ့လက်ဖျားလေးတွေရဲနေသလို သူ့မျက်လုံးတွေလည်းရဲနေလောက်ပြီဖြစ်သည်.သူဘာတွေလုပ်ခဲ့မိပါသလဲ.သူသည် လူလိမ်တစ်ယောက်.လှည့်စားတတ်တဲ့သူတသ်ယောက်သာဖြစ်သည်.သူ Heeseung ကိုလိမ်ခဲ့သည်.Jungwon ကိုမကယ်နိုင်ခဲ့.Jongseong နှင့်ချစ်မိခဲ့သည်.ဒါတွေအကုန်လုံးက အမှားတွေသာဖြစ်သည်.အားလုံးက သူ့အမှားတွေသာဖြစ်သည်.
    အေးလည်းအေး နာလည်းနာကျင်ရလို့ သူ သူ့နှုတ်ခမ်းတွေကိုကိုက်လိုက်ပြီးမငိုမိအောင်ထိန်းလိုက်သည်.ငိုချင်မရပေ.ဘာလို့ငိုရမည်လဲ.Jaeyun ကိုလိမ်ဖို့လား.Jaeyun ကိုရော ထပ်ပြီး လှည့်စားမလို့လား.
    Sunoo လက်ထက် sizeပိုကြီးတဲ့လက်ဖဝါးတစ်ခုက Sunoo ရဲ့မျက်ရည်ဝိုင်းနေတဲ့ မျက်ဝန်းရှေ့ကိုရောက်လာသည်.Jaeyun က Sunoo လက်ကိုအုပ်ကိုင်လိုက်သည်.Jaeyun လက်တွေက ကြမ်းတမ်းသည်. နွေးထွေးသည်.သက်တောင့်သက်သာ ရှိသည်.Sunoo သည် Jaeyun လက်တွေကိုmoisturizerလိမ်းပေးသင့်သည်ဟုတွေးမိပြီးပြုံးလိုက်သည်.
     "ပြဿနာတစ်ခုခုရှိလို့လား"
   "ကျွန်တော်က မှ ပြဿနာကောင်ပါ"
    Jaeyun က Sunoo ဘေးနားကို လာထိုင်သည်.Jaeyun ဆီက Vanilla အနံ့ လေးရသည်.Ryujin ကောင်းမှုကြောင့် Sunoo ဒီရက်ပိုင်း vanilla လက်ဘက်ရည်တွေချည်းသောက်နေရသောကြောင့် ရနေကျအနံ့တစ်ခုရလိုက်သောအခါ စိတ်သက်သာရာရသွားသည်.
    "အဲလို မပြောပါနဲ့.အဆိုးတွေမတွေးရဘူး"
   "ကျွန်တော့ကို ကျွန်တော်မုန်းတယ်.ကျွန်တော်ကလူကောင်းမဟုတ်ဘူး.ကျွန်တော်နဲ့ဝေးဝေးနေသင့်တယ်"
   Jaeyun သည် စိတ်လည်းပူသလိုစိတ်လည်းနည်းနည်းရှုပ်သွားသည်.တကယ်တော့သူသည်နှစ်ရှည်တွဲလာသော ချစ်သူသက်တမ်းပြတ်ပြီးနောက်(toxic ရည်းစားနဲ့ ပြတ်ပြီးနောက်)ရည်းစားဟောင်းရဲ့ကော်ဖီဆိုင်ကို အလည်လာတာမှာ ကော်ဖီဆိုင်မှားပြီး Sunoo ကိုတွေ့တာဖြစ်သည်.
    "အမှားတွေအကုန်လုံးကမကောင်းဘူးမဟုတ်ပါဘူး.ကောင်းတာတွေလည်းရှိပါတယ်"
  Sunoo က Jaeyun ကိုကြည်သည်.
    " ပိုဆိုးသွားတာတွေလည်းရှိပါတယ်"
   Jaeyun ကရယ်သည်.Sunoo ကJaeyun ကိုပြုံးပြသည်.
    "ခင်ဗျားရယ်တဲ့အသံက နားထောင်လို့ကောင်းတယ်"
   ရုတ်တရက် ချီးကျုးခံလိုက်ရလို့ Jaeyun ရှက်သွားသည်. Sunoo တောင်းပန်လိုက်သည်.
    "sorry.ကျွန်တော်က.."
   "မတောင်းပန်ပါနဲ့ လူတွေကတစ်ခုမဟုတ် တစ်ခုတော့ကြုံတွေ့ရတာပဲ.ကိုယ်ခံစားရတာကို မြိုသိပ်မထားပဲ ဖွင့်ထုတ်တာပိုကောင်းပါတယ်"
    "ပညာရှိစကားပဲ"
    Sunoo သည် ဇာတ်သိမ်းမကောင်းတဲ့ရုပ်ရှင်တွေကိုကြိုက်နှစ်သက်သူဖြစ်သည်.

ခိမဲရာ💛Dove le storie prendono vita. Scoprilo ora