အချပ်ပို ၇ ယူမိသားစုအိမ်တွင်နေခြင်း

1.6K 383 11
                                    

Chapter 720 (Extra 7) : Staying at the You House

အပိုင်း ၇၂၀ အပိုငး်ပို ၇ ယူအိမ်တွင် နေထိုင်ခြင်း

နောက်နှစ်ရက် အကြာတွင် သန်ဒါကလပ် အကယ်ဒမီ ၏ မော်ကွန်းတိုက် အဖောက်ခံရလို့ ဆိုသော သတင်းသည် ပျံ့နှံ့ လို့ သွားလေပြီ။

ဖိုင်များအားလုံး အပျက်အစီးမရှိ မပျောက်ပျက် သော်ငြားလည်း ဘယ်သူမှ မသိရပါပဲ ဖောက်ဝင်သွားသည် ဆိုသည့်အချက်ကြောင့် သန်ဒါကလပ်မှ ခေါင်းဆောင်ပိုင်းများ မျက်နှာပျက်ရသည့် အတွက်ကြောင့် အကုန်လုံး စုံစမိး စစ်ဆေးကြရတော့သည်။

ထိုသတင်းကို ဂျွန်ဆန် ကြားလိုက်သည့် အခါတွင် သူ့ခေါင်းထဲ အတွေးတစ်ခု ဖြတ်ခနဲ ဝင်လာပေမယ့် သူ ခပ်မြန်မြန်ပဲ မဖြစ်နိုင်ဟု ဖယ်ထုတ်လိုက်သည်။ ဟိုနှစ်ယောက်က တော်တော်လေး အစွမ်းရှိတာကို သူ လက်ခံသော်လည်း သန်ဒါကလပ်အကယ်ဒမီ က ဘယ်လိုနေရာမျိုးလဲ နောက် မော်ကွန်းတိုက် ဆိုတာ ဘယ်လိုနေရာမျိုးလဲ ဆိုတာ သူသိသည်။ ဟိုနှစ်ယောက်က အစွမ်းရှိသည်ထားဦး ဒီကျောင်းက မြေခွေးအိုတွေကိုတော့ ဘယ်လိုမှ အရူးလုပ်နိုင်မှာ မဟုတ်ပေ။ သို့သော်လည်း ထနု နှစ်ယောက်က အဲဒိညက စခန်းအပြင်ဘက် မထွက်သည့် သက်သေက ရှိနေသည့် အတွက် သေချာပါက် သူတို့စနက် မဟုတ်။ ထို့နောက် သူ ဟိုနှစ်ယာက်ကို လှမ်းခေါ်လိုက်သည်။

တံခါးခေါက်သံ ထွက်လာသည့် အတွက် "ဝင်ခဲ့"

ယူရှောင်းမိုနှင့် လင်းရှောင် တို့ တစ်ယောက်ပြီး တစ်ယောက် အထဲ ဝင်လာကြကာ ပထမဆုံး အနေနဲ့ ချက်ချင်း မေးတာက "ခေါင်းဆောင် ဘာကိစ္စများရှိလို့ ခေါ်လိုက်တာလဲ"

ဂျွနိဆန်က သူတို့ကို ထိုင်ဖို့ လက်ဟန် ပြလိုက်ပြီး "မင်းတို့နှစ်ယောက် အတွက် အလုပ်ရှိတယ်"

"နှစ်ယောက်တည်းလား" ယူရှောင်းမိုက အံ့သြကာ ပြန်မေးလိုက်သည်။

ဂျွန်ဆန်က သူ့စားပွဲခုံပေါ်က ဖိုင်တစ်ခုကို ဆွဲထုတ်ကာ ကမ်းပေးသည်။ "မဟုတ်ဘူး ဒီတစ်ခေါက် အလုပ်က လုပ်ရမှာ ကျယ်ပြန့်လွန်းလို့ လူတွေ ခွဲခွဲပြီးတော့ လုပ်ရမှာ။ မင်းတို့လဲ သူတို့လိုပဲ ။ဒီမှာ အချက်အလက်တွေ ဖတ်လိုက်ရင် ဘာမှန်းသိသွားမယ်  "

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now