အပိုင်း 88

Start from the beginning
                                    

ဆန့်ကျင်ဘက်အနေနှင့် ကွမ်ကျုံးယန်းခမျာ ဓားဆန္ဒ၏တွန်းကန်ခြင်းကိုခံလိုက်ရပြီး အပြင်းအထန်နောက်ပြန်ဆုတ်သွားလေ၏။

ဓားဆန္ဒကို အထူးပြုတတ်ကျွမ်းထားသူများမှာ မဟာဓားသိုင်းအရှင်များပင်။

"တကယ်ပြည့်စုံလိုက်တဲ့ဓားဆန္ဒပါလား"

"ယဲ့ချိုးပိုင်က တကယ်ကြီး မဟာဓားသိုင်းအရှင်ပဲဟ"

"အရင်က ဒီသတင်းကိုငါကြားခဲ့တုန်းက သတင်းတုလို့ထင်ခဲ့မိတာ"

"ဒါပေမဲ့ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဓားသိုင်းပညာရှင်တစ်ယောက်ဖြစ်လာတာဆိုတော့လည်း ဘယ်သူကယုံမှာလဲ"

တချို့ဓားသိုင်းကျင့်ကြံသူများမှာ မဟာဓားသိုင်းအရှင်ကဲ့သို့သောအဆင့်ကို တစ်သက်လုံးမရောက်နိုင်ကြပေ။

သို့သော် ယဲ့ချိုးပိုင်ကတော့...

သူသည် ပင်လယ်ရေလှိုင်းအလယ်အလတ်အဆင့်မျှသာရှိသေးသော်လည်း ထိုအဆင့်ကို ရောက်ပြီးနေလေပြီ။

သူ၏ဓားသွားတာအိုစွမ်းရည်မှာ ကျောင်းတော်ထဲတွင် ပြိုင်ဘက်ကင်းလောက်ပေသည်။

ယခုတော့ ကျောင်းတော်က ကွမ်ကျုံးယန်၏နေရာကိုပယ်ဖျက်ပြီး ယဲ့ချိုးပိုင်ကိုပေးလိုက်ရသည့်အကြောင်းအရင်းကို အားလုံးနားလည်နိုင်ပြီဖြစ်၏။

မည်သို့ပင်ဖြစ်စေ ယဲ့ချိုးပိုင်၏ဓားတာအိုစွမ်းရည်နှင့်ဆိုလျှင် သူကသာ လျှို့ဝှက်ဓားသွားဂိုဏ်းကိုသွားရန် ပိုသင့်တော်လေသည်။

ကွမ်ကျုံးယန်လည်း ထိုသို့တွေးမိသည်မှာ ရှင်းနေချေသည်။ သူ့အမူအရာက ကူကယ်ရာမဲ့စွာ မှုန်မှိုင်းနေရှာသည်။

ယဲ့ချိုးပိုင်က လက်တစ်ဖက်တွင် သစ်သားဓားကိုကိုင်ထားပြီး သူ၏ဓားဆန္ဒများကို ကောင်းကင်ပေါ်မှဖယ်ရှားလိုက်သည်။

ထို့နောက် ကွမ်ကျုံးယန်ကိုကြည့်ကာ သာမန်ကာလျှံကာမျှပြောလိုက်၏။

"ခင်ဗျားရဲ့အဆင့်ကို ထပ်ဖိနှိပ်ထားမယ်ဆိုရင် ခင်ဗျားမှာ အခွင့်အရေးလေးတစ်ခုတောင်မရှိတော့မှာစိုးမိတယ်"

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now