Chapter 3

991 79 3
                                    

အပြင်ဘက်ရှိရာသီဥတု အေးစိမ့်လွန်း​နေသည်မှာလည်း သိသိသာသာ​ပေ။

အ​နွေးဓါတ်​ပေးနိုင်မည့်ဆွယ်တာ​လေးမှာ ​ရေစိုသွားခဲ့ပြီဖြစ်၍လည်း အိတ်တစ်အိတ်ထဲထိုးထည့်ခံထားရ​​တော့သည်။ အိမ်တံခါးအ​ရှေ့သို့ ​ရောက်သည်နှင့်အချိန်တွင်​တော့ ခန္ဓာကိုယ်ကြီးက ထိန်းချုပ်နိုင်အောက်တွင်မရှိ​တော့သလိုမျိုးထိပါ ​အေးစက်​နေ​ကြောင်း ဝိန်းရိဖန် ခံစားမိလိုက်၏။ အခန်းတံခါးကိုဖွင့်​နေသည့်အချိန်တွင်​တော့ အကြည့်တစ်ချက်က ​ဘေးအခန်းသို့ အလိုလို​ရောက်သွားခဲ့​၏။

ကြည့်ရသည်မှာ မျက်​စောင်းထိုးအခန်းမှထိုလူကြီး ပြန်​ရောက်​သေးပုံမရ​ပေ။

ပုံမှန်ဆိုလျှင် ည နှစ်နာရီ သုံးနာရီခန့် နှစ်နှစ်ခြိုက်ခြိုက်အိပ်​ပျော်သွားသည့်အချိန်မျိုး၌ ရည်ရွယ်ချက်ရှိရှိဖြင့် မာန်ပါပါတံခါး​ခေါက်​နေသည့်အသံများအားကြားရ​လေ့ရှိကာ ညဥ့်နက်သန်း​ခေါင်ကြီးထဲတွင် ထိုတံခါး​ခေါက်​နေသည့်အသံများက မိုးခြိမ်းသံများကဲ့သို့ပင် ဆူညံအား​ကောင်း​နေခဲ့​သေးသည်။

ထို့​နောက်တွင်​တော့ သူ့အခန်းဆီသို့ ပြန်​​သွားခဲ့ပြီး မည်သည့်ကိစ္စမှ အထူးတလည်မဖြစ်သွားသလိုပင်။

​တော်​တော် စိတ်အ​နှောက်အယှက်ဖြစ်ရပါသည့်တိုင် ​ဖြေရှင်းပစ်လိုက်ဖို့ရာလည်း ဘာမှမရှိသည့်အ​ခြေအ​နေမျိုး။

ဝိန်းရိဖန်က ဤကိစ္စအား အိမ်ခန်းပိုင်ရှင်ထံသို့ အကြိမ်ကြိမ်အ​ကြောင်းကြားထားပါ​သော်လည်း ​သေ​သေချာချာ​ဖြေရှင်း​ပေးထားပုံလည်းမရ။

အိမ်ခန်းတံခါးကို ​သော့ခတ်ပြီး​နောက် ဝိန်းရိဖန် ​​ရေ​နွေးတစ်အိုးတည်ရင်း ကျုံးစစ်​ချောင်ထံသို့ Wechat မှတဆင့်စာပို့လိုက်၏။

[ အိမ်ပြန်​ရောက်ပြီ ]

ကျုံးစစ်​ချောင်၏​နေအိမ်က 'ရှန့်အန်း' ရပ်ကွက်နှင့် အလှမ်း​ဝေးသဖြင့် ​မြေ​အောက်ရထား​ပေါ်၌သာ ရှိ​နေဆဲ ;

[ မြန်လှချည်လား....ငါ​တောင် ​ရောက်ဖို့မှတ်တိုင်နည်းနည်းလို​​သေးတယ် ]

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Onde histórias criam vida. Descubra agora