[9]

3.6K 151 6
                                    

Unicode

"ကျုပ် တောင်းပန်တယ်"

အသံတိတ်မျက်ရည်ကျနေသည့် လူ​ရဲ့မျက်နှာကို စေ့စေ့စိုက်ကြည့်ရင်း ဗက္က က မျက်နှာလွှဲလိုက်သည်။မာနကြီးလေး၏မျက်ရည်တွေသည် သူ့ဒေါသတွေကို မီးကိုရေနဲ့ဖြန်းလိုက်သလို ရှဲခနဲ ငြိမ်းသွားစေသည်။ဖိထားသည့် ကိုယ်လုံးလေးအပေါ်မှ ထလိုက်ပြီး ကြမ်းပြင်ထက် ခွေခွေလေးဖြစ်နေသည့်လူကို ကောက်ပွေ့လိုက်ပြီး ကုတင်ပေါ်တင်ပေးကာ အဝတ်မကပ်သည့် ကိုယ်လုံးလေးကို စောင်နဲ့ဖုံးအုပ်ပေးလိုက်သည်။

"ငိုမနေနဲ့တော့ ကျုပ်လွန်သွားတယ်ဆိုပေမယ့် ခဗျားလည်းမှားတာပဲ"

အခုထိ မြဲကို စွပ်စွဲနေသည့် သတ္တဝါကို မြဲ ဖက်ပြိုင်မ ပြောချင်တော့သ ဖြင့် ငြိမ်နေလိုက်သည်။

"ထပ်အိပ်လိုက်ဉီး ကျုပ်၊ ခဗျား ကြိုက်တဲ့ ဟင်းချက်ကျွေးမယ်"

တုပ်တုပ်မလှုပ်သည့် လူကို တစ်ချက်ကြည့် ပြီး အခန်းပြင်ထွက်လာလိုက်သည်။ဘယ်လိုဖြစ်လို့ ဗက္က ရင်တွေ မတည်မငြိမ်ဖြစ်နေတာလဲ မသိပေမယ့် ထိုမာနကြီးလေးရဲ့မျက်ရည်တွေကြောင့်ဆိုတာတော့ သေချာပါသည်။

နာနေသည့်လက်ကောက်ဝတ်လေးကို ကျန်လက်တစ်ဖက်နဲ့ဖိကိုင်လိုက်ပြီး မြဲက ကုတင်ပေါ်တွင် ထထိုင်လိုက်သည်။ကိုယ်ပေါ်တွင် တစ်ခုမှမကပ်သော အဝတ်အစားတွေ​ကြောင့် စောင်နဲ့ပတ်လိုက်ပြီး ဗီရိုဆီ လျှောက်သွားလိုက်သည်။အထဲမှ တီရှပ်အညိုလေးနဲ့ ဒူးအောက်ဘောင်းဘီအတိုလေးကိုထုတ်ကာ ဝတ်လိုက်ပြီး လက်ကောက်ဝတ်ကိုဆေးလိမ်းရန် ဆေးရှာရသည်။

"အာ့  အောက်တန်းကျတဲ့ကောင်!"

ဆေးလိမ်းနေသည့်အချိန်၌လည်း ပါးစပ်မှ ဗက္ကကို ခပ်ကြိတ်ကြိတ်ကျိန်ဆဲမိသေးသည်။သူ့ကိုဆို သိပ်အနိုင်ကျင့်သည့်အရိုင်းအစိုင်းသည် လုပ်ပြီးရင် သူမဟုတ်သလိုပုံစံနှင့်။မုန်းလိုက်တာမှ လွန်ပါလေရောပဲ။

ယောင်နေသည့် လက်ကောက်ဝတ်လေးသည် နီရဲနေလျက် တစ်ဆစ်ဆစ်နဲ့ကိုက်လှသည်။သက်ပြင်းခပ်ဖွဖွချလိုက်ပြီး အိပ်ယာပေါ်ပြန်လှဲချကာ တွေးတောနေမိသည်။

"ဗက္က"Where stories live. Discover now