Chapter 8

650 56 0
                                    

ဆူညံသံများ​ဖြင့်အ​နှောက်ယှက်ခံလိုက်ရသည့် စန်းရန်က မျက်လုံးများကို ပျင်းတိပျင်းရွဲဖွင့်လာခဲ့ပြီး​နောက်...

သူမ၏မျက်ဝန်းများနှင့် ဆုံ​စေလိုက်၏။

​လေထုတစ်ခွင်လုံး ​အောင့်သက်သက်နိုင်လှသည့်အ​ငွေ့အသက်များ ဖုံးလွှမ်းသွား​တော့သည်။

စန်းရန်က စကားတစ်ခွန်းမဆို ၊ သူမကိုသာ တိတ်တိတ်ဆိတ်ဆိတ်လှမ်းကြည့်​နေပြီး ကြည်လင်​နေသည့်မျက်လုံးများက အိပ်ရာနိုးခါစဖြစ်​သော​​ကြောင့် အာရုံမစိုက်မိနိုင်​သေးသည့်ပုံစံမျိုးပင်။

သူ့မျက်ခုံးများက အလွန်တရာကိုမှ​ကျော့ရှင်းသည့်အထဲတွင်ပါသည်။မျက်ဝန်းအိမ်များကလည်း တိမ်စိုင်နှစ်ခုဖြစ်တည်​နေသည့်အလား ၊ မျက်ဝန်း​ထောင့်​လေးများ ​မြှောက်တက်သွားသည့်အခါတိုင်းတွင် အရာအားလုံးကို ဂရုမစိုက်​လေသည့် ခပ်စူးစူးရဲရဲအကြည့်များကို ​ဆောင်ကျဥ်းထား​လေ​သေးသည်။

ဤအခိုက်အတန့်တွင်။

ဝိန်းရိဖန်က ​နောက်စက္ကန့်ပိုင်းအတွင်း စန်းရန်ထံမှ 'ကြာပန်းဖြူ​လေး' ဆိုသည့်စကားလုံးနှင့်ပတ်သတ်ပြီး ခနဲ့တဲ့တဲ့လုပ်ပစ်လာ​တောမည်မှန်း ကြိုတင်ခံစား​နေမိခဲ့သည့်အချိန် ဝမ်လင်လင်က ​​ရှေ့​ပြေးဦး​ဆောင်လိုက်သဖြင့်

"မင်းတို့ချင်း သိ​နေကြတာလား"

စု​ဟောက်အန်း ;

"အင်း..အထက်တန်း​ကျောင်းတုန်းကသူငယ်ချင်း​တွေ"

ဝိန်းရိဖန်က ​ငေးကြည့်​နေမိသည့်မျက်ဝန်းများကို ရုတ်သိမ်းလိုက်ကာ စကားလမ်း​ကြောင်းလွှဲလိုက်ရန်အ​တွက် စကားဆို​တော့မည်အပြုတွင် ဝမ်လင်လင်မှ​နေပြီး

"ကြာပန်းဖြူ​လေးဆိုတာက​ရော ဘာကိုဆိုလိုချင်တာလဲဟင်..အချစ်ရဲ့သူငယ်ချင်းက အရင်က ရှောင်ဖန်ကို လိုက်ပိုးပမ်းခဲ့​ပေမယ့် မရလိုက်တာ​ကြောင့်မလို့လား"

စု​ဟောက်အန်းက ကိုယ်ချင်းမစာမနာ​အော်ရယ်ပစ်လိုက်၍

"မှန်ပါ့ မှန်ပါ့"

"...."

ဤနှစ်​ယောက် အတွဲဖြစ်​နေခြင်းမှာ မထူးဆန်းပါ​တော့​ချေ။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now