ဝိန်းရိဖန်က နေရာ၌ငြိမ်ငြိမ်သက်သက်လေးထိုင်လိုက်ပြီး သူ ဆက်ပြောလာမည့်စကားများကိုစောင့်နေသေးပါသော်ငြား အတော်ကြာသွားသည်အထိ တစ်ခွန်းမှမဆို။ စန်းရန်က ပြောမည့်စကားကိုစဥ်းစားနေခြင်းဟုတ်မဟုတ် မသိသဖြင့် တစ်ခဏကထပ်၍စောင့်ပေးပြီးသည့်နောက်တွင်တော့ ;
"ငါ့ဖျော်ဖြေမှုနဲ့ပတ်သတ်ပြီး နင် ဘာမှမပြောတော့ဘူးလား"
"အရင်က ကိုယ့်ကိုပြောတော့ မင်း မက,နိုင်တော့ဘူးဆို"
စန်းရန်က ရေတစ်ခွက်ငှဲ့လိုက်ပြီး ဝိန်းရိဖန်၏အရှေ့၌ ချပေးကာ မျက်နှာထားက ခပ်တည်တည်ဖြင့် မှတ်ချက်ပြုပေးသည့်စကားမှာလည်း အနည်းငယ်ရွဲ့စောင်းနေသလိုလို။
"အခု က,သွားတာ တော်တော်လေး ကောင်းနေတာပဲလေ ၊ မဟုတ်ဘူးလား"
"ငါ အချိန်အကြာကြီးလေ့ကျင့်ခဲ့လို့လေ ၊ အဲ့ဒါတောင်မှ ကို့ယို့ကားယားဖြစ်နေသေးတာ"
"ဘယ်နားမှာများ ကို့ယို့ကားယားဖြစ်နေလို့လဲ"
စန်းရန်အနေဖြင့်တော့ ဝိန်းရိဖန်၏ အက,သတ်မှတ်ချက်အဆင့်များကို နားမလည်။ သူက လက်တစ်ဖက်ကို စားပွဲပေါ်တင်ကာ လက်ဖြင့်မျက်နှာကိုထောက်လိုက်ပြီး သူမအား တစ်ချိန်လုံးလိုက်ကြည့်နေလေသည်။
"ပြီးတော့ ရှိသေးတယ် ၊ ဆောင်းရာသီကြီးမှာ ဒီလောက်ပါးပါးလေးပဲဝတ်ပြီး က,နေတာ မအေးဘူးလား"
ဝိန်းရိဖန် ခေါင်းရမ်းပြ၏။
"လေပူပေးစက်ရှိတယ်လေ"
ထို့နောက်တွင် စန်းရန်က သူမ၏ အက,နှင့်ပတ်သတ်သည့်ကိစ္စအား ထပ်၍မဆိုတော့ပေ။
ဝိန်းရိဖန်၏စိတ်ထဲ ဤယောက်ျားက အတော်လေး အကြင်နာတရားခေါင်းပါးကြောင်း ရုတ်တရက်မှတ်ချက်ပြုလိုက်၏။ 'က,သွားတာ တော်တော်လေးကောင်းတယ်' ဆိုသည့် စကားတစ်ခွန်းကပင် အတော်လေးကောင်းမွန်သည့်မှတ်ချက်ဖြစ်ကြောင်း ကိုယ့်ကိုကိုယ်သာ နှစ်သိမ့်လိုက်တော့သည်။
ŞİMDİ OKUDUĞUN
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romantizmဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-
Chapter 83
En başından başla