[10]

3.6K 161 11
                                    

Unicode

ခပ်နွမ်းနွမ်းပုဆိုးလေးကို ခြေသလုံးပေါ်သည်အထိ ပြင်ဝတ်လိုက်ပြီး လက်ကလည်း မီးခြစ်တစ်ခုကိုကိုင်ဆောင်ထားသေးသည်။ငွေတိုးချေးစားတာနဲ့ ဆန်စက်ကိုပိုင်တာဆိုတော့ ရွာနီးစပ်ချုပ်မှာ ဗက္ကတို့မိသားစုက အချမ်းသာဆုံးပင်။သို့ပေမယ့် သူကိုယ်တိုင်ကိုက ဖြစ်ကတတ်ဆန်းနေတတ်သည့် စရိုက်ဖြစ်သည်။

ရွာလမ်းတစ်လျှောက် မနက်စောစောတွင် လယ်ယာထဲ ဆင်းမဲ့သူနှင့် ဈေးသွားမည့်သူနှင့် လမ်းပေါ် လူတွေမပြတ်။
မနက်စောစော ဗက္က တို့ဘယ်သွားမလဲမမေးနဲ့။ထန်းရည်ဆိုင်ပေါ့။

"ဒီနေ့ ပိုစောတာပဲ ဟေ့ကောင်"

ထန်းရည်အိုးနှင့်အမြည်းလာချပေးသည့် ဝတုတ်သည် ရှေ့တွင်ဝင်ထိုင်ကာမေးသည်။

"မသောက်ရတာ သုံးရက်ရှိပြီလေ  အဲ့တာကြောင့် အစောကြီးထွက်လာတာ"

ယောင်ယမ်းနေတဲ့မျက်နှာကြောင့် အိမ်ထဲအိမ်ပြင်ပင်မထွက်သည့် ဗက္က သည် အယောင်ကျသည်နှင့် အခုမနက်တွေ စောစီးစွာပင်ထွက်လာ၍ ထန်းတောထဲရောက်နေပြန်သည်။ကြက်ပေါင်ကို တစ်ဖဲ့ဖဲ့လိုက်ပြီး အရင်ကိုက်ဆွဲလိုက်သည်။ပြီးမှ ထန်းရည်အိုးကို ခွက်ထဲပင်မထည့်နိုင်တော့ပဲ အိုးလိုက်သာ မော့ချလိုက်သည်။

"ဟိုနေ့က အရက်ခိုးထဲ့ခံလိုက်ရတဲ့ ကိစ္စကိုလည်း ရှင်းချင်လို့ စောစောထွက်လာတာ ညနောက်ကျမှရောက်ရင် အိမ်ကလူက ခေါက်လိမ့်မယ်"

"ဟာ မင်းယောကျာ်းက လုပ်ရဲလား"

"အဲ့ဒီကောင်က ငါ့ကိုမကြောက်ဘူး ဖြဲခြောက်လည်း အကြောတင်းပြတယ်"

ကြည်ကြည်လင်လင်ဗက္က မျက်နှာသည် အဲ့တာတွေကို စိတ်ရှုပ်နေပုံလည်းမပေါ်ပါ။သူ့ကြည့်ရတာ အရင်ထက်ပင် စိတ်ပေါ့ပါးနေသလိုပဲ။

"မင်းယောကျာ်းကို ရွာထဲ မထွက်ခိုင်းနဲ့ဉီး ယောကျာ်းချင်းယူတယ်ဆိုပြီး အတင်းအဖျင်းတွေက များတယ် မင်းကိုတော့ အကုန်လုံးက ကြောက်ကြလို့ ရှေ့မပြောရဲပေမယ့် မင်းယောကျာ်းကိုတော့ ပြောကြလိမ့်မယ်"

"ထွီ! စောက်ဂရုမစိုက်ခြင်း အနုပညာဆိုတာ ငါ့လူရော ငါရော တတ်ကျွမ်းတဲ့ပညာမလို့ ခေါင်းထဲထည့်မနေဘူး အိမ်ကလူက ငါ့ကိုတောင် သူ့အိမ်ထောင်ဖက်မလို့ စောက်ဂရုစိုက်ပေးနေရတဲ့အထာနဲ့"

"ဗက္က"Where stories live. Discover now