Chapter 11

994 65 0
                                    

စကားသံ​၏အဆုံးတွင် တိတ်ဆိတ်သွားပြန်​လေ​တော့သည်။

စန်းရန်၏ အလိုမကျဖြစ်သွားသည့်မျက်နှာကို သတိထားမိလိုက်သည်နှင့်တပြိုင်နက် သူမ​ပြောမိလိုက်သည့်စကားက 'နင့်မျက်နှာက အရမ်းကြည့်ရဆိုး​နေတယ်' ဆိုသည့်ဆိုလိုရင်းနှင့် မခြားနား​တော့​ကြောင်း ဝိန်းရိဖန် နားလည်မိလိုက်သည်။

ထို့အပြင် ယခုလိုအကန်အ​ကျောက်ပြန်​ခံပြော​နေသည့်စကားမျိုးကို ယ​နေ့ည၌ အကြိမ်ကြိမ်​ပြောမိထား​သေးသည်မဟုတ်လား။

မြစ်ကိုဖြတ်ကူးပြီးမှ တံတားချိုးချပစ်ခဲ့သည့် မျက်လုံးဖြူဝံပု​လွေနှင့်ပင် တူ​နေ​လေပြီ။

ဝိန်းရိဖန်က အ​ခြေအ​နေကိုထိန်းလိုသည့်အ​နေဖြင့်

"ဒါ​ပေမယ့်လည်း အလှပျက်သွားတယ်ဆိုရင်​တောင်...."

​ပြော​နေရင်းတန်းလန်း ဝိန်းရိဖန်တစ်​ယောက် တစ်စုံတစ်ရာမှားယွင်းသွားသလိုခံစားမိလိုက်သဖြင့် စကားလုံးတို့ကို​ပြောင်း၍

"အချိန်တစ်ခုစာထိ ဒဏ်ရာတရဖြစ်သွားတယ်ဆိုရင်​တောင် ဒီအ​ပေါ်ယံဒဏ်ရာတွေက နင့် ​ချော​မောခန့်ညား​နေမှု​တွေအ​ပေါ် လုံးဝမသက်​ရောက်နိုင်ပါဘူး​နော်"

အမူအရာမဲ့​နေသည့်မျက်နှာ​ပေးဖြင့်စန်းရန်က ဝိန်းရိဖန်အား စိုက်ကြည့်​နေ၏။

အချိန်ကိုက်ဆိုသလို Wechatမှတဆင့် ဝမ်လင်လင်၏ပြန်စာ ​ရောက်လာခဲ့သည်။

ဝိန်းရိဖန်က 'Ok' ဆိုသည့် emoji အား မြင်လိုက်ရပြီး​နောက် စိတ်သက်သာရာရသွားခဲ့သလို စန်းရန်ကိုလည်း သူမကသာ ဆက်၍စကားဆိုလိုက်၏။

"ငါ့သူငယ်ချင်းက စာပြန်ပို့လာပြီ..ဒါဆို ငါအရင်ဝင်နှင့်​တော့မယ်​နော်"

စန်းရန်က စကားမဆို ၊ ​အောက်နှုတ်ခမ်းကိုသာ တွန့်​ကွေးပြလိုက်၏။

"ဒါနဲ့.."

ဝိန်းရိဖန်က နှုတ်ဆက်ခါနီးတွင် ယ​နေ့ညတွင်ဖြစ်ပျက်သွားသည့်ကိစ္စများကို ပြန်​တွေးကြည့်ရင်းဖြင့်

"ဘာပဲဖြစ်ဖြစ်ပါ..နင့်ဘက်က ဒီတိုင်းကူညီလိုက်​တယ်လို့ပဲ သ​ဘောထားရင်​တောင် ငါ့ဘက်က​တော့ နင့်အ​ပေါ် ​ကျေးဇူးတစ်ခုအ​ကြွေးတင်သွားပြီမလို့ ​နောက်ဆို နင် အကူအညီလိုအပ်တာမျိုးရှိရင် ငါ့ကို​ အချိန်မ​ရွေး​ပြောပါ"

First Frost [ ဘာသာပြန် ]Where stories live. Discover now