[20]

3.3K 163 9
                                    

Unicode

"အဲ့တာက ဘာလုပ်နေတာလဲ!!"

အသံဩရှရှသည် ဟိန်းခနဲ။ကျောလေးတွန့်သွားသလို မြဲက မျက်ဝန်းဝိုင်းလေးတွေနဲ့ လန့်သွားသလိုလှည့်ကြည့်သည်။
စူးရဲပြတ်သားနေသည့် မျက်ဝန်းတွေနှင့် မောင့်အကြည့်တွေက ခက်ခက်ထန်ထန်။လက်ဖျားလေးတွေ ဆတ်ခနဲတုန်သွားသည့် မြဲက ထိုနေရာမှာ ရပ်နေမြဲ။

"ခဗျားကို ဘယ်သူက ခြံထဲ ဆင်းခိုင်းလို့ ဆင်းရဲရတာလဲ!"

အနားသို့ ခြေလှမ်းကျဲတွေနှင့် သူက မြဲလက်ကိုဆောင့်ဆွဲကာ
ဒေါသတကြီးနှင့်။

"ငါးလေးတွေ လှလို့ ငါခနဆင်းကြည့်ရုံပါ မင်းအဲ့လောက် လိုက်ကပ်တွက်မနေနဲ့လေ"

"ခဗျားသောက်နားလေးနေလား ကျုပ်မနက်က ဖုန်းထဲမှာ သေချာပြောထားတယ်မလား ၊ ခြံထဲလုံးဝမဆင်းပါနဲ့လို့
စောက်ရေးမလုပ်တာ ကျုပ်စကားကို စောက်ရေးမလုပ်တာ၊လာစမ်း!"

မောင့်အပြုအမူတစ်ချို့က အကြမ်းပတမ်းနှင့် မြဲကို တရွတ်တိုက် လဲကျမတတ်ဆွဲကာ အိမ်ထဲဝင်သည်။ဆိုဖာပေါ် ပစ်လိုက်တာများ အရုပ်လေးတစ်ရုပ်လို။ နာသွားသည့် လက်ကောက်ဝတ်ကြောင့် မြဲက မကျေမနပ်မော့ကြည့်လေတော့

"ခဗျားလင် ကျုပ်က ဒါဆိုရင် ဒါနားထောင်ရမှာ ခဗျားစောက်လုပ်မဟုတ်ဘူးလား စောက်ရေးမလုပ်တာမလား
ကျုပ်စကားကိုအလေးမထားတာမလား ရတယ်! ကြိုက်တာပေါ့ ဒီလိုမျိုးကို"

မောင်သည် ရူးသွပ်တော့မတတ် အသက်ရှုတြွေမန်နေကာ လက်တွေပါ တုန်ယင်နေသည်။ဒါဟာ မြဲမသိတဲ့ မောင့်ရဲ့ Dark side ။ သူ့စိတ်ထဲ တွေးနေမိသည့်အရာသည် စိုင်းတေဇပိုင်များ သူ့လူကို ခြံအပြင်ကနေ လာ၍ခိုးချောင်းနေမည်လားဆိုသည့်အတွေး။မောင်ကြောက်နေသည်။မောင်တကယ်ကိုကြောက်နေသည်။ထပ်ပြီး ထွားသွားခံရမှာ အရူးလုပ်ခံရမှာ သိပ်ကြောက်နေသည့် မောင်သည် ခါးပတ်ကို ဖြုတ်နေသည့် လက်များက တဆတ်ဆတ်နှင့်။

"လာကြစမ်း!!"

မောင့်အော်သံသည် အိမ်ထဲဟိန်းနေလေပြီး ဒေးသည် ကပြာကယာနှင့် ထွက်ပြေးလာသည်။

"ဗက္က"Where stories live. Discover now