[2]

4.9K 205 15
                                    

Unicode

"ဖူးးးး ခွပ်ထား ဖေ့သား! ချပစ်!"

ဖုန်တလိမ်းလိမ်း ထသည်အထိ ခွပ်နေကြသော တိုက်ကြက်ကြီးနှစ်ကောင်အား အလည်ထားကာ နံဘေးပတ်လည်က ယောကျာ်းလေးများ၏အသံကလည်းဆူညံ့နေသလို
မြေကြီး၌ ပါးအပ်မတတ်သူ့ကြက်ကိုရေမှုတ်ကာ အားပေးနေသော "ဗက္က" သည်လည်း အားတက်သရော။

"ဟာ!!! တောက်စ်!"

"ဟားးးး နိုင်ပြီ လာထား ဖေ့သားကြီး!!"

ရှုံးသွားသော လူသည် "ဗက္က"ဖြစ်သလို တစ်ဖက်ကနိုင်သွားသော ဆန်းဉီးဆိုသောလူသည် ဟိုဘက်ကြာအင်းရွာကကောင်ဖြစ်သည်။မှိုရသလိုမျက်နှာကြီးတွေနှင့် ဆန်းဉီးနဲ့အတူပါလာသည့် ကြာအင်းရွာကကာလသားများသည် ဗက္က တို့ရွာကကာလသားအုပ်စုကို ကြည့်ကာ လှောင်ပြောသရော်ဟန် ခပ်ထေ့ထေ့အကြည့်တွေနှင့် အောင်ပွဲခံနေကြသည်။

"တောက်စ်! စောက်ကောင်းကျိုးမပေးတဲ့ ကြက်ဖ လာစမ်း!!"

'ဖောင်း ဖောင်း ဖောင်း!!'

"ဟာ ဟေ့ကောင် ဗက္က!"

ရှုံးပွဲဖြုတ်လိုက်သည့် သူ့တိုက်ကြက်ကြီးကို လည်ပင်းကနေဆွဲကာ  ခပ်လှမ်းလှမ်းမှာရှိသည့်သစ်ပင်ကြီးနှင့် သုံးချက်လောက် ကိုင်ပေါက်လိုက်ပြီး သေသွားသည့် ကြက်ကို မပစ်ချသေးသလို လက်တစ်ဖက်မှာကိုင်ထားပြီး ပုဆိုးကြားထဲက ပိုက်ဆံအလိပ်ကို ထုပ်ကာ နိုင်သွားသည့် ဆန်းဉီးဆိုတဲ့ကောင်ဆီ ပစ်ပေးလိုက်သည်။

"စောက်ကျင့်တွေကို နောက်တစ်ခါ ငါ့ရွာသယ်မလာနဲ့ မင်းတို့ကိုဒီတခါ စိတ်ကောင်းဝင်နေလို့ ခွင့်လွှတ်လိုက်မယ် နောက်တစ်ခါဆို အသက်မပါပဲ ကြာအင်းပြန်နေရမယ် ခွေးသတောင်းစားတွေ!"

ရှုံးပွဲမရှိပါဆိုသည့် ဗက္က၏တိုက်ကြက်ကိုနိုင်ဖို့အတွက် ကိုယ့်တိုက်ကြက်ကို ဆေးခိုးတိုက်ထားသော ဆန်းဉီးတို့အဖွဲ့သည် မျက်နှာပျက်သွားရသလို ဗက္က စကားကြောင့်လည်း ဒေါသတွေထွက်ရပေမယ့် ကိုယ့်နယ်မြေမဟုတ်သည့်အတွက် တိတ်တဆိတ်သာနေလိုက်ကြရသည်။သို့သော် သူတို့ရင်ထဲတော့မကောင်းလှပါ။ဗက္က ဆိုတဲ့ကောင်ကသွားမရှုပ်သင့်တဲ့ကောင်စားထဲမှာပါသည်။သူ့စိတ်ထဲ ဆန်းဉီးကို ခဲထားမည်ကတော့ ကျိန်းသေသည်။

"ဗက္က"Where stories live. Discover now