အခန်း ၆၇၅

3.1K 553 17
                                    

အခန်း ၆၇၅ နောက်ဆုံးပွဲစဉ်

ယူရှောင်းမိုနှင့် ချောင်ဝူရှင်းတို့ မှော်ဆရာအစည်းအရုံးကို ပြန်ရောက်တာတောင်မှ လင်းရှောင်က ပြန်မရောက်သေး ဒါပေမယ့် သူတို့ နေဖို့ အခန်းကတော့ အသင့်ပြင်ပေးထားသည်။ သုံးယောက်သား အခန်းထဲ မှာတင် နောက်ပွဲစဉ်က ဘာဖြစ်နိုင်မလဲ ဆိုတာကို ဆွေးနွေးနေသေးတယ်။ တစ်နာရီလောက် ကြာတော့ မှပင် သူတို့တွေ ပြန်သွားကြသည်။

လင်းရှောင်ကို စောင့်ရင်း ကုတင်ပေါ်မှာတင် တရားထိုင်နေလိုက်သည်။ အပြင်ဖက်က ကောင်းကင်တစ်ခုလုံး မည်းမှောင် လာချိန်မှာတော့ သူ မနေနိုင်တော့ သန်းဝေလာသည်။ လင်းရှောင်ကလည်း ပြန်မလာသေး။ ယူရှောင်းမိုမှာ အိပ်ချင်စိတ်ကို ထိန်းမရပဲ စောင်ပျော့ပျော့လေးဆီကို နောက်ပြန်လဲကျပြီး အိပ်မောကျသွားသည်။

ညလယ်ခေါင်ကြီး တင်းတင်းကြပ်ကြပ် ပိတ်ထားသည့် တံခါးက ရုတ်တရုတ် ရှည်မျောမျောပွင့်သွားပြီး အရိပ်မည်း တစ်ခုက အိပ်ယာဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ အဲဒိက လူကို ငုံကြည့်ပြီး လက်တစ်ဖက်က သူ့ဆီကို ရွေ့ရွေ့နှင့် ကပ်သွားသည်မှာ စင်တီမီတာ အနည်းသာ လိုတော့သည်။

ဆတ်ခနဲ ဆိုသလို အရိပ်မည်း၏ လက်ကောက်ဝတ်ကို အခြားလက်တစ်ဖက်က လှမ်းဖမ်းက ထို့သူ့ နားတစ်ဖက် နားကနေ လေဝူးခနဲ တိုက်သွားကာ ခြေတစ်ဖက်က မြင့်တက်သွားကာ ထိုသူ၏ ခေါင်း ညာဖက်ကို ဦးတည်လိုက်သည်။ ထိတော့မည့် ဆဲဆဲမှာပဲ အရိပ်က သူ့လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်ကာ ဆတ်ခနဲ လှုပ်ချပြီးတော့ ယူရှောင်းမို၏ တိုက်ကွက်ကို တန်ပြန်တိုက်လိုက်သည်။ ယူရှောင်းမိုတော့ တစ်ဖက်လူပေါ်ကို လဲကျသွားပြီး တစ်ဖက်လူ၏ မာကြောကြော ရင်ဘတ်နှင့် ပြေးစောင့်တော့သည်။

ယူရှောင်းမိုမှာ နီရဲသွားသည့် နှာခေါင်းလေးကို အုပ်ရင်း မျက်ရည်တွေ ဝဲတက်လာကာ တစ်ဖက်သူကို အပြစ်တင်သည့် အကြည့်စူးနှင့် ကြည့်ပလိုက်သည်။

လင်းရှောင်က တစ်ဖက်သူကာ သူ့ကိုယ်ပေါ်ကို ဆွဲတင်ကာ ချော့သည့် အလား ပါးလေးကို အသာပွတ်ပေးရင်း ပြုံးလာသည်။ “မင်းက အရွယ်ရောက်တဲ့ ယောက်ျားတစ်ယောက် ဖြစ်နေပြီလေ။ ဒါလေးနဲ့ ငိုစရာလား? သူများတွေ မြင်ရင် မင်းကို ရယ်ကုန်မှာ”

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now