အခန်း ၇၁၂ တိုက်ပွဲတော့ ပြီးသွားပြီ

2.3K 510 28
                                    

Chapter 712: The Fight was Over

မီးခိုးများ ပျယ်သွားသည်တွင် လင်းရှောက်ယီ၏ သွေးအလိမ်းလိမ်းနှင့် ကိုယ်ခန္ဓာသာ ကျန်ရစ်လေသည်။ သူ နှင့် မျက်နှာချင်းဆိုင်က လူအသွင်ပြောင်းကာစ လင်းရှောင်က သူ့ကို အေးစက်စက် စိုက်ကြည့်နေသည်။ သူတို့ နှစ်ဦးကို ယှဉ်ကြည့်မည် ဆိုလျှင်တော့ သူက ဘာမှကို မဖြစ်ခဲ့သည့် ဟန် ပေါ်လေသည်။

သမားရိုးကျ နည်းလမ်းမဟုတ်သည်များကို သုံးစွဲခြင်းမှာ တကယ့် နည်းလမ်းအမှန်မဟုတ်သလို မျိုးရိုးသွေးစဉ်များ ကွဲပြားခြားနားခြင်းကလည်း ယနေ့အချိန်လိုမျိုး အစွမ်းတန်ခိုးကွာခြား ခြင်းမျိုးကို ဖြစ်စေသည်။ လင်းရှောက်ယီ၏ ရှုံးနိမ့်ခြင်ကို ပြောရမည်ဆိုလျှင် လည်း ဒါ ကြိုတင် ခန့်မှန်းနိုင်သည့် ကိစ္စတစ်ရပ်ပင်။

လောက၏ စည်းမျဉ်းစည်းကမ်းများကို သူဆုပ်ကိုင်မိရသည်ဟု ထင်မြင်ယူဆရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာလည်း သူနှင့် လင်းရှောင်မှာ တစ်ပြိုင်နက် နီးပါး အဆင့်တက်မိခြင်းကြောင့် သာပင်။ လင်းရှောင်၏ အဆင့် တည်ငြိမ်သွားသည့် အခါတွင် ဤလောကကြီး၏ စည်းမျဉ်းများမှာ သူ့ဆီသို့ တဖြည်းဖြည်းချင်း ပြန်လည် သက်ဆင်းသွားသည့် အခါမှာတော့ လင်းရှောင်ယီမှာ လက်လွတ်ဆုံးရှုံးမှုများ ဖြစ်လာပြီး ပိုလို့တောင်မှ တစ်ဖက်စောင်းနင်း ဖြစ်လာတော့သည်။

အနန္တတန်ခိုးရှင် အဆင့်မှာလည်း အထွတ်အမြတ်အဆင့်တို့လိုပင် အဆင့်တစ်ခု အတွင်းမှာကို ကွဲပြားခြားနားခြင်းများ ရှိသေးသည်။ လင်းရှောင်က လင်းရှောက်ယီထက် ပိုမြင့်သည့် အတွက်ကြောင့် အကြီးမြတ်ဆုံး ဆိုသည့် နေရာကို ရရှိနိုင်တာကပင် လက်တွေ့ဘ၀၏ ရက်စက်မှုကြီး တစ်ရပ် ဖြစ်ပေတော့သည်။

“ဟား ဟား.. ဟား ဟား…” လင်းရှောက်ယီ၏ ရူးသွပ်တော့ မတတ် ရယ်သံကြီးမှာ သူ့ရဲ့ မာန်မာန ဂုဏ်ပလွှားမှုများ မပါတော့ပဲ ကံကြမ္မာ၏ မတရားမှု အပေါ် ဒေါသထွက်ခြင်းသာလျှင် ပါဝင်တော့သည်။

သူရဲ့ အပြာရောင် ၀တ်စုံမှာ သွေးများ စွန်းထင်းပြီး နီစွေးစွေးအဖြစ် ပြောင်းနေသလို တစ်ချိန်တုန်းက သူ့တွင် ရှိခဲ့ဖူးသည့် အားမာန်များမှာလဲ ဘယ်ဆီရောက်လို့နေမှန်းတောင် မသိတော့ပဲ သူ့ရဲ့ ဖရိုဖရဲ ဆံပင်ရှည်များနှင့် အဆက်မပြတ်သည့် ရယ်သံများက ဟိုး အောက်ဆုံးအဆင့် ငရဲပြည်မှ လွတ်မြောက်လာသည့် နတ်ဆိုးတစ်ကောင် အလားသာ ထင်ရစေတော့သည်။ သူ့ပါးစပ်မှ လျှံထွက်လာသည့် သွေးများမှာလည်း ရွှေရောင် အနည်းငယ်သာ စွက်တော့ပြီး ယုံကြည်ကိုးစားခြင်းများ တဖြည်းဖြည်းချင်း ပျောက်ကွယ်လာသလို သွေးများမှာလည်း မူလအရောင်သို့ ပြန်လည်ကူးပြောင်းလို့လာသည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now