"ကျစ်ကျစ်"

"?"

စန်းကျစ်အတွက် ဤအမည်နာမ​ ခေါ်ဆိုခံရခြင်းမှာ သတိ​ပေး​ခေါင်း​လောင်းသံမြည်သည်နှင့် အတူတူပင်။ စန်းကျစ် ချက်ချင်း​ခေါင်း​မော့ကြည့်လိုက်ပြီး သတိကြီးကြီးထား၍ ;

"ကိုကို....ညီမ​လေးမှာ ပိုက်ဆံမရှိဘူး"

"...."

စန်းရန်က ​ဒေါသထွက်ထွက်ဖြင့်ရယ်လိုက်ပြီး ;

"ဘယ်သူက မင်း ပိုက်ဆံကို လိုချင်​နေလို့လဲ"

စန်းကျစ်က ဘာမှပြန်မ​ပြော​တော့ဘဲ ​အသံတိတ်ဖြင့်​နောက်သို့ ​ခြေတစ်လှမ်းဆုတ်လိုက်သည်။

"ကိုကို့ကို တစ်ခုကူညီ​ပေး"

စန်းရန်က အညင်သာဆုံးစကားဆို​နေရင်း ဝိန်းရိဖန် ရှိသည့်အရပ်သို့ စိတ်ရှည်လက်ရှည်ဖြင့်လက်ညှိုးထိုးပြ၍ ;

"ဟိုနားမှာရပ်​နေတဲ့ မမကို​တွေ့တယ်မလား ၊ အပြင်ဘက်မှာ စာအုပ်ဖတ်​နေတဲ့တစ်​ယောက်​လေ"

စန်းကျီက လက်ညှိုးထိုးပြသည့်အတိုင်း လိုက်ကြည့်ပြီး 'အင်း' ဟု ပြန်​ဖြေလာ၏။

စန်းရန်က ဆက်ပြီး

"ညီမ​လေးက အဲ့နားကိုသွားပြီး မမ ကို​ပြောလိုက် ၊ ညီမ​လေးရဲ့ကိုကို ကို ရှာမ​တွေ့​တော့လို့ဆိုပြီး..."

သူ့စကားမဆုံးခင် စန်းကျီစ်၏မျက်နှာက တဖြည်းဖြည်းနှင့်နီရဲလာသည့်အပြင် အမူအရာကလည်း လန့်ပြီးရှက်​သွေးဖြာသလိုမျိုး ဖြစ်လာသည်ကို စန်းရန် သတိထားမိသဖြင့် ;

"မင်းက ဘာလို့မျက်နှာ​တွေနီလာတာလဲ"

စန်းကျစ်က မျက်နှာကို ဖြတ်ခနဲအုပ်ပစ်လိုက်​သော်ငြား လက်​ချောင်းများကြားထဲမှ ဝိန်းရိဖန်ကို ခိုးကြည့်​နေဆဲ။ မျက်ဝန်းဝိုင်းဝိုင်း​လေးများက တလက်လက်​တောက်ပလာကာ ကသိက​အောက်နိုင်စွာဖြင့် စကားဆိုလာ၏။

"အဲ့မမက အရမ်းလှတာပဲ ၊ ညီမ​လေး..ညီမ​လေး သွားရမှာရှက်တယ်"

"...."

စန်းရန် ;

"မင်းက ရှက်ရ​​ကောင်းမှန်းလည်း သိ​သေးတယ်​ပေါ့"

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now