အချပ်ပို ၁၁ ပေါ်ကုန်ပြီ

2.1K 474 27
                                    

Chapter 724 (Extra 11) : Exposed

အခန်း ၇၂၄ အချပ်ပို ၁၁ ပေါ်ကုန်ပြီ

ယူမိသားစုနှင့် လီမိသားစုကြားမှ ညှိနှိုင်းဆွေးနွေးပွဲ ကို သန်ဒါကလပ်အကယ်ဒမီတွင် ကျင်းပလေသည်။

သန်ဒါကလပ်အကယ်ဒမီကို ပညာရှင်ပေါင်းများစွာ စောင့်ကြပ်နေကာ အားလပ်ရက်ကာလ ဖြစ်တာကြောင့် ကျောင်းတါင် ကျောင်းသားလုံးဝ မရှိပေ။ ထို့ကြောင့် တစ်စုံတစ်ယောက် မတော်တဆ ရောက်လာမည်ကို ပူနေစရာမလိုပဲ ဆွေးနွေးညှိနှိုင်းရန် အကောင်းဆုံးနေရာ ဖြစ်သည်။

လင်းရှောင်နှင့် ယူရှောင်းမိုက ယူမိသားစုဝင်များနှင့် ကားတစ်စီးတည်း စီးကာ သူတို့၏ လိုရာခရီးကို ဦးတည်ကြသည်။ သွားသည့် လမ်းတစ်လျှောက်တွင် သုံးကြိမ်တိုင်တိုင် အတိုက်ခိုက် ခံရပြီး ကျောင်းနားရောက်မှသာ ရပ်တန့်သွားတော့သည်။

ကားရောက်တာနှင့် ကျောင်းပေါက်ဝတွင်ပင် လီမိသားစု၏ ကိုယ်စားလှယ်များနှင့် တွေ့တော့သည်။ သူတို့ ဘာမှ မပြောခင်ပဲ တစ်ဖက်ဆီက ခနဲ့သံ ထွက်လာသည်။ “ဒီလောက်လူလေးကိုတောင် သတ်ဖို့ အကြိမ်ကြိမ်ကြိုးစားတာတောင်မှ မသတ်နိုင်ဘူး မကောင်းတဲ့လူတွေ အသက်ရှည်တယ်ဆိုတာ တကယ်မှန်တာပဲ”

သူပြောသည့် ပုံစံက ယူမိသားစုကို တိုက်ခိုက်သူက သူတို့လို လိုမျိုး အဓိပ္ပါယ်ကောက် လွဲစေနိုင်သည်။ ဒါပေမယ့် နောက်ကွယ်ကနေ အကြိမ်ကြိမ်တိုက်ခိုက်ပြီးတော့ အတိအလင်း ခွာပြဲမှတော့ လီမိသားစု အတွက် ဒါတွေက အရေးမပါတော့ပေ။ လုပ်ကြံဖို့ ကြိုးစားသည်က အစပျိုးတာပဲ ရှိသေးတာမျိုး ဆိုတော့ သူတို့ ရှင်းပြလျှင်တောင်မှ ယူမိသားစုက သူတို့ကို ယုံကြည်မှာမဟုတ်။ ဟို လူတွေကို သူတို့ လွှတ်တာမဟုတ်ဘူးတော့လဲ မပြောနေတော့ပေ။

ယူမိသားစု ဘက်က လှည့်ကြည့်တာ မြင်တော့ ပြောနေသည့်သူက ၀င့်ကြွားစွာ မေးက အပေါ်ကို ထောင်တတ်သွားသည်။

ယူရှောင်းမိုက အဲဒိတစ်ယောက်က တအံ့တသြ ကြည့်လိုက်မသည်။ ပြောသည့်သူမှာ ရုပ်သန့်သန့်နှင့် လူငယ်လေး တစ်ယောက် ဖြစ်နေသည်။ ယူရှောင်းမိုနှင့် ယူလူတို့နှင့် ယှဉ်ရင်တော့ သူရုပ်ရည်က နည်းနည်းတော့ မှိန်သွားတာပေါ့လေ။ ဘယ်ဟာက ဆိုးတာလဲ ဆိုတော့ သူက ယူညီအစ်ကိုနှင့် မကြာခဏ အနှိုင်းခံနေနေရတော့ သူတို့ကို မြင်တာနှင့်ကိုက်စားချင်လောက် အောင်ကို မုန်းနေတာ ဖြစ်သည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now