ထိုအခါတွင်မှ ရွှီကျစ်က အလွတ်ပေးလိုက်သည်။ သို့သော် ချန်လုကျိုးက နောက်တစ်ကြိမ်ထပ်၍ ဖုန်းခေါ်လာလေပြီး အိပ်ရာပေါ်လှဲအိပ်နေနှင့်ပြီဖြစ်၍ အသက်ရှူနှုန်းများက သိသိသာသာတိုးဖျညင်သာနေ၏။ မှုန်ဝေဝေအိပ်ချင်နေသည့်အချိန်မျိုးတွင်ပင် သူဟာ တစ်စုံတစ်ရာကိုတွေးမိလိုက်သဖြင့် ခပ်အုပ်အုပ်အသံတို့ဖြင့် အိပ်ချင်မူးတူးမေးလာခဲ့သည်။
"နာနေသေးလား"
ရွှီကျစ်၏နှလုံးသားလေးမှာ ရုတ်ချည်း နူးညံ့သွားရသလို ခံစားလိုက်ရတော့၏။ လူတစ်ယောက်ထံမှ ယခုလိုအချစ်ခံနေရခြင်းဟာ အချိန်နှင့်အမျှစက္ကန့်တိုင်းလိုလို ရင်ခုန်နေရလေပြီး ယခုထက်ထိ နာကျင်မှုအစွန်းအစလေးများကျန်နေသေးပါလျက်နှင့်ပင် ;
"မနာတော့ဘူး ၊ နင် စောစောအိပ်တော့!"
တစ်ဖက်ဆီတွင် ရုတ်ချည်းအသံတိတ်သွားခဲ့ပြီး အသက်ရှူသံများကအစ ငြိမ်သက်တိုးဖျသွားခဲ့သည်။ ရွှီကျစ်သည်ပင် တစ်ဖက်လူ အိပ်ပျော်သွားနှင့်ပြီဟု ထင်လိုက်မိသည့်အခါတွင်မှ ရုတ်ချည်း လှမ်းခေါ်လာခဲ့သည်။
"ရွှီကျစ်"
"အမ်"
"ဒီဝိုင်က အရမ်းပြင်းတာပဲ"
သူဟာ ပျင်းပျင်းရိရိလေးရယ်လိုက်ရင်း ;
"ပြင်းလွန်းလို့ ကိုယ့်အမေကိုတောင် ပြေးကန်တော့ချင်မိတယ် ၊ ကိုယ့်ကို မင်း ရှာတွေ့သွားအောင်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ချင်လို့"
"ဒါကို နင် ထန်ရွှီကိုလည်း အာဘွားတစ်ချက်လောက်ပေးသင့်တာပေါ့"
သူ့ကြောင့်သာမဟုတ်လျှင် နှစ်ယောက်သားက တွေ့ဆုံရလိမ့်မည်မဟုတ်။
"ကိုယ့်ကို ပြဿနာမပေးပါနဲ့ ဟုတ်ပြီလား"
"လျှောက်ပြောနေတာပါ...."
ရွှီကျစ်မှဆက်၍ ;
"ချန်ကျောင်းကျောင်း....ငါ နင့်ကို ချစ်တယ်နော်"
"အင်း ၊ ကိုယ်ရောတစ်ချက်...."
ရွှီကျစ် ပြုံးလိုက်မိ၏ ; ဒီတစ်ယောက် တကယ်မူးနေတာပဲ!
YOU ARE READING
Lets Fall In Love [ ဘာသာပြန် ]
Romanceလမင်းကြီးဝိုင်းသည်ဖြစ်စေ မဝိုင်းတော့သည်ဖြစ်စေ ဘယ်ဟာကမှ အရေးမကြီးဘူး ကိုယ်တစ်ယောက်လုံး မင်းဘေးနားမှာရှိနေပေးမယ်~~~~ 3.7.2024
Chapter 94 ( part 1 )
Start from the beginning