Chapter 681: Encountering Danger

3K 627 28
                                    

Chapter 681: Encountering Danger

လင်းရှောက်ယီ ရဲ့ စိတ်ထဲတွင် ဘာတွေ တွေးနေသလဲ ဆိုတာကို မှန်းမရနိုင်ပေ။ ရှေးသားရဲမျိုးနွယ်စု လေးခု၏ သွေး ရှိနိုင်ရန်အတွက် ပြောမရနိုင်သော အန္တာရယ်များစွာကို သူရင်ဆိုင်ခဲ့ရသည်။ ဒီအစီအစဉ် အကောင်အထည် ပေါ်လာစေရန်အတွက် သူနှစ်ပေါင်းများစွာ အကွက်ချ စီစဉ်ခဲ့ရသည်။

လင်းရှောင်ကို သူ ဖိနှိမ်ထားခဲ့ရခြင်း၏ အဓိက အကြောင်းပြချက်မှာလည်း ဒီအကြောင်းကြောင့်ပဲ ဖြစ်သည်။

လင်းရှောက်ယီ ကြယ်ခုနစ်ပွင့် ကျင့်ကြံဆင့်ကိုတောင် မရောက်ခင်ပင် ရှေးသားရဲမျိုးနွယ်စုများ အကြား အလေးအနက်ထား စဉ်းစားယူရသော ရှေးဒဏ္ဍာရီတစ်ခု အကြောင်း အမှတ်မထင် သိခဲ့ရသည်။ ရှေးသားရဲမျိုးနွယ်စု လေးခု အပေါ်ကို လွှမ်းမိုးနိုင်မည့် ရှေးသားရဲမျိုးနွယ်စု လေးခုလုံး၏ မျိုးဗီဇ ပါဝင်သည့် သူရဲကောင်းတစ်ဦး ကို ဖန်တီးဖို့ဆိုတာက မဖြစ်နိုင်တာမို့ ထို ဒဏ္ဍာရီ ကို လည်း မမှန်ကန်ဘူးဟု ထင်မြင်ကြသူ များစွာ ရှိသည်။

သို့သော်လည်း လင်းရှောက်ယီကတော့ ရှေးသားရဲမျိုးနွယ်လေးခု ကြားမှ ဒဏ္ဍာရီမှာ အမှန်တကယ် ဖြစ်ကြောင်းကို ရှေးဟောင်းကျမ်းစာ တစ်အုပ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။

ပထမတုန်းကတော့ သူသည်လဲ မယုံကြည်ပေ။ ကြိမ်ဖန်များစွာ စစ်ဆေးကြည့်ပြီးမှသာ ယုံကြည်ခဲ့ခြင်းဖြစ်သည်။ ထိုချိန်မှ စကာ ထို ကိစ္စက သူ့ရဲ့ ပန်းတိုင်လည်း ဖြစ်တည်သွားလေသည်။

အမြင့်ဆုံးဘုံကို သူ့ဘာသာသူ ထိုးဖောက်နိုင်သွားသည်ထက်ကို ရှေးသားရဲမျိုးနွယ်စုလေးခု ၏ အထက်မှာ ရပ်တည်ဖို့က ပိုမို လွယ်ကူသည်။ ရှေးသားရဲမျိုးနွယ်လေးခု ၏ သွေးဗီဇ ပါသူတိုင်းကိုလည်း အထက်ဘုံကို လက်ခံနိုင်ချေ များသည့် အတွက်လည်း အထက်ဘုံကို တက်လှမ်းနိုင်ဖို့ကလည်း ပိုပြီး အခွင့်အလမ်း များလာသည်။ ရင်းရမည့် အရာတွေ ရှိပေမယ့်လည်း ရွှေရောင်တဝင်းဝင်း ပန်းတိုင်ကို မြင်ရတော့ ဘေးက အန္တရာယ်များစွာကို လစ်လျူရှုလိုက်သူတွေ များသည်။

ထိုစဉ်ကတည်းက ရှေးသားရဲမျိုးနွယ် လေးခု၏ သွေးများကို စတင် စုဆောင်းခဲ့သည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now