"ညီမ​လေးရဲ့အစ်ကိုက ဦး​လေးနဲ့အန်တီ စိတ်ဆိုး​​အောင် တစ်ခုခုလုပ်ထားလို့လဲ"

စန်းကျစ်က ပြုံးလိုက်ရင်းနှင့် ;

"ဟုတ်တယ် ၊ မမတို့ မလာခင် ​လွန်ခဲ့တဲ့​လေးနာရီ​လောက်ကတည်းက ​မေ​မေတို့ ကိုကို့​အ​ကြောင်းပွစိပွစိလုပ်​နေတာကို ညီ​မ​လေးနား​ထောင်​နေရတာ"

"...."

"နှစ်သစ်ကူးညစာ စပြင်တဲ့အချိန်ကတည်းက စ,ဆူ​နေတယ်ပဲ ဆိုပါ​တော့"

စန်းကျစ်က လက်​ချောင်းများ​ထောင်ကာ မိဘများ မ​ကျေမနပ်ဖြစ်​နေသည့် စန်းရန်၏လုပ်ရပ်များကို ​ရေတွက်ပြလာ၏။

"အိမ်ပြန်မလာဘူး ၊ ဖုန်းမဆက်ဘူး ၊ မက်​ဆေ့မပို့ဘူး ၊ အ​ခြေအ​နေကိုမ​ပြောပြဘူး ၊ ထမင်း​လေး​စားဖို့အတွက်ကို​တောင် ရှိခိုးဦးချမတတ် လိုက်​ခေါ်​နေရတယ် ၊ Blind Date သွားခိုင်းတဲ့အကြိမ်တိုင်းမှာလည်း တစ်ဖက်က မိန်းက​လေးကို ​​​ပေါက်ကရ​တွေ​ပြောပြီး မောင်းထုတ်..."

စကားမှားသွားမည်စိုး​သော​ကြောင့် စန်းကျစ်က ထပ်​ပေါင်း၍စကားဆိုလိုက်၏။

"ဒါ​ပေမယ့် မားက ကိုကို့အတွက် Blind date မစီစဥ်​ပေး​တော့တာ ကြာလှပြီ​နော်"

ဝိန်းရိဖန်က ဆက်၌​မေးလိုက်သည်။

"အန်တီက ဘာဖြစ်လို့ စန်းရန်အတွက် အမြဲတမ်း Blind date လိုက်စီစဥ်​ပေး​နေတာလဲ"

စန်းကျစ်က တစ်စက္ကန့်​လေးမျှပင် မစဥ်းစား​တော့ဘဲ ချက်ချင်းပြန်​ဖြေလာ၏။

"ညီမ​လေးအစ်ကိုရဲ့အကျင့်ကြီးကို ဘယ်သူက သည်းညည်းခံ​ပေးနိုင်မှာလဲ​လေ ဟုတ်တယ်မလား ၊ အဲ့ဒါ​ကြောင့်မလို့ ကြိုတင်ရှာ​ပေး​နေရတာ"

"...."

"ဒါ​ပေမယ့် ကိုကိုက မမကိုအရမ်းသ​ဘောကျတာ​တော့ ​သေချာတယ်"

စန်းကျစ်က မျက်ဝန်းများ​​ကွေးသည်အထိ ပြုံးလိုက်ကာ စိတ်ထဲ၌လည်း ထူးဆန်းသလိုဖြစ်​နေသည့်ကိစ္စအား ထုတ်​ပြောလာခဲ့သည်။

"ကိုကို ရည်းစားထားခဲ့တာမျိုးကို ညီမ​လေး တစ်ခါမှမမြင်ဖူးခဲ့​ပေမယ့် သူ ​ကြောက်​နေတာမျိုးကို​တော့ ပထမဆုံးမြင်ဖူးတာပဲ"

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now