Extra ( From book )

Start from the beginning
                                    

"ငါ့အစ်မ​ယောက်ျား ၊ နင့်အလှည့်ပဲ"

[ T/N ; စန်းကျစ်က ဝိန်းရိဖန်ကို သူ့အစ်မအရင်း​နေရာထားပြီး စန်းရန်ကိုကျ​တော့ သူ့အစ်မနဲ့ယူတဲ့ယောက်ျားအဖြစ် သတ်မှတ်တာပါ ]

စန်းရန်က စိတ်ထဲမထည့်သည့်အပြင် မျက်လုံးတစ်ချက်ပင့်ကြည့်၍ ;

"ဘာထုတ်လိုက်တာလဲ"

စန်းကျစ် ;

"သုံး"

"အို့...."

စန်းရန်က လက်ကို​မြှောက်လာပြီး ​လေးကဒ်တိတိ ​အေး​အေးလူလူပစ်ထုတ်လာ၏။

"နှစ်ဆ"

"....."

စန်းကျစ်၏မျက်လုံးများက မယုံကြည်နိုင်သလိုဖြစ်​နေပြီး သုံးစက္ကန့်နီးပါး​ကြောင်အပြီးသွားမှ အ​လောတလျင်ဖြင့် ;

"နံပါတ်'သုံး' ​နောက်တစ်ကဒ် ထုတ်တယ်ကွာ"

စန်းရန်က ပျင်းတိပျင်းရွဲဖြင့် ;

"အင်း....ငါသိသားပဲ"

သွမ့်ကျားရွှီက အသံထွက်​အောင်ရယ်လိုက်မိ​တော့၏။ ထိုရယ်သံမှာ မီး​လောင်ရာ​လေပင့်လိုက်သည့်အလား စန်းကျစ် ပို၍ပင် ​ဒေါသထွက်လာ၍ ;

"​ကော​ကောက ဘာရယ်တာလဲ ၊ မြန်မြန်သာ ကဒ်ထုတ်​!"

သွမ့်ကျားရွှီက မျက်ဝန်းများ​ကွေး​နေ​အောင် ပြုံးလိုက်ပြီး စန်းကျစ်၏​ခေါင်းအား အသာအယာပွတ်လိုက်၏။

"​အလှည့်ကျော်တယ်"

စန်းကျစ်က လက်ထဲကိုင်ထားသည့် 'ဘုရင်ကဒ်'ကို ငုံ့ကြည့်ပြီး အရင်ဆုံးသည်းခံထားလိုက်သည်။

"​ကျော်တယ်"

စန်းရန်က ထိုင်ခုံ​နောက်သို့မှီထိုင်လိုက်ပြီး တစ်ခဏတာ အကဲခတ်ကြည့်လိုက်၏။

စန်းကျစ် ;

"မြန်မြန်လုပ်"

စန်းရန်က ​ပေါ့​ပေါ့ပါးပါးဖြင့်

"ဒါဆို နံပါတ်'​လေး' "

"...."

စန်းကျစ် ထပ်၍သည်းညည်းခံထား​သေးသည်။

သွမ့်ကျားရွှီ ကဒ်မထုတ်လိုက်သည့်ကိစ္စမှာ စန်းကျစ်အတွက် ဤကစားကွက်က အနည်းငယ်ထူးဆန်းသလိုဖြစ်​နေမိသည့်တိုင် သိချင်စိတ်ကို တစ်ခဏထိန်းချုပ်ထားလိုက်၏။ နှစ်​ယောက်စလုံးက ​'ကျော်'သွားသည့်အတွက် သူမ ​တွေ​ဝေသွားပြန်ပြီး ဤကစားကွက်က ကဒ်မထုတ်လျှင်လည်း မဟုတ်ပြန်သလို ထို​ယောက်ျားနှစ်​ယောက်ထံ၌ ထုတ်လာနိုင်မည့်ကဒ်မျိုးမရှိ​လေသလား ဟူ၍လည်း သံသယဝင်မိသည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now