"ငါ ခုဏတုန်းက နင့်ရဲ့ဖုန်းအဟောင်းတွေကို တွေ့လိုက်တယ်"
စန်းရန်က အလျင်းသင့်သလိုသာ ပြန်ဖြေလာ၏။
"အင်း ၊ ကတ်ကြေးက ဘာလုပ်ဖို့လဲ"
ဝိန်းရိဖန် ;
"ငါ မျက်နှာကပ် Mask ထုပ် ကိုဖွင့်နေတာ ၊ ဖွင့်လို့မရလို့"
စကားလမ်းကြောင်းလွဲသွားသဖြင့် ဝိန်းရိဖန်က ပြန်ဆွဲယူလိုက်၏။
"အဲ့ဖုန်းထဲမှာ တစ်ခုခုရှိနေလို့လား ၊ အဲ့လောက်ထိလောင်ပြီး ပျက်စီးနေပြီကို ဘာလို့သိမ်းထားသေးတာလဲ"
စန်းရန်က ဖြေးဖြေးချင်းသာဖြေလိုက်သည်။
"ကိုယ်တို့ရဲ့ အမှတ်စာရင်းတွေ"
ဤစကားတစ်ခွန်းနှင့် ညီမျှသည့်ဆိုလိုရင်းအဓိပ္ပါယ်မှာ.....
ထိုလက်ကိုင်ဖုန်းထဲတွင် သူတို့နှစ်ဦး အထက်တန်း ဒုတိယနှစ်မှစ တက္ကသိုလ်ဝင်တန်းဖြေပြီးသည့်အထိ ပို့ထားကြသောမက်ဆေ့များကိုသိမ်းထားခြင်း ဟူ၍ပင်။
အစမရှိ အဆုံးမရှိ ပြောထားကြသောစကားများ ၊ နေကောင်းကျန်းမာမေးထားသည့်စကားလုံး ၊ ထို့အပြင် မိုးပြင်းလေပြင်း လျှပ်စီးမိုးကြိုးများပါကိုင်မလှုပ်နိုင်သည့် အမှတ်စာရင်းရလဒ်များ။
အသေအချာပြန်တွေးကြည့်လိုက်လျှင် ထိုအချိန်အခါတုန်းက နေ့စဥ်နေ့တိုင်း အဘယ်လိုစကားများကိုပြောခဲ့ကြကြောင်းအား ဝိန်းရိဖန်လည်း မှတ်မိနေပါသေးသည်။ မည်သည့် မရေရာမသေချာသောစကားလုံးတို့မှမပါဘဲ ပြောသမျှစကားလုံးတိုင်းဟာ အခြားအဓိပ္ပါယ်များကို ရည်ညွှန်းနေခြင်းမရှိသည့် သာမန်စကားလုံးများပင်ဖြစ်နေပါသော်ငြား ကိုယ်ပိုင်အချိုဓါတ်လေး ရှိနေစမြဲ။
-----
စန်းရန် ; [ မနက်ဖြန် မင်း မွေးနေ့မလား ၊ နောက်တစ်ခါလာတွေ့ရင် ငါ မင်းအတွက် လက်ဆောင်ယူလာခဲ့မယ် ]
ဝိန်းရိဖန် ; [ နင့်မွေးနေ့ကရော ဘယ်နေ့လဲ ]
စန်းရန် ; [ နှစ်သစ်ကူးနေ့ပြီးနောက်တစ်ရက် ၊ ဘာလို့လဲ ]
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-
Extra 3
Start from the beginning