အချပ်ပို ၁၆ နိုင်ငံခြားမှာ အပန်းဖြေထွက်မယ်

1.3K 353 15
                                    

Chapter 729 (Extra 16) : Leaving the Country to Relax

အခန်း ၇၂၉ အချပ်ပို ၁၆ အနားယူဖို့ နိုင်ငံထဲက ထွက်သွားကြမယ်

ထိုညမှာ ယူရှောင်းမိုက မာမားယူကို အဖြေတန်းမပေးလိုက်ပေ။ ယူမိသားစုနှင့် တိတ်ဆိတ်စွာ ညစာ စားအပြီးမှာတော့ သူ ပြန်လာသည်။

မာမားယူ၏ သနားသွားအောင် လုပ်ကြတာက အောင်မြင်တယ်လို့ ပြောလို့ မရပေမယ့် သက်ရောက်မှုတော့ နည်းနည်းရှိသည်။ အနည်းဆုံးတော့ ယူရှောင်းမိုကို အလန့်ကြီး လန့်သွားစေသည်။ သူ့အမေ တကယ်လဲ နောင်တရနေပြီလို့ သူယုံကြည်ပေမယ့် အလွယ်လေးတော့ ခွင့်မလွှတ်ပေးနိုင်ဟု ခံစားရသည်။

သူ့အမေက ဆယ့်ရှစ်နှစ်လုံးလုံး လစ်လျူရှုတာ ခံရသည့် ခံစားချက်ကြီးကို ချက်ချင်းတော့ သူ မတွန်းလှန်နိုင်သေး။ သူက အကောင်းမြင်ဝါဒ ရှိသူ ဆိုရင်တောင်မှ ဒီအတိုင်းပဲ ဖြစ်မှာပင်။ အကောင်းမြင်ဝါဒ ရှိတာနဲ့ သဘောထားကြီးမယ်လို့ ဘယ်သူက ပြောလဲ။ သူ့စိတ်လဲ အင်မတန်မှ သေးသိပ်ပါတယ်။

ထိုနေ့ နောက်ပိုင်းမှာ သူ့ကို စဉ်းစားချိန်ပေးမယ်ဟု မာမားယူက သဘောတူလိုက်သည်။ အဲဒိနောက်လဲ သူ(မ)က ထပ်ပေါ်မလာတော့။ သူ(မ)အစား ယူပေါ်ကသာ ဆယ်နှစ်တာအချိန်ကို ပြန်အလျော်ပေးချင်သည့်အလား သူ့ရှေ့မှာ နေ့နေ့ညည ပေါ်ပေါ်လာတော့သည်။ အတော်ကို အလုပ်များပါသည် ဆိုသော ယူလူတောင်မှ သူတို့နှင့် ညစာ လာစားတာ တီဗွီလာကြည့်တာ၊ ဂိမ်းလာဆော့တာတွေ တစ်ခါတစ်ခါ လာလုပ်တတ်သေးသည်။ လူယူတစ်ယောက် အနောက်တိုင်း ၀တ်စုံကြီး ၀တ်ပြီးတော့ တီဗွီရှေ့မှာ စိတ်နှစ်ပြီး ဂိမ်းဆော့တာ မြင်တိုင်း ရယ်စရာကောင်းတယ်လို့ သူမြင်မိသည်။

ဒီ အစ်ကို နှင့် ညီအပေါ်မှာတော့ ယူရှောင်းမို အပြစ်အများကြီး မမြင်မိပေ။ ယူပေါ်နှင့် ယူလူတို့ ၏ တစ်ခုတည်းသော အမှားက သူတို့ သိထားတာကို မပြောပဲ ထိန်ချန်ထားတာ ဖြစ်သည်။ သို့သော်လည်း ဒီနှစ်ယောက်က သူ့အပေါ်တော့ တကယ်ကောင်းရှာပါသည်။

သူငယ်ငယ်တုန်းကဆိုလျှင် သူတို့ အမေ ယူရှောင်းမိုအပေါ် ဘာလို့ အေးစက်စက် ဆက်ဆံရသလဲဆိုတာကို သိသွားလို့ ထင်သည် သူတို့က အမြဲတမ်း သူတို့ နိုင်သလောက် နည်းလမ်းများ သုံးကာ ပြန်ဖြည့်ပေးကြသည်။ သူ့ကို ဂရုစိုက်ကြသည်။ အဲဒိအချိန်တုန်းတော့ သူတွေးမိတာက သူတို့က အကြံစိုးတွေ ရှိနေလို့ လို့ပဲ အမြဲတွေးမိသည်။ သူ့ကို တစ်ချိန်လုံး စနေဖို့ လုပ်တာဟုသာ တွေးမိသည်။ အခုမှသာ ဘာ့ကြောင့် ဆိုတာ သိရပြီး နောင်တများသာ ကျန်ရစ်တော့သည်။ သူ့ကို ငတုံးဟု ခေါ်ပြီး ဆူဆူတတ်သည့် ယူပေါ်ကိုလဲ မအံ့သြတော့ပေ။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now