အချပ်ပို ၁၈ ဘောလုံးအသင်း

Start from the beginning
                                    

"အ၀ူး...." သတ္တုဝါးမြိုသားရဲက အော်ပြီးမှ ခုန်ချကာ သူ့အကျီလက်စကို ဆွဲကာ လှေကားဆီကို ဦးတည်သည်။

ယူရှောင်းမိုမှာ မတတ်သာတော့ပဲ သူသွားချင်တဲ့ အတိုင်း ဒုတိယထပ်ကို လိုက်ရတော့သည်။ နောက် အခန်းတစ်ခုထဲကို ဆွဲခေါ်သွားတာ့ အထဲမှာ ပင်ပေါင်ချူက အ၀တ်ပုံပေါ်တွင် လူးလိမ့်နေသည်။ သူတို့ ဘာလုပ်ချင်မှန်းကို သူမသိတော့။ အနားကို ရောက်တော့မှပင် ဒီအ၀တ်ပုံက သူတို့ အ၀တ်ပုံ ဖြစ်မှန်း သိကာ ရယ်မိတော့သည်။

သူ့ဘောလုံးအသင်းကလဲ ကမ္ဘာကို လာကတည်းက အားလုံးက ကမ္ဘာပေါ်ရောက်ရင် ကမ္ဘာက လူတွေလို ပြုကျင့်ရမယ် ဟု ဆိုကာ လူသားအ၀တ်အစားများ ၀တ်ဆင်တာမို့ ပီချူတို့ အပေါင်းအပါတစ်စုက လူသားအသွင်ပဲ ယူထားသည်မို့ လူသားပုံစံသာ ထွက်နေသည်။ သို့သော်ငြား သတ္တုဝါးမြိုသားရဲ နှင့် ပင်ပေါင်ချူ တို့ကတော့ လူသားပုံစံ မရသေးတာမို့ လူသားအ၀တ်အစားလဲ ၀တ်မရ ဖြစ်နေသည်။

သူတို့ သုံးကောင်က ဒါကို လက်မခံနိုင်ပေ။ ဘာပဲ ဖြစ်နေနေ သူတို့ အကျီဝတ်ချင်တယ် ဒါပဲ။

ယူရှောင်းမိုမှာ သူတို့ အတွက် အ၀တ်အစား အသေးလေးများကို အပ်ချုပ်အပ်ရတော့သည်။ အပ်ချုပ်ဆိုင်ကတော့ အရုပ် သို့မဟုတ် အိမ်မွေးတိရိစ္ဆာန်လေးတွေ ၀တ်ပေးဖို့ဟု ထင်ကာ ယူရှောင်းမို၏ ၀ါသနာ ကို အံ့သြပြီး ပြုံးရယ်တောင် နေသည်။

ဒီနေ့ ထိုအ၀တ်အစားများ ရောက်လို့လာပြီမို့ စောင့်ကို မစောင့်နိုင်တော့။

ယူရှောင်းမိုက အရင်ဦးဆုံး သတ္တုဝါးမြိုသားရဲအတွက် နက်ပြာရောင် ၀တ်စုံလေး ရွေးလိုက်သည်။ ဇစ်လေးနှင့် ဆွဲသားကို သုံးပြီး ချုပ်ထားတာ ဖြစ်သည့် အတွက် သူ့ခေါင်းသေးသေးလေးရယ် ခြေတွေ လက်တွေရယ် တင်ပဆုံလေးရယ် က လွဲရင် ကျန်တာ လုံသည်။ ပင်ပေါင်ချူရဲ့ အ၀တ်အစားတွေကတော့ ပိုရှုပ်သည်။ တော်တော်လဲ သေးသည်။ ယူရှောင်းမိုမှာ သူတို့ကို ကူဝတ်ပေးရတာနဲ့တင် မျက်စိစွေတော့မည်။ နာရီဝတ်လောက် ကြိုးစားလိုက်မှသာ အ၀တ်ဝတ်ခြင်းက ပြီးဆုံးသွားတော့သည်။ အကောင်ပေါက် သုံးကောင်၏ ပုံစံ ကြည့်ကာ သူ့မှာ သဘောတွေ ကျလို့ တခစ်ခစ်တောင် ရယ်မိသည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now