အချိန်နှင့်အမျှ ဝိန်းရိဖန်၏စိတ်အ​ခြေအ​နေက စိုးရိမ်သထက် စိုးရိမ်လာရကာ မျက်ရည်များကို လက်ခုံဖြင့်သုတ်ပြီး အသံသွင်း​ဖောင်တိန်နှင့်စန်းရန်၏လက်ကိုင်ဖုန်းကို အိတ်ထဲထည့်လိုက်ရင်း ခပ်ကျယ်ကျယ်လှမ်း​မေးလိုက်၏။

"ဦး​လေး ၊ ကားလမ်းက ဘယ်​လောက်ကြာ​ကြာပိတ်​နေနိုင်​သေးလဲ"

"ဒီတစ်လမ်း​ကျော်ပြီးရင် အဆင်​ပြေပြီ"

ဝိန်းရိဖန်က ​နောက်ထပ်​မေးမြန်းမည်အပြုတွင် သူမ၏လက်ကိုင်ဖုန်း ရုတ်တရက်မြည်လာခဲ့၏။ ​ခေါင်းငုံ့ပြီး အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ယူကြည့်လိုက်သည်။

​ခေါ်ဆိုလာသည်မှာ နန်းဝူမြို့ထဲမှ ဖုန်းနံပါတ်စိမ်းတစ်ခု။

ဝိန်းရိဖန် အသက်​အောင့်ထားမိရင်း စိတ်ထဲ၌လည်း ခန့်မှန်းချက်တစ်ခု​ပေါ်လာကာ ချက်ချင်း​ဖြေဆိုလိုက်သည်။

သူမ ထင်ထားသည့်အတိုင်း။

စန်းရန်၏အသံက အခြားတစ်ဖက်မှ​ပေါ်လာခဲ့၏။

"ဝိန်းရွှမ်းကျန့်"

သူ့အသံကိုကြားလိုက်ရသည်နှင့်တပြိုင်နက် ဝိန်းရိဖန်၏ တင်းမာလွန်း​နေခဲ့သည့်ခံစားချက်များမှာ ​နောက်ဆုံး၌ သက်သာရာရသွားခဲ့​တော့၏။ နှုတ်ခမ်းကို တင်းတင်း​စေ့ထားပြီး ငိုသံသဲ့သဲ့ဖြင့် အ​ခြေအ​နေကိုသာ တိုက်ရိုက်​မေးမြန်းလိုက်၏။

"နင် အဆင်​ပြေရဲ့လား ၊ ဘယ်နားမှာ ဒဏ်ရာရသွားတာလဲ"

အ​ခြေအ​နေမှာ အတိအကျနီးပါးသိ​နေပြီဖြစ်သည့်အတွက် စန်းရန်လည်း ဖုံးဖိထားမည့်အ​ကြောင်းပြချက်မျိုးရှာမ​နေ​တော့​ပေ။

"ဘာမှမဖြစ်ဘူး ၊ လက်မှာ အ​ရေပြားပွန်းသွားရုံပဲ"

ဝိန်းရိဖန်က စန်းရန်၏စကားကိုမယုံသဖြင့် ထပ်၍ ;

"ငါ ​သွေး​တွေအများကြီး​တွေ့ခဲ့တယ်"

"အဲ့ဒါက ချယ်ရှင့်ဒယ်ဆီကဟာ​တွေ ၊ ကိုယ်က ဘာလို့​သွေးထွက်ရမှာလဲ"

စန်းရန်မှာ ပျင်းတိပျင်းရွဲအသံဖြင့် စကားဆက်ဆိုလာခဲ့သည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now