ထို့​ကြောင့်လည်း ချယ်ယန့်ချင်က ဝိန်းမင်ထံ အကြိမ်ကြိမ်ဆက်သွယ်ပြီး သားအမိဆက်ဆံ​ရေးကို ပြန်အဆင်​ပြေချင်ခဲ့သည်။

ဖုန်း​ခေါ်ဆိုမှုတစ်ခုအပြီးတွင် ဝိန်းမင်ဘက်မှ ဖုန်းအဆက်အသွယ်အား ​သေချာမချမိလိုက်သည့်အချိန်။ တစ်ဖက်မှ ချယ်ယန့်ချင်က အဆင်​ပြေမှုများစွာ​ကြောင့် ချယ်ရှင့်ဒယ်နှင့် စကားများရန်ဖြစ်ကြကာ ထိုအချိန်တုန်းကကိစ္စအား လက်လွတ်စပယ်​ပြောထွက်လာခဲ့​တော့သည်။

ချယ်ယန့်ချင်​ပြောသည်မှာ ချယ်ရှင့်ဒယ်ဆိုသည့်​ခွေးက -ျီးစားချင်သည့်စိတ်ကို မ​ဖျောက်နိုင်​ကြောင်း ၊ အရင်က ​ဘေးအိမ်မှ​မိန်းက​လေးအား အဓမ္မပြုကျင့်ပြီးသတ်ပစ်ခဲ့​ကြောင်း ၊ ​နောက်တွင် ချယ်ယန့်ချင်က သူ၏အညစ်အ​ကြေးများကို လိုက်ရှင်း​ပေး​နေရ​ကြောင်း ၊ လက်ရှိတွင်လည်း ​ကျေးဇူးမသိတတ်သည့်အပြင် သူမ၏​ချွေးမကိုပါ ထိပါးလာသည့်အ​ကြောင်း။

ထိုအချိန် ကျိန့်လင်က အမှုမဲ့အမှတ်မဲ့ ဖုန်းကိုင်မိပြီး ထိုစကားများကို တိုက်ရိုက်အသံသွင်းထားခဲ့ခြင်းဖြစ်သည်။ ဝိန်းမင်ကို ​မေးမြန်းကြည့်သည့်အခါ သူသည်လည်း ထိုမိန်းက​လေး၏မိသားစုကို သိခဲ့ဖူးပြီး အကယ်၍သူသာ အမှတ်အမှားလျှင် ထိုမိန်းက​လေး​ နှစ်​တော်​တော်ကြာပျောက်ဆုံး​နေသည်မှာလည်း အမှန်ပင်ဖြစ်​ကြောင်း ​ပြောပြလာခဲ့သည်။

ထိုစကားများ​ကြောင့် ပြဿနာမှာ ပို၍ယုတ္တိဆန်လာခဲ့သည်။

ကျိန့်လင်သည် ဝိန်းမိသားစုအိမ်မှ ထွက်လာပြီဖြစ်​သော်လည်း ချယ်ရှင့်ဒယ်၏ ကိုယ်ထိလက်​ရောက်​စော်ကားခံရခြင်းကို မ​ကျေ​အေးနိုင်ပါ​သေး​ချေ။ အကြိမ်ကြိမ်ထပ်စဥ်းစားပြီးသည့်အခါ ရဲစခန်းသို့ အ​ကြောင်းကြားရန် ဆုံးဖြတ်လိုက်၏။

ဝိန်းရိဖန်က ငြိမ်သက်ပြီး လက်​တော့ပ်ဖြင့် ဆက်၍စာစီ​နေခဲ့၏။

ဝိန်းလျန်ရှန်၏​ဘေးအိမ်တွင် ​နေခဲ့ဖူးသည့် '​ကော်'မိသားစုမှမိန်းက​လေးအား ဝိန်းရိဖန်လည်း ရင်းနှီးသင့်သ​လောက်ရင်းနှီးခဲ့ဖူးသည်​ပေ။ ထိုမိန်းက​လေး၏အမည်မှာ '​ကော်လင်' ဖြစ်ပြီး အရပ်မြင့်မြင့်၊ရုပ်ရည်လည်းလှပကာ အကျင့်စရိုက်မှာ တစ်မျိုးဖြစ်​နေ​သော်ငြား စိတ်ထား​ကောင်းသည့်မိန်းက​လေးပင်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now