ပထမဆုံးနှင်းများ တစ်ကြိမ်တစ်ခါ ဖြတ်သန်းကူးလားသွားပြီးသည့်အခိုက်တွင် အပူဓါတ်များကို တစ်ပါတည်းသယ်ဆောင်သွားသည့်အလား နန်းဝူမြို့၏ဆောင်းရာသီက တစ်စစနှင့်ဝင်လာပြီး အအေးဓါတ်လွှမ်းလာခဲ့သည်။ အချိန်များစီးဆင်းသွားခဲ့သည်နှင့်အတူ စန်းရန်၏ဒဏ်ရာလည်း သက်သာလာခဲ့ကာ အမာရွတ်ရာရေးရေးလေးသာ ကျန်နေတော့သည်။
ဝိန်းရိဖန်က အမာရွတ်ပျောက်ကင်းနိုင်မည့်နည်းလမ်းမျိုးစုံကိုရှာဖွေကြည့်ပြီး ရက်ပိုင်းခန့် လက်တည့်စမ်းအသုံးပြုကြည့်လိုက်အခါ သူ့အမာရွတ်က အမှန်တကယ်လည်း မှေးမှိန်လာခဲ့သည်။
အချိန်ကာလမှာ သတိမထားမိလိုက်ပါဘဲ နှစ်ကုန်ခါနီးသို့ ရောက်လာခဲ့သည်။
အင်တာဗျူးကိစ္စအပြီး ဌာနသို့ ပြန်လာသည့်အခါ ဝိန်းရိဖန်သည် 'ကန်ဟုန်ယွမ်'၏ လျှပ်တပြက် စကားခေါ်ပြောခြင်းကိုခံလိုက်ရသည်။ အဓိကဆိုလိုရင်းမှာ ယခုနှစ်၏ နှစ်ပတ်လည်အခမ်းအနားက မကြာမီရောက်တော့မည်ဖြစ်၍ သူမ၏ကိုယ်ရေးရာဇဝင်ထဲရှိ ဆယ်နှစ်တာအက,လေ့ကျင့်ထားသည့်အတွေ့အကြုံအရ 'ချွမ်တ' သတင်းဌာနအုပ်စု၏ဂုဏ်ကိုဆောင်၍ သူမအား ဖျော်ဖြေမှုတစ်ခုလုပ်ပေးရန် တောင်းဆိုလာခြင်းဖြစ်သည်။
ဝိန်းရိဖန်က ကြိုတင်သိထားခြင်းမရှိသည့် ရုတ်တရက်ဆန်သောအခြေအနေကြီးကြောင့် ကြောင်အမ်းသွားရ၏။
"ဒါရိုက်တာ....ကျွန်မ ဆယ်နှစ်နီးပါးက,ခဲ့တာမှန်ပေမယ့် မက,ဖြစ်တော့လည်း ဆယ်နှစ်ပြည့်တော့မှာလေ"
'ကန်ဟုန်ယွမ်'က တပြုံးပြုံးလုပ်ရင်း ရေနွေးခွက်ကိုလှမ်းယူ၍ ;
"ကိစ္စမရှိပါဘူး ၊ ဘာမှမတတ်တာထက်စာရင် တတ်ထားတာက ပိုသာပါတယ်လေ ၊ ပြီးတော့ အားလုံးက အပျော်သဘောပဲလုပ်ကြတာပါ ၊ ဆရာတို့ဌာနထဲမှာရှိတဲ့ ကောင်မလေးငယ်ငယ်လေးတွေဆိုတာ လက်ချိုးရေလို့တောင်ရတယ် ၊ အားလုံးက သန်သန်မာမာယောက်ျားကြီးတွေချည်းပဲ ၊ ဘယ်သူကမှလည်း ကြည့်ပျော်ရှုပျော်ရှိကြတာမဟုတ်ဘူး"
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-