[5]

4.8K 181 9
                                    

Unicode

အိပ်ယာပေါ်တွင် ဝင်သက်ထွက်သက်မှန်မှန်ရှူကာ မလှုပ်မယှက်လေးအိပ်မောကျနေသည့် မာနကြီးလေးကို ထိုင်ကြည့်နေမိသည်။မျက်နှာလှလှလေးသည် ကြည့်လေ လှလေဖြစ်ပေမယ့် ဒီအလှတရားတွေကို ဗက္က မုန်းသည်။မျက်တောင်တိုတိုစိပ်စိပ်လေးတွေပေမယ့် ကော့ညွတ်နေကာ မဲမဲနက်နက်လေး။
ပန်းနုရောင်သန်းနေသည့် နှုတ်ခမ်းထူထူလေးတွေဆီအကြည့်ရောက်တော့ နှစ်ခါတိတိ သူကျူးကျော်ဖူးသည်ကိုသတိရသွားသည်။

"မာနကြီးတဲ့ကောင်ရဲ့ နှုတ်ခမ်းက နမ်းလို့ကောင်းသားပဲ"

တစ်ညလုံး မုန်းလွန်းလို့ ထိုင်ကြည့်နေမိသည့် အလှတရားလေးသည် ဗက္က ၏ကိုယ်ပိုင်လေးဖြစ်လာတော့မည်ဆိုတော့နည်းနည်းစိတ်လှုပ်ရှားပါသည်။

ဂုတ်စပ်မှ နာကျင်မှုနှင့်အတူ မြဲနိုးလာသည်။ရောက်နေသည့်နေရာကိုကြည့်လိုက်တော့ မြဲ စိမ်းသက်နေသည့်မျက်နှာကျက်တစ်ခု။
ရုတ်တရက် ဘာမှမတွေးနိုင်သေးခင် နားထဲရောက်လာသည်က ခပ်ဩဩယောကျာ်းတစ်ယောက်အသံ။

"နိုးပြီဆိုလည်း ထလေ အောက်ထပ်မှာ လူကြီးတွေစောင့်နေတာ အားနာစရာ"

"မင်း!!"

ဒီအောက်တန်းစားက မြဲကိုခေါ်လာသည့်လူလား။

"မောင်လို့ပြောင်းခေါ်ဖို့တွေးထားတော့ ကျုပ်ခဗျားလင်ဖြစ်နေပြီ"

"မင်းဘာတွေပြောနေတာလဲ!"

မြဲ အိပ်ယာပေါ်ကနေ ကုန်းထလိုက်ပြီး အခန်းပတ်လည်ကိုကြည့်လိုက်သည်။

"ဒါ ကျုပ်အခန်း အို မဟုတ်ဘူး အခုကစပြီး ကျုပ်တို့လင်မယားအခန်းဖြစ်ပြီ"

"လူယုတ်မာ မင်းငါ့ကိုဘယ်ခေါ်လာတာလဲ!!"

ခြောက်ခြားနေဟန်ရသည့် မြဲကိုကြည့်ကာ ဗက္က သည် နှုတ်ခမ်းတွန့်ကာ ခပ်လွန့်လွန့်ပြုံးလိုက်သည်။ထို့နောက် မြဲအနားသို့လျှောက်သွားလိုက်ပြီး နောက်သို့ဆုတ်တော့မည့်ဟန်ပြင်နေသည့်မြဲခါးကို သူ့ကိုယ်နဲ့ကပ်အောင်ဆွဲလိုက်ပြီး
မြဲမျက်နှာအနား နီးနီးကပ်ကပ်ငုံ့ကာ

"ဘယ်လိုလုပ်မလဲ ခဗျား ကျုပ်ကို လင်တော်ရတော့မယ်"

"လွှတ်စမ်း အရိုင်းအစိုင်း! မင်း နဲ့ငါတန်လား အရင်ထိုင်စဉ်းစား!!"

"ဗက္က"Where stories live. Discover now