အချပ်ပို ၁၈ ဘောလုံးအသင်း

Start from the beginning
                                    

"ကြည့်လို့ကောင်းသားပဲ"

သုံးကောင်သားမှာ အ၀တ်အစားသစ်တွေ ချက်ချင်း သွားကြွားတော့သည်။ ဧည့်ခန်းတွင်တော့ မာကျောက် ကစားသံများ ကြားနေရသည်။ အခန်းထဲတွင် မာကျောက်စားပွဲခုံ နှစ်ခုံရှိကာ လူကတော့ ရှစ်ယောက် ရှိကာ သူတို့အတုံးလေးများကိုသာ စူးစူးစိုက်စိုက် နှင့် အသဲအမဲ ကြည့်နေကြသည်။ မသိသည့် သူသာဆိုလျှင်တော့ မိုးကုတ်စက်ဝိုင်း တစ်နေရာမှာ ဘေးဒုက္ခတစ်ခုခု ဖြစ်လို့ အသဲအသန် အကြံထုတ်နေတယ် ထင်ကြလိမ့်မည်။

ယူရှောင်းမိုကတော့ ဘာမှကို မတတ်နိုင်တော့ပေ။ သူတို့ကို မာကျောက်ကစားနည်း သင်ပေးလိုက်ကတည်းက စွဲကုန်သည်။ အင်တိုက်အားတိုက်နှင့် ကစားနေသည်မှာ နှစ်ရက်နှင့် တစ်ညတောင် ရှိနေတာတောင်မှ မလောက်သေးပေ။

ရှယ်ချူ၏ လက်ချောင်းလေးများက မာကျောက်အတုံးလေး တစ်ခုနားရောက်နေပေမယ့် သူမှားပစ်မိမှာကို ဝေခွဲမရ ဖြစ်နေသည်။ စားပွဲပေါ်တွင်လဲ အများအပြား ရှိနေပြီ ဖြစ်ကာ အဲဒိထဲက တစ်ခုက သူ့လက်၇ွယ်နေသည့် ဟာနှင့် ပုံစံတူသည်။ အခြားသော ပုံစံများမှာ သုံးပြီးသားပင်။ သူ့လက်ထဲမှာ ရှိနေတာက နောက်ဆုံးတစ်ခုပင်။ ရှုံးနိုင်ချေတော့ နည်းပါသည်။ နောက် သူက တစ်ခုကို ပစ်ချလိုက်သည်။

"မာကျောက်" ရှောင်ဟေးက သူ့လက်ထဲက ဟာတွေအကုန်လုံးကို အများမြင်ရအောင် ထုတ်ပြလိုက်တော့သည်။

ရှယ်ချူ အသက်ရှုကြပ်တောင် သွားသည်။ ဒီကောင်ကတော့ တွဲဖို့ စောင့်နေတာပဲ ပြီးတော့ အဲဒါကလဲ Thirteen Orphan hand ဖြစ်နေသေးသည် "မင်း ဘာဖြစ်နေတာလဲ။ ဒီလို အကွက်လေးနဲ့တောင် လောင်းရဲတယ်"

ရှောင်းဟေးက သူ့ကို ဘာမှ မဟုတ်သလို စိုက်ကြည့် ပေမယ့် သူ့အကြည့်တွေကတော့ "လိုက်ရဲရင် လိုက်ပေါ့ ငါကတော့ ရဲတယ်" ဟု ဆိုနေသည်။

သဖုန်းညံနှင့် မောက်ချူကတော့ စိတ်သက်သာရာ ရသွားသည်။ တော်သေးတယ် သူတို့အလှည့် မဟုတ်လို့ မဟုတ်ရင် လောင်းကြေးတွေ အများကြိး ရှုံးနေဦးမည်။ ရှောင်ဟေးက တကယ် ကို ရက်စက်ပြီး ပြတ်သားလျသည်။ ရှယ်ချူသာ သူကလက်ထဲမှာ စာသားအတုံး တစ်ခု ရှိနေလျှင်တော့ ရှောင်ဟေး နိုင်စရာ လမ်းမရှိတော့။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now