အခန်း ၆၆၈ ကံလဲ ကောင်းတယ် ကံလဲ မကောင်းဘူး

2.9K 571 23
                                    

အခန်း ၆၆၈: Lucky and Unlucky

အထပ်မြင့် ပလာဇာကြီးထဲ ရောက်နေသော ဦးခေါင်းများက စာရင်းသွင်းရသော ယခင် သုံးရက်ထက်တောင် ပိုများသေးသည်။ အပေါက်သေးသေးလေးတွေကို ကြောက်တဲ့သူသာ ရှိလျှင် မတ်မတ်ရပ်နိုင်မှာတောင် မဟုတ်။

မှော်ဆရာ စုဝေးပွဲကြီးက ယနေ့တွင် တရားဝင်စတင်ပြီ ဖြစ်သည်။ ပါဝင်ဆင်နွဲသည့်သူတွေ အပြင်ကို လာကြည့်ကြသူများနှင့် လဲ ပြည့်ကြပ်နေသည်။ ရှောင်ယောင်တက္ကသိုလ်တောင်မှ ဒီလို အလုပ်များတဲ့ အချိန်မှာ လုပ်မယ့်သူ မလောက်လို့ ဗြောင်းဆန်နေကာ အခြားအဖွဲ့နှစ်ခုကိုပါ ကူပေးဖို့ အကူအညီတောင်းထားရသည်။

ယူရှောင်းမိုနှင့် လင်းရှောင်တို့က အဝင်ဝကတည်းက ကွဲသွားတာပင်။

အပေါက်ဝတွင် ဝင်ပေါက် နှစ်ခု ရှိသည်။ တစ်ခုက ပွဲကျင်းပမည့် နေရာကို ရောက်ပြီး နောက်တစ်ခုကတော့ ထိုနေရာ အပြင်မှ အကဲဖြတ်သည့် နေရာကို ရောက်လိမ့်မည်။

ဒိုင်လူကြီးကတော့ ဒီတစ်ခေါက် ငါးယောက်ရှိသည်။ သူတို့တွေကတော့ ရှောင်ယောင်တက္ကသိုလ်ရဲ့ နာမည်ကျော် ကျောင်းအုပ်ကြီး နှင့် အကြီးအကဲတစ်ယောက် ဖြစ်ကာ အခြားသုံးယောက်ကတော့ မှော်ဆရာအစည်းအရုံးနှင့် သားရဲအသွင်ပြောင်းအဖွဲ့ တို့မှ ဖြစ်သည်။ ကျုံးယဲ့နှ်င့ ချောင်ဝူရှင်းတို့၏ ဆရာများလဲ ပါဝင်သည်။

ပြိုင်ပွဲ စတင်ရန် ဆယ့်ငါးမိနစ်သာ လိုသည့် အချိန်တွင် ဒိုင်လူကြီး ငါးယောက်မှာလဲ နေရာအသင့်ယူပြီး ဖြစ်နေပြီ။

ယူရှောင်းမို အထဲ ရောက်ရောက်ချင်းပဲ ကျုံးယဲ့နှင့် ချောင်ဝူရှင်းတို့ကို ချက်ချင်းတွေ့ရသည်။ နှစ်ယောက်စလုံးက အစောကတည်းက ရောက်နေပြီး သူ့ကို အပေါက်ဝမှာ စောင့်နေတာပင်။ လူတွေ အများကြီး ဖြတ်သွားဖြတ်လာ လုပ်နေတာ တောင်မှ သူ ဝင်လာသည်နှင့် သူ့ကို ချက်ချင်း မြင်ကြသေးသည်။

“ရှောင်းမိုကော၊ ဒီမှာ”

ချောင်ဝူရှင်းအသံကို ကြားလို့ ယူရှောင်းမို လှမ်းကြည့်လိုက်တော့ သူ့ကို လက်ယပ်ပြနေသည်။ သူ့ဘေးမှာတော့ အေးစက်စက်အလှလေး ကျုံးယဲ့လဲ ရှိနေသည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now