အခန်း ၆၈၅ အယောင်ဆောင်

2.8K 551 17
                                    

Chapter 685 အယောင်ဆောင်

တိတ်ဆိတ်ငြိမ်သက်လှသည့် နယ်မြေတစ်ခုအတွင်းတွင်တော့ နယ်မြေအက်ကွဲကြောင်းက နေ့ရက်တိုင်း တစ်စတစ်စနှင့် တဖြည်းဖြည်း ပျံ့နှံ့လို့လာသည်။ ရေကန်အတွင်းမှ စိတ်စွမ်းအင်ရေ ဖွဲ့တည်မှုမှာလည်း သုံးပုံ တစ်ပုံအထိ ကျဆင်းလို့လာသည်။

နယ်မြေထဲကို မ၀င်လိုက်သည့် အချိန်လေး တစ်ခု အတွင်းမှာကို နယ်မြေထဲက ပြောင်းလဲမှုတွေက ဒီလောက်အထိ ပြောင်းလဲ သွားလိမ့်မည်ဟု ယူရှောင်းမိုလဲ မထင်ထားပေ။ ပထမတုန်းကတော့ အက်ကွဲကြောင်းက ကိစ္စကြီးကြီးမားမား မဟုတ်ဟု သူယုံကြည်ထားပေမယ့် အမှန်တရားကြီးက သူအကောင်းမြင်လွန်းတယ် ဆိုတာကို မီးမောင်းထိုးပြလိုက်သလို ဖြစ်နေသည်။ စိတ်စွမ်းအင်ရေကန်ရဲ့ ရေထွက်အားကို ကြည့်လျှင် သူ ဘယ်လောက်ပဲ ကြိုးစားပြီးတော့ စိတ်စွမ်းအင်ရေကို ချွေတာ သုံးပါစေ တစ်ရက်မှာတော့ ကုန်ခန်းသွားဦးမှာပင်။

ဒါကြီးကို စိတ်ပူရလွန်းလို့ ယူရှောင်းမိုမှာ ဆံပင်ဖြူတွေတောင် ထွက်လာသလိုလို။ ဒီနယ်မြေက သူ့ရဲ့ အသက်သွေးကြောလို့တောင် ပြောလို့ရသည်။ ဒါလေးသာ ပျက်စီးသွားပါက သူ့ဘ၀လေး ဘယ်လိုတောင် ဖြစ်သွားမလဲဆိုတာ မှန်းကြည့်ဖို့တောင် ခက်ခဲလွန်းတယ်။ မှော်ဆေးပင် တွေ အများကြီး ထုတ်မပေးနိုင်မှတော့ သူ ဘယ်လို အသက်ဆက်ရှင်ရမလဲ?

နယ်မြေရဲ့ ဖြစ်တည်မှုနှင့် သူအသားကျလွန်းသွားခဲ့ပြီ။

ယူရှောင်းမို စိတ်မကပ်ပဲ နယ်မြေထဲကနေ ထွက်လာသည်။ သူတို့ နန်းတော်ထဲမှာက အများအားဖြင့် ဗလာကျင်းနေတာ များသည်။ လင်းရှောက်ယီရော ထုံထျန်းဧကရာဇ်ရော နှစ်ယောက်စလုံး ဒီဒေသမှာ ရှိနေမှတော့ ပြင်ဆင်မှုတွေတွေ လုပ်ထားတာ ပိုသင့်တော်တာမို့ လင်းရှောင်က တစ္ဆေငိုညည်းတောင်ကလပ် ကို သွားနေရသည်။

သူ့ဘောလုံးအသင်းက လူတွေကလည်း ကောင်းချီးငါးဖြာစိတ်မျက်လုံးကို သူတို့တွေ ကျင့်ကြံလို့ရအောင် ဖွင့်ပေးလိုက်ကတည်းက ဒီကောင်တွေ နန်းတော်ထဲကို ပြေးပြီး ကျင့်ကြံဖို့ပဲ တွေးတော့သည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now