[1]

15.8K 319 17
                                    


Unicode

သဗျာရွာ။

ထန်းတောထဲတွင် ထန်းရည်ထိုင်သောက်နေကြသော ကာလသားများသည် သူ့အုပ်စုနဲ့သူ။

"ဟေ့ကောင် ဝတုတ် ငါ*ိုးမသား အမြည်းသွားယူတာ သေနေပြီလား!!"

"လာပါပြီ ငပိန်ရာ မင်းစောက်သံပြဲကြီးကြားရမှာစိုးလို့အမြန်လုပ်ပေးနေတာပဲဟ"

ထန်းပင်တစ်ပင်၏အောက်တွင် တစ်ဝိုင်းတည်းသီးသန့်ဖြစ်နေသော ယောကျာ်းလေးသုံးယောက်အုပ်စုသည် နှစ်ယောက်ကတဂျစ်ဂျစ်နှင့် ကျန်တစ်ယောက်သည် ဝတုတ်ချပေးလာသည့် အမြည်းတွေနှိုက်စားကာ စကားတစ်ခွန်းမှဝင်မပြော ထန်းရည်တွေသာလှိမ့်သောက်နေလေသည်။ထို့နောက် ထရပ်လိုက်ပြီး ပုံပျက်နေသည့် ပုဆိုးခပ်တိုတိုကိုပြင်ဝတ်လိုက်ပြီးထွက်သွားတော့မည့်ဟန် ပြင်တော့ နောက်ကနေ ဝတုတ်ကလှမ်းခေါ်သည်။

"ဟေ့ကောင် ဗက္က သွားတော့မလို့လား မင်း"

"အေး အကြွေးတောင်းရအုန်းမယ် အေ့! ထွီ!"

လေချဉ်တစ်ခါတက်ပြီး ရှုံ့မဲ့သွားသည့်မျက်နှာနှင့်အတူ မြေကြီးပေါ် တံတွေးတစ်ချက်ထွေးချလိုက်ပြီး ရွာလမ်းအတိုင်းဝင်လာလိုက်သည်။

အိမ်ရှေ့ကွပ်ပျစ်တွင် ရွှေရောင်ကွမ်းသီးအုပ်လေးကို ပေါင်ပေါ်တင်ကာ ကွမ်းညှပ်နေသော ဉီးသောင်းမြိုင်သည် ခြံထဲကနေ တယိမ်းတယိုင်နဲ့ လမ်းလျှောက်ဝင်လာသော သားတော်မောင်ကို မြင်သည်နှင့် မျက်နှာကြီးတင်းသွားရကာ ကွမ်းသီးအုပ်ကို နံဘေးသို့ ဆောင့်ချလိုက်ပြီး ခြံထဲမှာထောင်ထားသော ဝါးခြမ်းတစ်ခုကို ဆွဲယူကာ အနားရောက်လာမည့် သားတော်မောင်ကို စောင့်သည်။

"အဘ လက်ထဲကတုတ်က ဘာလုပ်မလို့လဲ ငါးကင်မလို့လား
ကျုပ်အတွက် မပါရင် အဘတို့ပါငတ်မှာနော်!"

လက်ညိုးတစ်ထိုးထိုးနှင်ံ မျက်လုံးစွေကာ ပြောနေသည့် ဗက္ကသည် ဖင်ပေါ်ရောက်ရှိလာသည့် ဝါးခြမ်းကြောင့် မျက်နှာကြီးနီရဲသွားကာ အော်ပြေးတော့သည်။

"အားးး အဘ မရိုက်နဲ့ အားးး မယ်ရေ မယ်!!!"

မူးတာတွေ​ပါကြက်ပျောက်ငှက်ပျောက်ဖြစ်ကာ အမေကိုလည်း အော်ခေါ်ပြီးလုံခြည်တိုကို ဆွဲမလျက် အိမ်ပေါ် ကသုတ်သရိုက်ပြေးတက်သည်။နောက်ကလိုက်ရိုက်နေသော ဉီးသောင်းမြိုင်သည် မောသွားဟန်ရကာ

"ဗက္က"Where stories live. Discover now