[7]

3.6K 172 21
                                    

Unicode

'ဘုတ်'

"အင့်"

ရှေ့ကသွားနေသော ဗက္က၏ကျောပြင်ကို ဘုတ်ခနဲဝင်တိုက်မိလေသည်။မြဲလည်း အတွေးလွန်သွားသည့်အတွက် လှည့်ကြည့်လာသူကို ဆောရီးဟုပြောလိုက်သည်။

"ဆောရီး"

"မျက်လုံးကိုပြူးပြီးလျှောက်"

"ဒီကောင်ကတော့!"

"ဘာလဲ ဘာပြောမလို့လဲပြော!!"

တည်တံ့နေသည့် မျက်နှာသည် ဒေါသအငွေ့တွေနှင့်။တိုက်မိတာလေးပဲကို သူဘာလို့အဲ့လောက်ဒေါသထွက်တာလဲ မြဲမသိ။မဟုတ်ရင် လမ်းမှာတင်ပြဿနာဖြစ်မှာစိုးလို့ မြဲသာလျှော့လိုက်ပြီး ခေါင်းခါပြလိုက်သည်။

"ကျုပ်နံဘေးကလာလျှောက် ထပ်တိုက်မိရင် ကျုပ်လမ်းမှာတွေ့တဲ့ကောင်အကုန် ရိုက်ခွဲမိမှာ"

အဓိပ္ပာယ်မဖော်တတ်စွာ မြဲ သူ့ကိုကြည့်လိုက်သည်။မျက်နှာချောချောသည် ခက်ထန်နေသည်မှလွဲ ပုံမှန်ပါပဲ။သက်ပြင်းဖွဖွချလိုက်ပြီး သူ့နံဘေးကနေသာယှဉ်လျှောက်သွားရသည်။
ဗက္ကတို့အိမ်လမ်းရဲ့ နှစ်လမ်းမြောက်မှာတင် မြတ်သာတို့အိမ်ကိုတွေ့လေသည်။

"ဟေ့ကောင် ငပိန်!!"

ဗက္ကသည် အရင်အော်ကာ ရှေ့ကဝင်သွားသည်။မြဲလည်းနောက်ကလိုက်ဝင်လာရင်း အခုထိထသေးမည့်ပုံမပေါ်သည့်သူငယ်ချင်းတွေကိုနှိုးရသည်။

"ဒီနေ့အိပ်ယာထတာစောချက်ပဲ ဟေ့ကောင်ရ"

"အေး  အလင်းရောင်စူးလို့"

"ဟမ်? မင်းအခန်းထဲမှာ နေစူးလို့လား"

"အမြန်လုပ်စမ်းပါ ကြာအင်းမှာ တောဝက်ပေါ်တယ်ကြားတယ်"

"အေး နှစ်ကောင်တဲ့"

ငပိန်နှင့် ဗက္ကသည် ပြောဆိုရင်း အိမ်ပေါ်တက်လာတော့ မြဲကိုမတွေ့။ ဗက္ကသည် မျက်မှောင်ကြုတ်သွားပြီး ငပိန့်ကိုလှည့်မေးသည်။

"ငါ့ယောကျာ်းကဘယ်ရောက်သွားတာလဲ"

"သူ့သူငယ်ချင်းတွေအခန်းထဲနေမှာပေါ့ကွာ ဝတုတ်ဆီရောက်မှပဲ ကောက်ညှင်းပေါင်းတောင်းစားတော့မယ် သွားရအောင်"

"ဗက္က"Место, где живут истории. Откройте их для себя